Thursday, February 28, 2019

ငြိမ်းချမ်းရေးနဲ့ ရခိုင်ပြည်နယ်အရေး တရုတ်ကိုယ်စား လှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-28
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ၂၀၁၉ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံစဉ်

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ရခိုင်ပြည်နယ်အရေးတွေမှာ တရုတ်နိုင်ငံက ဆက်လက် ကူညီပံ့ပိုးနိုင်မယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်း ဂေါ်ရှန်းက နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မနေ့မနက်က နေပြည်တော်မှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်း စုကြည် ကို မစ္စတာ စွန်းဂေါ်ရှန်းကလာရောက်တွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ကြောင်း နိုင်ငံတော် အတိုင် ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုပုံစံမျိုး ကူညီပံ့ပိုးပေးသွားမလဲဆိုတာကို သိနိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ရေးဆို ခွင့်ရှိသူတွေကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

မစ္စတာ စွန်ဂေါ်ရှန်းဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံ နိုင်ရေး အစိုးရက ဆောင်ရွက်ထားတဲ့ လှဖိုးခေါင်ကြားစခန်း၊ ရွေဇားကျေးရွာနဲ့ မင်းကန်ကျေးရွာတွေကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က သွားရောက်လေ့လာခဲ့ပါတယ်။

တဆက်တည်းမှာပဲ မြန်မာနိုင်ငံကို မလာရောက်ခင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ရခိုင့်တပ်မတော် AA၊ တအာင်းပလောင်အဖွဲ့ TNLA၊ ကိုးကန့်အဖွဲ့ MNDAA အဖွဲ့ ၃ ဖွဲ့က ခေါင်းဆောင်တွေကိုလည်း မစ္စတာ စွန်ဂေါ်ရှန်း က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဇန်နဝါရီလ ကုန်ပိုင်းက တွေ့ဆုံဆွေးနွေးတာတွေရှိခဲ့ ပါ တယ်။

ဒါ့အပြင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ခေါင်းဆောင်တွေနဲ့လည်း KIA ဌာနချုပ် လိုင်ဇာမြို့မှာ သီးသန့် သွားရောက်တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စတွေကို သွားရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့လိုက်တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */