Friday, June 14, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအထူး ကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

မြန်မာ့အလင်းသတင်းစာ 
နေပြည်တော် ဇွန် ၁၃

မြန်မာ-အီးယူအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် အိုင်ယာလန်နိုင်ငံ ယခင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဥရောပသမဂ္ဂ၏ လူ့အခွင့် အရေး ဆိုင်ရာအထူးကိုယ်စားလှယ် မြ. နamသည Gငူာသမန အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင်နိုင်ငံခြားရေး ဝန် ကြီး ဌာန ၌ လက်ခံတွေ့ဆုံသည်။

အမြင်ချင်းဖလှယ်

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများ အောင်မြင်ရေး အတွက် အီးယူမှ အကူအညီပေးရေး၊ လူ့အခွင့် အရေးနှင့် အလုပ် သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုမြှင့်တင်ရေး၊ ရခိုင်ပြည်နယ်တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အစိုးရ၏ကြိုးပမ်းဆောင်ရွက်မှုများတွင် အီးယူမှ ဆက်လက်ကူညီ ပံ့ပိုးရေး၊ မြန်မာ-အီးယူအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး စသည့်ကဏ္ဍ များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တက်ရောက်

တွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ မြန်မာနိုင်ငံဆိုင်ရာ အီးယူ သံအမတ်ကြီး Mr. Kristian Schmidt နှင့် အီးယူကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */