" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စိုးရိမ်. Show all posts
Showing posts with label စိုးရိမ်. Show all posts

Tuesday, June 9, 2020

နယ်စပ်က တရားမ၀င် ၀င်လာသူတွေကြောင့် ကပ်ရောဂါ ကူးစက်မှာ ရခိုင်ဒေသခံတွေစိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
08 ဇွန်၊ 2020
ကိုနိုင်ကွန်းအိန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ခရိုင်အတွင်းက ဒုက္ခသည်စခန်းတခုမှာ တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တချို့။ (ဧပြီ ၀၈၊ ၂၀၁၉) 


COVID-19 ရောဂါဖြစ်ပွားနေဆဲကာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ရခိုင်ပြည်နယ် မောင် တောမြို့နယ်ဘက်ကို တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာတဲ့သူတွေကြောင့် ဒေသခံတွေ စိုးရိမ် နေရတဲ့ အခြေအနေအကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးပါ မယ်။

Wednesday, May 20, 2020

Amphan မုန်တိုင်းဒဏ်ခံရမယ့်အရေး ရိုဟင်ဂျာဒုက္ခသည် တွေ စိုးရိမ်နေ


VOA
ဗွီအိုအေ (မြန်မာဌာန)
20 မေ၊ 2020
ဇော်ထက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တချို့ (မေ ၁၅၊ ၂၀၂၀)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တချို့ (မေ ၁၅၊ ၂၀၂၀)အားကောင်း တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မိုးကြီး၊ မြေပြိုနိုင်ခြေ ရှိ တယ်လို့ ဒုက္ခသည်တွေ စိုးရိမ်နေကြတဲ့အကြောင်း ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်း ထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။

Tuesday, May 19, 2020

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မုန်တိုင်းကြောင့် စိုးရိမ်နေရ


လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများကျော်လွင်ဦး
2020-05-19


ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN) ဟာ နောက်နှစ်ရက်အတွင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ ကို ဖြတ်ကျော်တိုက်ခိုက်မယ်လို့ သတိပေးထားတာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။ အလားတူ စစ်ဘေးဒဏ်ကြုံနေရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာလည်း မုန်တိုင်းကြောင့် မိုးသည်းထန် စွာ ရွာ နိုင်တာကြောင့် ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက်လည်း ပူပန်စရာဖြစ်နေပါတယ်။

Saturday, May 16, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရလို့ စိုးရိမ်မကင်းဖြစ်နေကြ

SBS မြန်မာ
16 May 2020
A Rohingya refugee stands atop his makeshift shelter in Cox’s Bazar, Bangladesh. Source: Anthony Kwan/MSF
 
 ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းမှာရှိပြီး ကမ္ဘာ့အကြီးမားဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိလို့ စိုးရိမ်မကင်းမှု ဖြစ်နေကြပါတယ်။
 
ရိုဟင်ဂျာ ဒုက္ခသည်အယောက် ၁ သန်းနီးပါးရှိတဲ့ နေရာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက် အရေးပေါ် အဖွဲ့တွေက ထပ်မံကူးစက်ပြန့်နှံ့မှု မဖြစ်အောင် ကြိုးစားလုပ်ဆောင်နေကြပါတယ်။

Friday, May 15, 2020

ဘင်္ဂလားဒေ့ရှ်စခန်း ဗိုင်းရပ်စ်ကူးစက်မှု ဒုက္ခသည်များ အကြား စိုးရိမ်စရာဖြစ်လာ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ကျော်လွင်ဦး
2020-05-15

ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ် ကော့ဆက်ဘဇားဒေသမှာ မနေ့ကအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃၂ ယောက်ရှိပြီး အဲဒီအထဲက နှစ်ယောက်ဟာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ထုတ်ပြန်ထားပါတယ်။

အဲဒီ နှစ်ယောက်ထဲကမှ ရိုဟင်ဂျာတစ်ယောက်ဟာ မြန်မာနိုင်ငံက ထွက်ပြေးလာသူ တစ်ယောက်ဖြစ်တယ် လို့ UNHCR ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Louise Donovan က RFA ကို အတည်ပြု
ပြော ထားပါတယ်။ သူဟာ ကုတုပါလောင်ဒုက္ခသည်စခန်း အမှတ် ၁ အရှေ့ဘက် စခန်းက အသက် ၃၇ နှစ် အရွယ် အမျိုးသားတစ်ယောက် ဖြစ်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

Monday, May 4, 2020

ဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာတွေအကြား Bhasan Char ကျွန်းပို့မယ့်အရေး စိုးရိမ်မှုဖြစ်

VOA
ဗွီအိုအေ (မြန်မာဌာန)
05 မေ၊ 2020
မဆုမွန်
Bhasan Char ကျွန်း

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တချို့ကို ကမ်းရိုးတန်းဒေသကကျွန်းကို ပို့လိုက်တဲ့အပေါ် စိုးရိမ်မှု တွေနဲ့ ပတ်သက်လို့ မ ဆုမွန် ပြောပြပေးမှာပါ။

ပင်လယ်ပြင်မှာ သီတင်းပတ်နဲ့ချီ မျောနေခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကမ်းကပ်ခွင့်ပေးခဲ့တဲ့ ရိုဟင်ဂျာ တွေ ထဲက ၂၈ ယောက်ကို Bhasan Char ကျွန်းကို ပို့ဆောင်လိုက်တဲ့အတွက် ဒုက္ခသည်တွေကြား စိုးရိမ်မှု တွေ တကျော့ပြန် ထွက်ပေါ်လာကြတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox Bazaar က ဒုက္ခသည်စခန်းတွေမှာသိန်း နဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ စုပြုံနေထိုင် နေကြရတဲ့အတွက် ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် စိုးရိမ်မှု တွေ နဲ့အတူ အာဏာပိုင်တွေက Bhasan Char မှာ ပြောင်းရွှေ့ နေရာချထားဖို့ စီစဉ်နေပေမဲ့ ဒုက္ခသည်တွေ ကြား မှာတော့ ခက်ခဲတဲ့အခြေအနေနဲ့ မုတ်သုန်ရာသီ မုန်တိုင်းအန္တရာယ် စိုးရိမ်တဲ့အတွက် မသွားချင် ကြပါ ဘူး။

ကိုဗစ်နဲ့ မုန်တိုင်းရာသီ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခ သည်တွေ စိုးရိမ်

VOA  
ဗွီအိုအေ (မြန်မာဌာန)
04 မေ၊ 2020
မဆုမွန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ရှိ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တချို့ (ဧပြီ ၁၂၊ ၂၀၂၀)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID-19 ကူးစက်မှုတွေ ပိုတိုးလာနေတဲ့ အတွက် ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ် မှုတွေပို တိုးလာနေသလို မုတ်သုန်ရာသီဝင်လာတဲ့အတွက် ရေကြီးမြေပြိုအန္တရာယ်တွေအတွက် ပူပန်လာ 
နေ ကြတဲ့အကြောင်း ပြောပြချင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ဆက်ပေးပါမယ်။

Friday, March 20, 2020

ကိုရိုနာကူးစက်လာမှာကို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်း တွေက ရိုဟင်ဂျာတွေ စိုးရိမ်နေ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
မြန်မာဌာန | သတင်းများ
2020-03-20

လူ သိန်းနဲ့ချီနေထိုင်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူး စက် ခံရမယ့်အရေး စိုးရိမ်နေကြတယ်လို့ RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ဒုက္ခသည်တွေက ပြောပါတယ်။

အဲ့ဒီဒုက္ခသည်စခန်းတွေမှာ အင်တာနက်လည်းဖြတ်တောက်ထားတဲ့အတွက် ကိုရိုနာနဲ့ပတ်သက်တဲ့သတင်း အချက်အလက်တွေလည်းရဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

အပြည့်အစုံ RFA ဝိုင်းတော်သား စောဖိုးခွားက တင်ပြထားပါတယ်။

လင့်၊https://www.rfa.org/burmese/news/corona-and-rohingya-refugees-03202020122145.html
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */