လွတ်လပ်တဲ့ အာရှအသံ
2019-07-27
ရက္ခိုင့်တပ်တော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ဓာတ်ပုံ - ရက္ခိုင့်တပ်တော် - သတင်းနှင့် ပြန်ကြားရေးဌာန
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာအနီးမှာ တပ်မတော်နဲ့ AA တို့ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။
မနက် ၉ နာရီကျော်လောက်ကစပြီး လက်နက်ကြီးတွေနဲ့ပစ် သေနတ်တွေနဲ့ပစ်ခတ်သံတွေကြားရပြီး ရွာအ နီးနား ရောက်တဲ့အထိ တိုက်ပွဲဖြစ်ပွားနေလို့ နီးစပ်ရာရွာတွေဆီ ထွက်ပြေးလာကြရတယ်လို့ ကုလားမေ တာင်ရွာသားတွေက ပြောကြပါတယ်။