" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကုလသနဂ်ဂ. Show all posts
Showing posts with label ကုလသနဂ်ဂ. Show all posts

Saturday, September 17, 2022

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မြန်မာဘက်က လက်နက်ကြီးထပ် မံ ကျရောက်မှု ငြိမ်းချမ်းစွာမဖြေရှင်းနိုင်ရင် ကုလသမဂ္ဂထံ တိုင်ကြားမယ်လို့ ပြည်ထဲရေးဝန်ကြီး ပြော

B B C

ဘီဘီစီမြန်မာပိုင်း

2022-09-17


မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ထဲ လက်နက်ကျည်ကျရောက်ပေါက်ကွဲမှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေ ပြီး ဒီပြဿနာကို ငြိမ်းချမ်းစွာမဖြေရှင်းနိုင်ရင် ဘင်္ဂလားဒေ့ရှ်က ဒီကိစ္စကို ကုလသမဂ္ဂထံ တိုင်ကြားသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာ ၁၇ ရက်မှာ ဘီဘီစီဘင်္ဂါလီသတင်းဌာနထံ ပြောကြား လိုက်ပါတယ်။ 

ဒါ့အပြင် ခုလို လက်နက်ကျည်ကျရောက်လို့ ရိုဟင်ဂျာတစ်ဦး သေဆုံးရမှုအပေါ်ကိုလည်း သူက ပြင်းပြင်းထန် ထန် ကန့်ကွက်ရှုတ်ချပါတယ်။

ဒီနေ့ စက်တင်ဘာ ၁၇ ရက်မှာတော့နယ်စပ်အခြေအနေက တည်ငြိမ်အေးချမ်းနေပြီး ပစ်ခတ်သံတွေကြားရ တာ မရှိဘူးလို့လည်း ဘီဘီစီဘင်္ဂါလီသတင်းဌာနက ပြောပါတယ်။

ရိုဟင်ဂျာ ၄၀၀၀ ခန့် နေထိုင်နေတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာ ဒီ အသက် ၁၅ နှစ်အရွယ်ဆယ် ကျော်သက်ရိုဟင်ဂျာလူငယ်ဟာ မနေ့ စက်တင်ဘာ ၁၆ ရက် သောကြာနေ့နှောင်းပိုင်းမှာ မော်တော်ကျည်ဆန် ကျ ရောက်ထိမှန်လို့ သေဆုံးကြောင်း ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒဲလ်မိုဟာမက်က ပြောပါတယ်။ 

အခုဖြစ်စဥ်နဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က တုံ့ပြန်ချက်ကိုသိရဖို့ဘီဘီစီကလည်း ဆက်သွယ်မေးမြန်း ဖို့ ကြိုးစားနေပါတယ်။ 

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */