" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 20, 2023

ရခိုင်အခြေအနေ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ဖို့မသင့်တော် သေး (UNHCR)

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၀ မတ်၂၀၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း။ (နိုဝင်ဘာ ၁၆၊ ၂၀၁၈) 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အခြေအနေဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေပြန်ဖို့ အခြေအနေ မပေးသေးဘဲ ဘယ်ဒုက္ခ သည်တွေကိုမှ အတင်းအဓမ္မ မပြန်ခိုင်းသင့်ဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒီနေ့ ထုတ် ပြန်လိုက်ပါတယ်။ သတင်းအချက်အလက်တွေ သေချာသိတာပေါ်အခြေခံပြီး နေရင်းတိုင်းပြည်ကိုပြန် သွား ပိုင်ခွင့် ရိုဟင်ဂျာ ဒုက္ခသည်တွေမှာရှိတယ်လို့လည်း ကုလသမဂ္ဂက အလေးထားပြောလိုက်ပါတယ်။


ဒုက္ခသည်တွေပြန်ဖို့ စမ်းသပ်အစီအစဉ်အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေ ပါတယ်။ နှစ်နိုင်ငံအကြား ဆွေးနွေးပွဲမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက မပါဝင်ဘူးဆိုတာ ကိုလည်း ထုတ်ပြန်ချက်မှာပြောထားပါတယ်။

ရခိုင်အခြေအနေသတင်းပေါ်အခြေခံပြီး ပြန်မပြန် ဆုံးဖြတ်ရွေးချယ်နိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခွင့်အရေး အပေါ် လေးစားကြဖို့အရေးကြီးတာကိုလည်း ထုတ်ပြန်ချက်မှာ အထူး ပြောဆိုထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ သက်ဆိုင်ရာရပ်ရွာအသိုက်အဝန်းအတွင်း ပြန်လည် ပေါင်းစည်းဝင်ရောက်ရာမှာ ရေ ရှည်တည်တံ့နိုင်တဲ့ အိမ်အပြန်ခရီးမျိုးဖြစ်ဖို့ လိုအပ်တာကိုလည်း ကုလသမဂ္ဂက ထောက်ပြပါတယ်။ ရခိုင်ပြည် နယ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်နိုင်တဲ့ ရေရှည်တည်တံ့တဲ့အခြေအနေ ဖြစ်ပေါ်လာအောင် အားထုတ်ရာမှာ ကုလသမဂ္ဂက ပံ့ပိုးမယ်လို့လည်း ထုတ်ပြန်ချက်က ဆိုထားပါတယ်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */