Wednesday, January 16, 2019

မောင်တောမြောက်ပိုင်းတွင် လက်နက်ကြီးကျပြီး လူငယ် ၂ ဦးဒဏ်ရာရ

DVB · 
January 16, 2019

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ရန်အောင်မြင်ကျေးရွာမှာ ဒီနေ့ နေ့လယ်ပိုင်း က လက်နက်ကြီးကျပြီး နေအိမ်တလုံး မီးလောင်ကာ ဒိုင်းနက်လူမျိုး ရွာသား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်းက ရန်အောင်မြင်ကျေးရွာကို လက်နက်ကြီးကျရောက် မီးလောင်လို့ ရွာသူရွာ သားတွေဘုန်းကြီးကျောင်းသို့ထွက်ပြေးခိုလှုံနေရတယ်လို့ရန်အောင်မြင်ကျေးရွာသားတဦးကအတည် ပြုပြောကြား ပါတယ်။

“မနက်ပိုင်းက လက်နက်ငယ်သံတွေ ကြားတယ်။ ရွာအနီးကို လက်နက်ကြီးတလုံး ကျလာတယ်။ ဘယ်သူပစ်တာလဲ မသိပါ။ ရွာအစွန်က နေအိမ်တလုံး မီးလောင်သွားပါတယ်။ ညီအစ်ကို နှစ်ယောက် ဒဏ်ရာ ရပါတယ်။ အစ်ကိုဖြစ်တဲ့ မောင်ကျော်လှမှာ ဦးခေါင်းမှာ ဒဏ်ရာရရှိပြီး ညီဖြစ်သူ မောင်ကျော်နိုင်က ဘယ် ဘက်ပခုံး ဒဏ်ရာပြင်းထန်စွာ ရရှိသွားပါတယ်။”

မောင်ကျော်နိုင်ရဲ့ ဒဏ်ရာပြင်းထန်ပြီး သွေးထွက်တာများနေတဲ့အတွက် နည်းနည်းစိုးရိမ်ရတဲ့အကြောင်းနဲ့ ကရု ဏာ ကွန်ရက်ကကားနဲ့ ကြိမ်ချောင်းဆေးရုံကနေ မောင်တောပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးနေ တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေဟာ ဒိုင်းနက်လူမျိုး ဦးထွီ့မောင်ရဲ့သား ဒုတိယတန်းကျောင်းသား မောင်ကျော်နိုင် (၁၀ နှစ်) နဲ့ အစ်ကိုဖြစ်သူ မောင်ကျော်လှ (၁၈ နှစ်)တို့ ဖြစ်ကြပါတယ်။

ဗညား

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */