Monday, January 21, 2019

မြိုတိုင်းရင်းသားတစ်ဦး ဖမ်းဆီးခံရ

RFA
2019.01.21 
 ကျောက်တော်မြို့ အဝင်ကို တွေ့ရစဉ် (Photo: Min Thein Aung/RFA)
 
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မြိုတိုင်းရင်းသား ဦးထွန်းနု ကို ပြီးခဲ့တဲ့နှစ်ရက်လောက်က အမည်မသိ လက်နက်ကိုင်တစ်ဖွ့ဲက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ တယ်လို့ မြိုတိုင်း ရင်းသားတွေက ပြောပါတယ်။
ဇန်နဝါရီလ ၁၉ ရက်နေ့ကတည်းက လက်နက်ကိုင်တဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ်ပြီး ဒီနေ့အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဒေသမှာရှိတဲ့ အစိုးရ တပ် စခန်း ကို ဒေသခံတွေက မေးမြန်းစုံစမ်းရာမှာတော့ ဖမ်းဆီးထားခြင်းမရှိကြောင်း ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး AA နဲ့ တပ်မတော်ကို RFA က ဆက်သွယ်လို့မရသေးပါဘူး။

ဒီတောင်မင်းကုလားကျေးရွာဟာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေကြောင့် ယိုးချောင်းအထက်ပိုင်းကနေ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် မြိုတိုင်းရင်းသားတွေ ခိုလှုံနေတဲ့ ကျေးရွာဖြစ်ပြီး ဦးထွန်းနုဟာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူဖြစ်တယ်လို့ သိရပါတယ်။ မနေ့ကတော့ ကန်စောက်ရဲစခန်းမှာ လူပျောက်နဲ့ အမှုဖွင့်တိုင်တန်းထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */