" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, April 4, 2018

(04.04.2018 ) ဟင်းစားရှာ ထွက်သော မြိုတိုင်း ရင်းသူ အမျိုးသမီး တစ်ဦး အသတ်ခံရ ( အင်္ဂလိပ် - မြန်မာ )

ဟင်းစားရှာထွက်သော မြိုတိုင်းရင်းသူ အမျိုးသမီးတစ်ဦး အသတ်ခံရ

ဧပြီ ၄၊ ၂၀၁၈

ဟင်းစားရှာထွက်သော မြိုတိုင်းရင်းသူ အမျိုးသမီးတစ်ဦး အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။



သေဆုံးသူမှာ လေးမြို့ကေဒီကျေးရွာသူ ဒေါ်ဆောင်ရွေး (၄၀)နှစ်ဖြစ်ပြီး မောင်တောမြို့နယ် ခမောင်းဆိပ် ကျေးရွာ၌ ခေတ္တလာရောက် နေထိုင်သူဖြစ် သည်။ ၎င်းသည် ယနေ့နံနက် ၁၁ နာရီခန့်တွင် ခမောင်းဆိပ် ကျေး ရွာနေ မြိုတိုင်းရင်းသား/ တိုင်းရင်းသူ ၇ ဦးတို့နှင့်အတူ ဘော်တလာကျေးရွာဘက်သို့ ဟင်းစားရှာရန် ထွက်ခွာခဲ့ရာ မွန်းတည့် ၁၂ နာရီခန့်တွင် ဘော်တလာကျေးရွာ ရွှေဇံချောင်းအနီး၌ ဓားရှည်နှင့် သံတုတ်ကိုယ် စီ ကိုင်ဆောင်ထားသော အကြမ်း ဖက်သမား ၃ ဦးက လိုက်လံ ထိုးခုတ်ရိုက်နှက်သော ကြောင့် ခမောင်း ဆိပ် ကျေးရွာသို့ ပြန်လည်ထွက်ပြေးခဲ့ကြောင်း သိရသည်။

ပြန်လည်ထွက်ပြေးလာသည့် မြိုတိုင်းရင်းသား/တိုင်းရင်းသူ ၈ ဦးနက် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦးမှာ ကျေးရွာသို့ပြန်လည်ရောက်ရှိခဲ့ပြီး အမျိုးသမီး ၂ ဦးမှာ ပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် လိုက်ခံရှာဖွေခဲ့ရာ ဘော်တလာကျေးရွာအနီးတွင် ဒေါ်ဆောင်ရွေးအား ဦးခေါင်းပြတ်ရှဒဏ်ရာ ၄ ချက်ဖြင့် လဲကျသေဆုံးနေ သည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကျန်ပျောက်ဆုံးနေသည့် ဒေါ်မွေရွေး အား ဆက်လက်ရှာဖွေရာ ယနေ့ညနေ ၄ နာရီ မိနစ် ၅၀ တွင် အသက် ရှင်လျက် ပြန်လည်တွေ့ရှိခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီးလူသတ်မှုဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက် သမားများ အား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုများ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

----------------------------------------------------------------------------------------------------------------------------
                     One killed in terrorist attack on Mro ethnic villagers

April 4, 2018

One woman was killed and another woman injured yesterday when eight Mro ethnic villagers from Khamaungseik Village, Maungtaw Township, were attacked while on their way to catch fish by three armed men, authorities said.

Three men armed with machetes and iron rods attacked the villagers near the Shwezan Creek around 12 pm yesterday, police said. Six villagers, including three men and three women, ran away and managed to escape from the attack, but Daw Saung Shwe, 40, was found dead later with deep cuts on her head.

Another woman, Daw Hmwe Shwe, who was missing after the attack, was found alive at around 5pm.

Authorities said action will be taken against the terrorists. Police said prosecution will occur to the fullest extent of the law for the murder of the ethnic female villager.



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */