Monday, April 1, 2019

အမြောက်ဆံထိမှန်၍ ဒဏ်ရာရရှိသွားခဲ့သည့် မြိုလူ ငယ်နှစ်ဦး ဆေးရုံသို့ ပို့ဆောင်

နိရဉ္စရာ
သိန်းဇော်(မောင်တော)
နိရဉ္စရာ၊ဧပြီ ၁
အမြောက်ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည့် ဖက်ဝန်းချောင်းကျေးရွာမှ မြိုတိုင်းရင်းသား နှစ်ဦးကို ကျောက်တော်မြိုနယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ထိုအထဲမှာ မောင်မန်းထူးဆိုသည့် အသက် ၁၅ နှစ် အရွယ် ကလေးမှာ ဒဏ်ရာပြင်းထန်သဖြင့် ကျောက်တော်မြို့နယ် ဆေးရုံမှတစ်ဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင် လိုက် ရသည်ဟု သတင်းရရှိသည်။

ကျောက်တော်မြို့နယ်၊ ယိုးချောင်းဖျားရှိ ဖက်ဝန်းချောင်း ကျေးရွာမှ မောင်မန်းထူး (၁၅)နှစ် (ဘ) ဦးအောင် စိန်နှင့် ဇော်မင်း (၃၂)နှစ် (ဘ) ဦးမောင်မောင်တို့သည် သူတို့ နေအိမ်တွင် ရှိနေစဉ် ယနေ့ ညနေ ၃ နာရီ ခန့်က အမြောက်ကြီးကျည်ပေါက်ကွဲရာမှ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ဖက်ဝန်းချောင်း ကျေးရွာ သား တစ် ဦးက နိရဉ္စရာ သတင်း ဌာနသို့ပြောသည်။

“ မနေ့ကလည်း အမှတ် ၅၃၉ တပ်ရင်းက အမြောက်တွေနဲ့ ပစ်တယ်။ ပစ်တော့ ရွာနားမှာလာလာကျတယ်။ ဒီနေ့ အမြောက်ကြီး ပစ်တဲ့ အချိန်မှာ သူတို့ က ကိုယ့်အိမ်အောက်မှာ ကိုယ်စီ ရှိနေကြတယ်။ အိမ်နားမှာ လာကျပြီး ပေါက်ကွဲတော့ သူတို့ကို ထိသွားတာပါ”ဟု ၎င်းကျေးရွာသားကဆိုသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းဝင်းကိုဆက်သွယ်ရာ သူက “ မောင်မန်းထူးရဲ့လက် မောင်းအရိုးကို ထိသွားတယ်လို့ ကျောက်တော်ဆေးရုံ ဆရာဝန်ကြီးက ပြောပါတယ်။ ဒါကြောင့် အခု စစ်တွေဆေးရုံကို သူ့မိဘတွေနဲ့အတူ လူနာတင်ကားနဲ့ ယူလာပါတယ်။ မိဘတွေပြောတာက ကန် စောက် ၅၃၉ တပ်ရင်းကနေ ပစ်တဲ့ အမြောက်ကျည်လို့တော့ ပြောပါတယ်” ဟု ယနေ့ ညနေ ၆ နာရီက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

သူတို့ နှစ်ဦးကို ကျောက်တော်ဆေးရုံသို့ ကားဖြင့် ယူဆောင်လာသည့် ကျောက်တော်မြို့နယ် ဖြူစင် မေတ္တာ ပရဟိ တအသင်း ဥက္ကဋ္ဌ ကိုညီပုက “ ဒဏ်ရာရထားတဲ့ ကောင်လေးတွေနေတဲ့ အိမ်နှစ်ဆောင်က ရှေ့ဆိုင် ဖြစ်တယ်။ သူတို့အိမ်အောက်မှာရှိနေတုန်း လမ်ကြားထဲမှာ အမြောက်ကျည် လာကျတယ်။ အဲဒီကနေ ကျည် ဆံအပိုင်းအစတွေ သူတို့ကို လာထိတယ်။ မောင်မန်းထူးဆိုတဲ့ကောင်လေးမှာ ညာဖက် တံတောင်မှာ ပွင့် သွားတယ်။ နောက်တစ်ယောက် ဇော်မင်းဆိုသူမှာ ညာဖက်ခြေချင်းဝတ်မှာ ထိသွားတယ်။


ဒဏ်ရာပြင်း တော့ သွေးမတရားထွက်နေတယ်။ နှစ်ယောက်က တစ်ယောက်ကိုတော့ ဒဏ်ရာပြင်းတဲ့ အ တွက် စစ်တွေဆေးရုံကို ယူသွားရပါတယ်”ဟု ဆိုသည်။

ယိုးချောင်းအထက်ပိုင်း သလူချောင်းကျေးရွာ တောင်ဖက် ၃ ဖာလုံ- ၄ ဖာလုံခန့် အကွာတွင် မတ်လ ၃၁ ရက် နံနက် ၈နာရီခန့်လောက်မှ စပြီး မြန်မာ အစိုးရ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲ ပြင်းပြင်း ထန်ထန် ဖြစ်ပွားနေခဲ့ြ ပီး အမြောက်ကြီး ကျည်ဆံများလည်း ရွာအနီးတွင် ကျရောက် ပေါက်ကွဲမှုများ ရှိကြောင်း သလူချောင်းကျေးရွာ အရပ်လူကြီး တစ်ဦးကလည်း ပြောကြားသည်။

" မနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ဖက်ဝန်းချောင်းနဲ့ ခရုသစ်ရွာအကြား နောက်ကြောတောင်တန်းတွေနဲ့ တောင် ချိုင်တွေကို တိုက်လေယာဉ်နဲ့ သာမက ကျောက်တော်အခြေစိုက် ခမ၇ ၅၃၉ တပ်ရင်းကလည်း အမြောက်ကြီးတွေနဲ့ လှမ်းထုခဲ့ပါတယ်။ တစ်ချို့လက်နက်ကြီးကျည်တွေဟာ ရွာအနီးမှာ ကျရောက်ပေါက် ကွဲ ခဲ့တဲ့ အတွက် ကျေးရွာ သားတွေအနေနဲ့ ကြောက်လှန့်စိုးရိမ်ထိတ်လန့်ခဲ့ကြရပါတယ်” ဟု ၎င်းအရပ် လူကြီးက ပြောသည်

လက်နက်ကြီးများကျရောက်ပေါက်ကွဲမှုများနှင့် အတူ ဖက်ဝန်းချောင်းကျေးရွာအနီးတွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */