နိရဉ္စရာ
သိန်းဇော်(မောင်တော)
နိရဉ္စရာ၊ ဧပြီ ၁၁ / ၂၀၁၉
သိန်းဇော်(မောင်တော)
နိရဉ္စရာ၊ ဧပြီ ၁၁ / ၂၀၁၉
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လက္ကာရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ရွာသား ၄ ဦးနှင့် အောက် လေညှင်းတောင်ရွာမှ ရွာသား ၃ ဦးကို စစ်တပ်ကခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။
ခေါ်ဆောင်ခံရသူများမှာ လက်ရှိကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းမြင့် (၃၈) နှစ်၊ ဦးထွန်းစိန်လှ (၆၅) နှစ်၊ ဦးမောင်စောသိန်း (၅၇) နှစ်နှင့် ရွာပြင်တွင်သွားလာနေသူ ဦးထွန်းမောင်နုတို့ ဖြစ်ကြောင်း သူမက ပြော ကြားသည်။
ဦးထွန်းစိန်လှ၏ သမက်ဖြစ်သူက “ ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ ရွာက ပြန်အထွက်မှာ ခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။ ခေါ်ဆောင်သွားတာက ရွာရဲ့ အရှေ့ဘက် ဆနွင်းပန်းဆိုတဲ့ တောတောင်တွေ ရှိတဲ့ နေရာကို ခေါ်ဆောင်သွားတာပါ။ ခေါ်တာကတော့ လမ်းပြ အဖြစ် ခေါ်ဆောင်တယ်လို့ ပြောပါတယ်” ဟု ပြောသည်။
အလားတူ အောက်လေညှင်းတောင်ကျေးရွာမှ ခေါ်ဆောင်ခံရသူများမှာ ကျော်ဆန်းအောင်(၂၆) နှစ် (ဘ) ဦးအောင်သန်းထွန်း ၊ ကျော်နိုင်(၂၉)နှစ် (ဘ) ဦးမောင်သန်းမြနှင့် ဗမာအမျိုးသား တင်မိုးကျော် (ရဲထွက်) (၃၅) နှစ်တို့ ဖြစ်ကြောင်း လေညှင်းတောင်ရွာလူကြီး တစ်ဦးက ပြောကြားသည်။
“ တင်မိုးကျော်က အောက်လေညှင်းတောင်ရွာမှာ မိန်းမရနေတာပါ။ သူ့ဇနီးနာမည်က မဝင်းဝင်းလှိုင် ဖြစ်ပါ တယ်။ အခုသူတို့ကို ဘယ်ကို ခေါ်သွားတယ်ဆိုတာ သတင်းမရပါ” ဟု ၎င်းအရပ်လူကြီးက ပြောကြား သည်။
မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ ကျွန်တော်ဆီကို ဖုန်းနဲ့ အကြောင်းကြားတာ ရှိပါတယ်။ လက္ကာရွာက ၄ ဦးနဲ့ အောက်လေညှင်းတောင်ရွာက ၃ ဦးပါ” ဟု ပြောကြား သည်။

No comments:
Post a Comment