Friday, August 3, 2018

ကျောက်ဖြူရေနက်စီမံကိန်း အတိုင်းအဆ မြန်မာ လျှော့ချကုန်ကျစရိတ် ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီ ယံပြင်ဆင်သတ်မှတ်

စံတော်ချိန် 
By The Standard Time Daily 
August 3, 2018

နေပြည်တော်၊ သြဂုတ် ၂
 
ုမြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်၌ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်မည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း ကုန်ကျစရိတ် ကို မြန်မာအစိုးရက သိသိသာသာပြန်လည်လျှော့ချ၍ စီမံကိန်းအ တိုင်းအဆကို လည်း ချုံ့ပစ်လိုက်ကြောင်း ရိုက်တာသတင်းဌာနက သြဂုတ် ၂ ရက်တွင် ရေးသား တင်ပြ ထားသည်။
သီရိလင်္ကာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့မှ တရုတ်ရင်းနှီးမြှုပ်နှံမှု ကျော ထောက်နောက်ခံပြုပင်လယ်ရေနက် စီမံ ကိန်း များ နှင့်ပတ်သက်၍ ပေါ်ထွက်လာ သည့် ပြဿနာများကြောင့် မူလခန့်မှန်းကုန်ကျစရိတ် အမေရိ ကန်ဒေါ်လာ၇ ဒသမ ၃ ဘီလီယံရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းမှာလည်း မြန်မာနိုင်ငံ အတွက် စဉ်း စားစရာဖြစ် လာ ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် မြန်မာအစိုးရ စီးပွားရေး အကြံပေး ရှောင်တာနယ်တို့က ပြောကြားသည်။

ကျောက်ဖြူ ပင်လယ်ရေနက် ဆိပ်ကမ်းစီမံကိန်းအတွက် ပြန်လည်ပြင်ဆင်သတ်မှတ်လိုက်သည့် ကုန်ကျစ ရိတ်မှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖြစ်ပြီး ယင်းကုန်ကျစရိတ် ပမာဏမှာ မြန်မာနိုင်ငံ အတွက် လက်သင့်ခံနိုင်လောက်သော ကုန်ကျစရိတ်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည် ၏ စီးပွားရေးအကြံပေး ရှောင်တာနယ်လ်ကပြောကြား သည်။

အလားတူ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆက်အောင် ကလည်း မြန်မာအစိုးရအနေဖြင့် ကျောက် ဖြူ ပင်လယ် ရေနက်စီမံကိန်းအတိုင်းအဆကို သိသိသာသာလျှော့ချလိုက် ကြောင်း ရိုက်တာသတင်းဌာနသို့ ထုတ်ဖော်ပြောကြားသည်။

သို့ရာတွင် ကျောက်ဖြူပင်လယ် ရေနက်စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်ကြောင်း၊ ကျောက်ဖြူပင်လယ်ရေနက် စီမံကိန်းကို အဆင့်လေးဆင့်ခွဲထားရာ ပထမ အဆင့်စီမံကိန်း အတွက် အမေ ရိကန် ဒေါ်လာ ၁ဒသမ ၃ဘီလီယံ သုံးစွဲရမည်ဖြစ်ကြောင်း စီမံကိန်းကို အကောင်အထည်ဖော်မည့် တ ရုတ်နိုင်ငံပိုင် နိုင်ငံတကာရင်းနှီးမြှုပ် နံှမှုကော်ပိုရေးရှင်း(CITIC Group) က ပြောကြားထားသည်။

အလားတူ ကျောက်ဖြူပင်လယ်ရေနက်စီမံကိန်းနှင့် ပတ်သက်၍ တရုတ်နှင့်မြန်မာနှစ်နိုင်ငံ အကြားဆွေးနွေး ညှိ နှိုင်းနေဆဲ ဖြစ် ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနမှပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

မူလကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းရှိ သင်္ဘောဆိပ်ခံတံတား၁၀ခု ခန့်ပါဝင်မည်ဖြစ်သော်လည်း ပြန် လည်ပြင်ဆင်မည့် စီမံကိန်းတွင်မူဆိပ်ခံတံတားနှစ်ခုသာ ပါဝင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်ကပြောကြားသည်။

ကျောက်ဖြူပင်လယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် တရုတ်နိုင်ငံ၏ စင်္ကြံခါးပတ်ကွင်း လမ်းတစ်စင်းအစီအ စဉ်၌  အခရာကျသော စီမံကိန်းတစ်ရပ်ဖြစ်ပြီး တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက်အိန္ဒိယ သမုဒ္ဒရာထွက် ပေါက် လည်းဖြစ်သည်။

သို့ရာတွင်တရုတ် ချေးငွေများကို ပြန်လည်ပေးဆပ်ရေးအတွက် တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက် ထား သည့် ဟမ်ဘန်တိုဘာဆိပ်ကမ်းကို တရုတ်နိုင်ငံသို့ ၉၉ နှစ်အငှားချခဲ့ရသော သီရိလင်္ကာနိုင်ငံ၏ အတွေ့အကြုံအရ ကျောက်ဖြူပင်လယ်ရေနက် စီမံကိန်းကြောင့်အကြွေးထောင်ချောက်မိမည့် အရေးကို မြန်မာတာဝန်ရှိသူများက စိုးရိမ်ခဲ့ကြသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */