7DAY DAILY
ကျောက်ဖြူစီမံကိန်းသည် စီးပွားရေးအကျိုးအမြတ် အနည်းငယ်သာရှိပြီး အကြွေးထောင်ချောက်သာ ဖြစ်လာနိုင်သည်ဟု မြန်မာနိုင်ငံရေးသမားအချို့က သတိပေးသည်။ (ဓာတ်ပုံ − ELAINE KURTENBACH/ASSOCIATED PRESS)
မူလကစီစဉ်ထားသည့် ကုန် ကျစရိတ် ကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံတန်ဖိုးရှိသည့် စီမံကိန်းကို ၁ ဒသမ ၃ ဘီလီယံ ပမာဏတန်ဖိုး ရှိ စီမံကိန်းအဖြစ် အရွယ်အစား လျှော့ချနိုင်ရေး မြန်မာတာဝန်ရှိ သူများကတရုတ် အစိုးရပိုင် Citic ဦးဆောင်သည့် အုပ်စုနှင့် ဆွေး နွေးနေကြောင်း အဆိုပါဆွေးနွေး မှုနှင့် နီးစပ်သူများထံမှ သိ ရသည်။ရခိုင် ဒေသပြဿနာအပြီးတွင် အနောက်တိုင်း ရင်းနှီးမြှုပ်နှံသူများ က မြန်မာကို လက်ရှောင်ထား သော် လည်း တရုတ်အစိုးရ၏ ငွေ ချေးမှုအပေါ် မြန်မာကအားကိုး ရန် တွန့်ဆုတ်နေသည်ကို အဆိုပါ စေ့စပ် ညှိနှိုင်းမှုက ပြသနေသည်။
‘‘ကျွန်တော်တို့ အကြွေးထဲ မှာ မနေလိုပါဘူး’’ ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဒုတိယဥက္ကဋ္ဌ ဦးကျော် အေးသိန်းက ပြောကြား သည်။
တရုတ်သမ္မတစီကျင်းပင်၏ ပိုးလမ်းမကြီးရှေ့ပြေး အခြေခံဖွံ့ ဖြိုးမှုထဲက တစ်ခုဖြစ်သော အဆို ပါစီမံကိန်း၏ ကနဦးအစီအစဉ် သည် ငြိမ်သက်နေသော ကျောက် ဖြူမြို့ကို အဓိကရေနက်ဆိပ်ကမ်း တစ်ခုနှင့် စက်မှု ဇုန် အဖြစ် အသွင် ပြောင်းရန် ဖြစ်သည်။
ထိုသဘောတူညီချက်သည် ၂၀၁၅ ၌ ယခင်မြန်မာအစိုးရနှင့် တရုတ်နိုင်ငံကြားတွင် ရှေ့မတိုး သာ နောက် မဆုတ် သာ ရှိနေခဲ့ သည်။
ယင်းစီမံကိန်းရထားလမ်းက တရုတ်စက်ရုံများ၏ ထုတ်ကုန် များအား မလက္ကာရေလက်ကြား ကို ရှောင်ပြီး ဥရောပ၊ အိန္ဒိယနှင့် တောင်အာဖရိကသို့ လမ်းတိုတို ဖြင့် တင်ပို့စေနိုင်မည်ဖြစ်သည်။
ယခုအခါ မြန်မာက ထိုဆိပ် ကမ်းစီမံကိန်းကို သိသိသာသာအ ရွယ်အစား ချုံ့လိုနေသည်။ လို အပ်ပါက နောက်မှချဲ့ထွင်မည်ဟု တုံ့ပြန်ပြောဆိုသည်။
ပြန်လည်ပြင်ဆင်ချက်များ နှင့် ပတ်သက်ပြီး အဆုံးသတ်သ ဘောတူညီချက်ကို အောက်တို ဘာ (သို့မ ဟုတ်) နိုဝင် ဘာ၌ အ ဆုံးသတ်နိုင်မည်ဟု မျှော်လင့် ကြောင်း ဦးကျော်သန်းအေးကဆိုသည်။ ထိုအကြောင်း နှင့် ပတ် သက်ပြီး တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနက မှတ်ချက်မပေးပါ။
တရုတ် Citic အုပ်စု၏ ပြော ခွင့်ရသူဝန်ဖန်က အမြတ်ဝေစု ဖွဲ့စည်းတည်ဆောက်မှုနှင့် ငွေကြေး ပံ့ပိုးရေး အစီအ စဉ် များအပေါ် တရုတ်နှင့်မြန်မာအကြား ရှေးဦး သဘောတူညီချက်များ ရထားပြီး ပြီဟု ပြောကြား သည်။ သို့သော် အသေးစိတ်ကိုမူ ဆွေးနွေးဆဲဖြစ် သည်ဟုဆိုသည်။
မြန်မာက ဆိပ်ကမ်းစီမံကိန်း အရွယ်အစားကို လျှော့ချရန်တွန်း အားပေးခြင်းသည် အာရှ၊ ဥရောပ နှင့် နေရာ တိုင်းက အစိုးရများအ ကြားတွင် တရုတ်၏ စီမံကိန်း များနှင့် အကြွေးပြန်မဆပ်နိုင်သည့် အခြေအနေ ကို ကျရောက်စေ သည့် သူတို့၏အန္တရာယ်ကြီးသည့် ငွေကြေး လုပ်ထုံးလုပ်နည်းကိုစိုး ရိမ်မှုများ ထွက်ပေါ် လာနေ သည့် အချိန်လည်းဖြစ်၏။
မြန်မာ၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် လာအိုတွင် တရုတ် ပိုး လမ်းမ စီမံကိန်း၏ တစ်စိတ်တစ် ပိုင်းအဖြစ် ရထားလမ်းနှင့်ရေအား လျှပ်စစ် စီမံကိန်းများအတွက် တရုတ်ထံက ချေးယူမှုကြောင့် အ စိုးရ၏ အကြွေး သည် တိုင်းပြည် စီးပွားရေးအသားတင် ထုတ်လုပ် မှု၏ ၇၀ ရာခိုင်နှုန်းမြင့် တက်လာ နေသည်ဟု ဝါရှင်တန် အခြေစိုက် ပညာရှင်အဖွဲ့တစ်ခု၏ အဆိုအရ သိရ၏။
မေလကမှ အာဏာရလာ သည့် မလေးရှားဝန်ကြီးချုပ် မဟာ သီယာကလည်း စင်ကာပူသို့ အ မြန်ရထား လိုင်းအပါ အဝင် ထို တရုတ်တို့၏ အဓိကအခြေခံဖွံ့ဖြိုး မှု စီမံကိန်းများကို ရပ်နားလိုက် သည်။ ထိုစီမံကိန်း များသည် သူ့ နိုင်ငံကို အကြွေးနွံထဲနစ်စေသည် ဟုဆိုသည်။ တရုတ်က မလေးရှား သည် သူတို့၏အရေးကြီး သာ မ ဟာမိတ်ဖြစ်ပြီး နှစ်နိုင်ငံကြားဆက် ဆံရေးကို နှစ်ဖက်စလုံးက စောင့် ရှောက်ကာကွယ်ရန် လိုသည် ဟု ပြောကြားခဲ့သည်။
၂၀၁၁ တွင် ကန်ဒေါ်လာ ၃ ဒသမ ၆ သန်းတန်မြစ်ဆုံဆည် စီမံကိန်းကို ပြည်တွင်းက အပြင်း အထန်ကန့် ကွက်မှုကြောင့် မြန်မာ အစိုးရက ရပ်ဆိုင်းခဲ့သည်။ ထိုစီမံ ကိန်းကို မည်သို့ဆက်လုပ်မည်ကို သုံးသပ်နေ တုန်းဟု အစိုးရကဆို သည်။
ကျောက်ဖြူစီမံကိန်းသည် စီး ပွားရေးအကျိုးအမြတ်အနည်း ငယ်သာရှိပြီး အကြွေးထောင် ချောက်သာ ဖြစ် လာနိုင်သည်ဟု ယခုနှစ်နွေဦးရာသီ၌ မြန်မာနိုင်ငံ ရေးသမားအချို့ဆီက သတိပေး သံများ စတင် ထွက် လာ ၏။
ပြီးခဲ့သည့်နှစ်က သီရိလင်္ကာ နိုင်ငံရှိ တရုတ်သို့ ငွေကြေးပံ့ပိုး သည့် ဆိပ်ကမ်းမှာ ဖြစ်ပျက်ခဲ့ သည့်အတိုင်း အစိုးရအနေဖြင့် ဆိပ်ကမ်းထိန်းသိမ်းခွင့် ဆုံးရှုံးရ လိမ့်မည်ဟု သူတို့က သတိပေးခဲ့ သည်။

သီရိလင်္ကာဟမ်ဘန်တိုတာ ဆိပ်ကမ်းသည် သင်္ဘောကုန်ချမှု နည်းပါးခဲ့သဖြင့် အကြွေးများပြန် ဆပ်နိုင်ဖို့ အကျပ်အတည်းနှင့် ရင် ဆိုင်ခဲ့ရသည်။ နောက်ဆုံး၌ တရုတ်ကုမ္ပဏီသို့ ၉၉ နှစ်စာ ငှား ရမ်းရန် သဘော တူခဲ့ရသည်။
အဆိုပါ ကျောက်ဖြူဆိပ် ကမ်းက ချေးငွေများနှင့်ပတ်သက် ပြီး ဝေဖန်ခဲ့သည့်အကြံပေးဟောင်း တစ်ဦး ဖြစ် သည့် ဦးစိုးဝင်းသည် မေလက ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့နောက်တွင် စီမံကိန်း ကို လျှော့ချမှုများကို စတင်တွန်းအားပေးလာသည်ဟု နီးစပ်သူများကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးအဖြစ် ဆောင် ရွက်သူ သြစတြေးလျပညာရှင် ရှောင်တာ နဲလ်က လည်း သည်စီမံ ကိန်း၏ ငွေကြေးဆိုင်ရာအန္တရာယ် များကို သတိပေးထားသည်။
‘‘ပြဿနာက အရမ်းအရင်း အနှီးများတာပဲ’’
မြန်မာအစိုးရဘက်က ကြံ စည်နေသော သဘောတူညီချက် များအရ အစိုးရဘက်က သည်စီမံ ကိန်းမှာ ပါ ဝင်ပူးပေါင်းမှုက မြေပဲ ဖြစ်ပါသည်။ မြန်မာအစိုးရနှင့် ဒေသခံကုမ္ပဏီက ပူးပေါင်းအကျိုး အမြတ်ပိုင်ဆိုင်မှု ၃၀ ရာခိုင်နှုန်းကို ယူမည်။ တရုတ်ကုမ္ပဏီအုပ်စုက ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ် သည်။
ထိုအပြောင်းအလဲက သီရိ လင်္ကာနိုင်ငံကဲ့သို့ ဖြစ်ပွားမှုကိုကာ ကွယ်ပေးမည်ဟု ဦးကျော်အေး သိန်းက ဆို သည်။
၁၉၉၀ ပြည့်နစ်များကနေ ၂၀၀၀ ပြည့်နှစ်များ တောက် လျှောက် မြန်မာကို အုပ်ချုပ်ခဲ့ သော စစ်အစိုးရက သံတမန်ရေး ရော ထောက်ခံမှုနှင့် ရင်းနှီးမှုအ တွက် တရုတ်ကို များစွာအားထား ခဲ့ဖူးသည်။ ၂၀၁၁ တွင် အရပ်သား အစိုးရတက်လာသောအခါ အ နောက်နိုင်ငံများက မြန်မာအပေါ် အရေးယူပိတ်ဆို့မှုများ ရုပ် သိမ်းခဲ့ သည်။ စစ်တပ် နှင့်ပူးပေါင်းဆောင် ရွက်နေသည့် မြန်မာခေါင်းဆောင် သစ်များကလည်း ဘေဂျင်း တရုတ် အစိုးရကို စတင်ခွာလာခဲ့သည်။
‘‘တရုတ်ရဲ့ ငွေတွေကနှောင် ကြိုးတွေနဲ့ လာတယ်ဆိုတာ မြန်မာအစိုးရနားလည်လာတယ်။ ကိစ္စတွေ အ ဆင် မပြေလာတဲ့အ ချိန်ကျရင် သူတို့ရှင်းရမယ်’’ ဟု စတင်စွန်ဌာနမှ တရုတ်ရေးရာ ကျွမ်းကျင်သူ ယွန် ဆွန်က ပြော ကြား၏။
တရုတ်တို့၏ စစ်လက်နက် ကိရိယာများအပေါ် နှစ်ပေါင်းများ စွာ အားကိုးလာသည့် စစ်တပ်က လည်း လက် နက်တင်ပို့မှုကို စပြီး အမျိုးစုံဝယ်လာသည်။ ရုရှားက တိုက်ခိုက်ရေးဂျက်လေယာဉ်များ၊ အစ္စရေးက လက် နက်တင်သင်္ဘော များနှင့် ဘီလာရုစ်တို့၏ ဝေဟင် ပစ်ဒုံးကျည်များကို ဝယ်နေသည်။
သို့သော် ရခိုင်က ဘင်္ဂါလီ ပြဿနာတက်နေချိန် တရုတ်အ ပေါ် အားကိုးမှုကို လျှော့ချအောင် ကြိုးစားမှုက ပိုခက်ခဲလာသည်။ အမေရိကန်နှင့် အခြားအနောက် နိုင်ငံများက လူမျိုးရေး ရှင်းလင်း ရေးလုပ်နေသည်ဟု စွပ်စွဲပြီး မြန်မာကို အပြစ်တင်နေကြသည်။ ၂၀၁၅ နှင့် ၂၀၁၇ အကြားတွင် မြန်မာ၏ နိုင်ငံခြားက အတည်ပြု ပြီး သားရင်းနှီးမြှုပ်နှံမှုများ အား လုံး ၄၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ ကြောင်း တရားဝင်ထုတ်ပြန်ချက် များအရ သိရသည်။
မြန်မာအစိုးရသစ်အာဏာ လက်ခံယူစဉ်က အနောက်တိုင်း ရင်းနှီးမြှုပ်နှံမှု အတော်များများဝင် လာလိမ့် မည်ဟု သူထင်ခဲ့ကြောင်း နိုင်ငံ၏ အကြီးဆုံးဆောက်လုပ် ရေး လုပ်ငန်းကြီးကို ပိုင်ဆိုင်သူ ဦးခင်ရွှေက ပြော ကြား၏။
‘‘လက်တွေ့မှာတော့ ရင်းနှီး မြှုပ်နှံဖို့အတွက် သူတို့မလာပါ ဘူး။ ကျွန်တော်တို့မှာ တရုတ်က လွဲပြီး ဘယ်သူ မှမရှိဘူး’’
(The Wall Street Joutnal ဂျာနယ်ပါ Jon Emont MyoMyo Zhou Wei တို့ရေးသားသည့် Chi-nese Funded Port Gives My- anmar a Sinking Feeling ကိုလင်းလင်းက ဘာသာပြန်ဆို သည်)
Link : Here
No comments:
Post a Comment