Monday, June 17, 2019

လူမျိုးရေးခွဲခြားဆက်ဆံမှုတွေမလုပ်ဖို့ မြန်မာအစိုးရကို UN သတိပေး

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-06-17
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မွတ်စလင် ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ခွဲခြားဆက်ဆံတဲ့ မြန်မာအစိုးရမူဝါဒကြောင့် ပါဝင်ပတ်သက်မှု မဖြစ်စေဖို့ ရခိုင် ပြည်နယ်က ဒုက္ခသည်တွေကို ကူညီပံ့ပိုးမှု ရပ်ဆိုင်းထားမယ်လို့ ကုလသမဂ္ဂက မြန်မာအစိုးရကို သ တိပေးပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂက သတိပေးတဲ့စာကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ထံ ဇွန်လ ၇ ရက်နေ့မှာ ပေးပို့လိုက်တာဖြစ်ကြောင်း ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက RFA ကို အတည်ပြုပြောဆိုပေမယ့် စာမှာပါဝင်တဲ့ အကြောင်းအရာတွေကိုတော့ အသေးစိတ်ပြောဆိုဖို့ ငြင်းဆိုပါတယ်။

ကုလသမဂ္ဂရဲ့ သတိပေးစာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အရာအရှိတစ်ဦးကတော့ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ ပူး ပေါင်းဆောင်ရွက်နေတဲ့ လုပ်ငန်းတွေရှိပြီး အကူအညီရပ်ဆိုင်းမယ်ဆိုတဲ့ စာကိုပေးပို့ထားတာမရှိကြောင်း RFA ကိုပြောပါတယ်။

ကုလသမဂ္ဂနဲ့ လူသားချင်းစာနာထောက်ထားရေး လုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်းတွေအနေနဲ့ မြန်မာအစိုးရ က ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ အခြေခံကျတဲ့ ပြောင်းလဲမှုတွေ မရှိလာ ဘူးဆိုရင် အဲဒီဒုက္ခသည်စခန်းတွေအတွက် ပေးထားတဲ့ အကူအညီတွေထဲက အရေးတကြီး လူ့အသက် ကယ်တဲ့ အကူအညီတွေကလွဲပြီး ကျန်တဲ့ထောက်ပံ့ကူညီမှုတွေကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ထားတဲ့ အ ကြောင်း ကုလသမဂ္ဂရဲ့ သတိပေးစာမှာဖော်ပြထားတယ်လို့ လန်ဒန်ထုတ် The Guardian သတင်းက ရေး သားပါတယ်။

ပိတ်ပင်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ လွတ်လပ်စွာသွားလာခွင့်နဲ့ ပတ်သက်ပြီးလက်ဆုတ်လက်ကိုင် ပြနိုင်လောက်တဲ့ တိုးတက်မှုမျိုး ရှိလာမှသာ ကုလသမဂ္ဂအနေနဲ့ အကူအညီတွေ ဆက်ပေးသွားနိုင် မှာဖြစ်ပြီး လက်ရှိမြန်မာအစိုး ရရဲ့ မူဝါဒဟာ လူမျိုးရေးခွဲခြားမှုကို အမြစ်တွယ်စေတယ်လို့ ကုလသမဂ္ဂက ပေးပို့တဲ့စာထဲမှာ ရေးသားထားကြောင်း The Guardian သတင်းမှာ ဖော်ပြထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုရဲတိုက် နဲ့ ကိုကျော်ထွန်းနိုင် တို့ ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */