RFA
လွတ်လပ်တဲ့ အာရှအသံ
2019-08-13
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေကို AA အဖွဲ့က သတိပေးချက်ထုတ်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ဖေဖော်ဝါ ရီလ ၈ ရက်နေ့က ရခိုင်ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဝင်တွေအနေနဲ့ ရဲလုပ်ထုံးလုပ် နည်းတွေ ကို ကျော်လွန် မလုပ်ဖို့နဲ့ ရခိုင်ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်တာတွေမလုပ်ဖို့ သတိပေးထားကြောင့် AA အဖွဲ့ရဲ့ မနေ့က ကြေညာချက်မှာ ပါရှိပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
2019-08-13
မောင်တောမြို့နယ် ကျီးကန်းပြင်က အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူရုံးမှာ ကင်းစောင့်နေတဲ့ ရဲတပ်သားတွေကို ၂၀၁၇ ခုနှစ်ကတွေ့ရစဉ် Photo: Min Thein Aung/RFA
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေကို AA အဖွဲ့က သတိပေးချက်ထုတ်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ဖေဖော်ဝါ ရီလ ၈ ရက်နေ့က ရခိုင်ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဝင်တွေအနေနဲ့ ရဲလုပ်ထုံးလုပ် နည်းတွေ ကို ကျော်လွန် မလုပ်ဖို့နဲ့ ရခိုင်ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်တာတွေမလုပ်ဖို့ သတိပေးထားကြောင့် AA အဖွဲ့ရဲ့ မနေ့က ကြေညာချက်မှာ ပါရှိပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ AA ရဲ့ ကြေညာချက်ပါအချက်တွေကို ထပ်မံကျူးလွန်ရင် ပြတ်ပြတ်သားသား လုပ် ဆောင်သွားမယ်လို့ ရခိုင်တပ်တော် AA ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလိုပြောပါတယ်။
"ဒီလိုထုတ်ပြန်ချက်မျိုးက ဖေဖော်ဝါရီလ ၈ ရက်နေ့တုန်းကလည်းပဲ ကျွန်တော်တို့ တစ်ကြိမ်ထုတ်ပြန်ခဲ့ဖူး တာရှိတယ်၊ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ရဲတပ်ဖွဲ့ဝင်တွေဟာ ဗမာစစ်တပ်တွေနဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ပတ် သက် တဲ့ဟာတွေရှိတယ်၊ နောက်ပြီးတော့ ပြည်သူလူထုတွေကို မတရား ညှဉ်းပန်းနှိပ်စက်အနိုင်ကျင့်၊ နောက်ပြီးတော့ ဥပဒေမဲ့သတ်ဖြတ်တဲ့အမှုတွေမှာလည်း ပါဝင်ပတ်သက်နေတာတွေရှိတယ်၊ အဲတာကြောင့် မို့လို့ ဒီဟာတွေကို ရပ်တန်းကရပ်ဖို့ သတိပေးချက်ထုတ်ပြန်တာဖြစ်တယ်၊ နောက်တစ်ခုရှိတာက ရဲစခန်း တွေဟာ တချို့ဆိုလို့ရှိရင် ဗမာစစ် တပ်ရဲ့ စစ်ဆင်ရေးတွေမှာ အဓိက ဒီထောက်ပံ့ရေးလုပ်နေတဲ့ ရဲစခန်း တွေရှိတယ်၊ နောက်ပြီးတော့ လက်နက် ကြီးပစ်ကူပေးတဲ့စခန်းတွေအနေနဲ့ အသုံးပြုတာရှိတယ်၊ အဲတာ ကြောင့်မို့လို့ ကျွန်တော်တို့က ဒီဟာတွေကို ရပ်တန်းကရပ်ဖို့ ရဲလုပ်ငန်းကိုရဲလုပ်ဖို့အတွက် ဒါသတိပေးချက် ထုတ်ပြန်ရတာဖြစ်တယ်၊ သူတို့ ဘက်က ပြည်သူလူထုတွေအပေါ်မှာ ကျူးလွန်မတရားမှုတွေကို ရပ်တန်း ကမရပ်ဘူးဆိုရင် ပြည်သူလူထုကို ကာကွယ်တဲ့အနေနဲ့ကတော့ ကျွန်တော်တို့ဘက်ကတော့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေကို မလွှဲမသွေ လုပ်ဆောင်ဖို့တော့ရှိပါတယ်"
အချို့ရဲတပ်ဖွဲ့ဝင်တွေက သတိပေးတာကိုမလိုက်နာဘဲ တပ်မတော်ရဲ့ တပ်အပြောင်းအရွှေ့တွေ လက်နက် ခဲယမ်း အပြောင်းအရွှေ့တွေမှာ စစ်ကားတွေအစား အရပ်သားကားတွေ ရဲကားတွေနဲ့ တရုတ်ပြည်က လှူ ဒါန်းထားတဲ့ China Aid ကားတွေသုံးနေတာ၊ စစ်သားတွေက ရဲယူနီဖောင်းပြောင်းဝတ်ပြီး သွားနေတာ အပြင် မြန်မာ့တပ်မ တော် နဲ့ပေါင်းပြီး ရွာသူရွာသားတွေကို ဖမ်းဆီးတာတွေကို ထပ်မံပြုလုပ်နေတယ်လို့ AA ရဲ့ မနေ့ကကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
AA အနေနဲ့ ကြေညာချက်ထုတ်ပြန်သည်ဖြစ်စေ မထုတ်ပြန်သည်ဖြစ်စေ အရင်ကတည်းက ရဲကင်းစခန်း တွေ ကို ဝင်တိုက်တာ၊ ရဲတပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်တာနဲ့ သတ်ဖြတ်တာတွေ လုပ်နေတာဖြစ်လို့ လုံခြုံရေးကိုပုံမှန်အတိုင်း လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ပြောပါ တယ်။
"လုံခြုံရေးက နဂိုကတည်းကလုပ်နေတာပဲ ကျွန်တော်တို့က၊ သူတို့ကထုတ်ပြန်ပြန် မထုတ်ပြန်ပြန် ကျွန်တော်တို့ ရဲတွေအပေါ်မှာ ခုနလိုမျိုး ခြိမ်းခြောက်တာ သတ်ဖြတ်တာတွေ လုပ်နေတာပဲ၊ စခန်းတွေလည်း ဝင်တိုက်နေ တာပဲဆိုတော့ လုပ်လုပ် မလုပ်လုပ် ကျွန်တော်တို့ကတော့ လုံခြုံရေးက လုပ်နေရတာပဲ
ရဲတပ်ဖွဲ့အနေနဲ့ ရခိုင်ပြည်သူလူထုကို ထပ်မံဖမ်းဆီးနှိပ်စက်တာနဲ့ ရခိုင်အမျိုးသားလှုပ်ရှားမှုကို အနှောင့် အ ယှက်ပေး တာတွေ ထပ်မံမလုပ်ဖို့နဲ့ မြန်မာ့တပ်မတော်နဲ့ပူးပေါင်းပြီး စစ်ဆင်ရေးပြုလုပ်နေ တာတွေကို လည်း စစ်ရေးကိုစစ်ရေး နည်းနဲ့ တုံ့ပြန်သွားမယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် နယ်ကြားစောင့်တပ်အမည်ခံပြီး လက်နက်ခဲယမ်းနဲ့ ထောက်ပို့စခန်းတွေအဖြစ် သုံးစွဲနေတာအပြင် ရဲတပ် ရင်းစခန်းတွေကို လက်နက်ကြီးပစ်ကူစခန်းတွေအဖြစ် သုံးစွဲနေတာဟာ ရဲတပ်ဖွဲ့က မြန်မာ့တပ်မေတာ်ရဲ့ စစ်ဆင်းရေးကို ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ ခိုင်သုခကဆိုပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရခိုင်လူမျိုးရဲဝန်ထမ်းတွေအနေနဲ့လည်း တော်လှန်ရေးနဲ့ ရခိုင် အမျိုးသား အကျိုးစီးပွားကို ထိခိုက်စေမယ့် အပြုအမူအပြောဆိုတွေ လုပ်ဆောင်ခဲ့ပါက ခွင့်လွတ်ပေး မှာမဟုတ်ဘဲ တော်လှန်ရေးဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကြေညာချက်မှာ ထည့်သွင်း သတိပေးထားပါတယ်။
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ AA အဖွဲ့က စွပ်စွဲပြောဆို ချက်တွေဟာ အခြေအမြစ်မရှိတဲ့ ပြောဆိုချက်တွေဖြစ်ပြီး တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ ရဲတပ်ဖွဲ့ ဝင်တွေ အသုံးပြုတဲ့ပစ္စည်းတွေကို သုံးစွဲတာမရှိကြောင်း RFA ကို ပြောပါတယ်။
ရခိုင်တပ်တော် AA အနေနဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ လွတ်လပ်ရေးနေ့မှာ ဘူးသီးတောင်မြို့နယ်က ရဲကင်းစ ခန်း ၄ ခုကိုဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးခဲ့ပြီး မတ်လထဲမှာ ပုဏ္ဏားကျွန်းမြို့နယ်က ယိုးတရုတ်ရဲစခန်း ဝင်ရောက်တိုက်ခိုက်ရာမှာလည်း ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့သလို ဇူလိုင်လထဲမှာလည်း ဘူးသီးတောင်မြို့နယ် ညောင်ချောင်းနယ်ခြားစောင့်ရဲစခန်း AA ကထပ်မံတိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ပါတယ်။
Link : Here
No comments:
Post a Comment