VOA
ဗွီအိုအေ (မြန်မာဌာန)
29 နိုဝင်ဘာ၊ 2019
ကိုနိုင်ကွန်းအိန်
ဗွီအိုအေ (မြန်မာဌာန)
29 နိုဝင်ဘာ၊ 2019
ကိုနိုင်ကွန်းအိန်
ရခိုင်ပြည်နယ်အတွင်း ရေကြောင်းခရီးသွားလာမှုနဲ့ ကုန်ပစ္စည်းတင်ဆောင်မှု လုပ်ဆောင်ရင် AA ရခိုင် လက် နက်ကိုင် တပ်ဖွဲ့ကို အကြောင်းကြားဖို့AA ဘက်က မနေ့က သတင်းထုတ်ပြန်ထားတာပါ။ မြန်မာစစ် တပ် ဘက်ကနေ အရပ်ဘက် လှေတွေကို အသုံးပြုပြီး စစ်လက်နက် တပ်အင်အားတွေ တင်ဆောင်နေတဲ့ အခြေအနေကြောင့် ဒီလိုထုတ်ပြန်တာလို့ AA ဘက်က ပြောပါတယ်။ ဒီလိုရေကြောင်း ခရီးသွားလာမှုကို ကန့်သတ်လာတဲ့အတွက် ဒေသခံ လှေသမားတွေနဲ့ ကုန်သည်တွေက အခက်တွေ့နေတယ်လို့ ဆိုပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲဆက်လက် ဖြစ်ပွါးနေဆဲလည်း ဖြစ်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသ တင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲအရှိန်မြင့်လာနိုင်လို့ ရေလမ်းခရီးသွားလာမှုတွေအတွက် ရခိုင်လက်နက်ကိုင် AA အဖွဲ့က သတိပေးချက်ထုတ်ပြန်ခဲ့တာပါ။
သတိပေးချက် ထုတ်ပြန်ရတဲ့အကြောင်းကိုတော့ AA ပြောခွင့်ရ ခိုင်သုခက အခုလိုပြောပါတယ်။
“အခုက ဗမာစစ်တပ်ကနေပြီးတော့ သူတို့ရိက္ခာတွေ လက်နက်တွေ နောက်လူအင်အားတွေကို ပို့ဆောင် တဲ့ အခါမှာ စစ်သင်္ဘောတွေတောင်မကဘူးပေါ့။ ပြည်သူလူထုတွေပိုင်တဲ့အရပ်ဘက်စက်လှေတွေကိုပါ အသုံးပြုလာတဲ့ဥစ္စာကို တွေ့ရတယ်။ ခရီးသွားပြည်သူတွေအနေနဲ့နော် မလိုလားအပ်တဲ့ အထိခိုက်တွေ မဖြစ်ရအောင်လို့ ကျနော်တို့ ဘက်ကသတိပေးချက်ထုတ်ပြန်ရတာဖြစ်တယ်။”
ရေလမ်းခရီးသည် ပို့ဆောင်ရေးလုပ်ငန်းရှင်တွေ ကုမ္ပဏီတွေအနေနဲ့ သွားလာမဲ့ခရီးစဉ်၊ တင်ဆောင်လာတဲ့ ပစ္စည်း စာရင်းတွေကို အီးမေးလ်၊ ဗိုက်ဗာ၊ Skype တို့နဲ့ အကြောင်းကြားဖို့ကိုလည်း အသိပေးထားကြောင်း ခိုင်သုခက ပြောပါတယ်။
“ကျနော်တို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြည်သူတွေ အကြောင်းကြားရမဲ့ ဗိုက်ဗာနံပါတ်တွေ နောက်ပြီးလို့ရှိရင် အီးမေးလ်ရယ် နောက်ပြီးတော့ကျနော်တို့ Skype လည်း ပေးထားတာ ရှိတယ်။ သူတို့အနေနဲ့ အဆင်ပြေ သလိုပေါ့။ သင့်တော်တဲ့ ဥစ္စာနဲ့နေပြီးတော့ ကျနော်တို့ဆီကို အကြောင်းကြားပေးလို့ ရတယ်။ အရပ်သား နဲ့စစ်ဘက်ကို ကွဲကွဲပြားပြားသိ အောင်လို့ပေါ့ဗျာ။
ဒီလိုရေလမ်းခရီးကန့်သတ်လာတဲ့အပေါ် ဒေသခံ ခရီးသည်ပို့ဆောင်ရေးနဲ့ လုပ်ငန်းရှင်တွေအတွက် အခက်ခဲရှိ နေတာပါ။
AA ဘက်က ထုတ်ပြန်ထားတဲ့ ဆက်သွယ်ရမဲ့ လိုင်းတွေမသိရှိဘူးလို့ ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းရှင် တဦးက ပြောပါတယ်။
“ကျနော်တို့က AA ထုတ်ပြန်တာဆိုလို့ AA သတင်းဌာနက ဘယ်မှာရှိမှန်း မသိဘူးလေ ကျနော်တို့သွား တာက။ AA စခန်း ဘယ်သူ့ကိုသတင်းပို့ရမယ်ဆိုတာ တရားဝင်ဖွင့်ထားတာမှ မရှိဘဲ ကျနော်တို့က မသိ ဘူး လေ ပြည်သူ တယောက်အနေနဲ့။”
ကုလားတန်မြစ်ကြောင်းကိုသာ အမှီပြုနေရတဲ့ ချင်းပြည်နယ် ပလက်ဝမြို့က ကုန်သည်တဦးကတော့ ဒီ လိုရေလမ်းခရီး သွားလာမှု ကန့်သတ်လာတာကြောင့် ကုန်ပစ္စည်းသယ်ဆောင်ဖို့ အခက်တွေ့မယ်လို့ ဆိုပါတယ်။
“ပလက်ဝဒေသကတော့ ရေလမ်းကိုပဲ အသုံးပြုတာမ ျားတယ်။ အဲဒီလိုထုတ်ပြန်တယ်ဆိုတော့ သွားရေးလာ ရေးမှာ လုံခြုံရေး မရှိဘူးလို့ ပြောလို့ရမယ်ထင်တယ်။ သွားလာဖို့အဆင်မပြေ ကုန်စည်စီးဆင်းမှုမှာ အဆင် မပြေဘူး ထင်တယ်။
ရခိုင်လက်နက်ကိုင် AA ဘက်ကနေ ရေလမ်း ခရီးသွားလာမှုတွေအတွက် ကန့်သတ် ထုတ်ပြန်တဲ့အပေါ် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက အခုလိုပြောပါတယ်။
“ကျနော်တို့ကတော့ သူ့ထုတ်ပြန်ချက်ကို ဘာမှမှတ်ချက် မပေးလိုဘူး။ ကျနော်တို့ကတော့ ကိုယ်လုပ်စရာ ရှိတာ လုပ်မှာပဲ။”
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က တံတားစီမံကိန်းအတွက် ပစ္စည်းတွေ တင်ဆောင်လာတဲ့ အရပ်သားရေ ယာဉ် ၃ စီးနဲ့ လုံခြုံရေးလိုက်ပါလာတဲ့ တပ်မတော်ရေယာဉ် ၃ စီးတို့ကို နိဝင်ဘာ ၂၂ ရက်နေ့က ရခိုင်လက် ကိုင် AA အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တပ်သားတဦး ဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေဆဲ လည်း ဖြစ်ပါတယ်။
အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက မြောက်ဦးမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားနေဆဲလို့ ပြောပါတယ်။
“နှစ်ဘက် ထိတွေ့မှုတွေကတော့ ကျနော်တို့ ကျောင်းတောင်ပေါ့။ ပန်းမြောင်းရဲ့ အရှေ့ဘက်ခြမ်း။ ကျောင်း တောင်မြောက်ဘက်ခြမ်းမှာတော့ တိုက်ပွဲဖြစ်နေတာရှိတယ်။၃ ရက်လောက်ရှိပြီး။ ကျန်တဲ့ နေရာကတော့ အဲဒီလောက်ထိ မပြင်းဘူးပေါ့လေ။”
ရခိုင် AA ပြောခွင့်ရခိုင်သုခကတော့ မြောက်ဦး မြေပုံ ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြောပါတယ်။
“အဓိကကတော့ ကျောင်းတောင်ရွာရဲ့မြောက်ဘက်မှာရှိတဲ့ ပွိုင့် ၁၂၂ တောင်ကုန်းပေါ့နော်။ အဲဒီတောင် ကုန်းကို ဗမာစစ် တပ်ဘက်ကနေပြီးတော့ထိုးစစ်ဆင်တယ်။ ဆိုတော့ သူတို့ဘက်က လက်နက်ကြီးပစ် ကူ တွေကတော့ ပစ်တာရှိတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့ မှာ ရဟတ်ယာဉ် နှစ်စီးပေါ်ကနေ ရော့ကက်တွေ စက် သေနတ်တွေနေပြီးတော့ လာပစ်တာ ရှိတယ်။ တိုက်ပွဲကတော့ ပြင်းထန်တာပေါ့နော်။ ပြီးတော့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ မြေပုံမြို့နယ် ဒင်္ဂါ ရားနဲ့ စည်တောင် ရွာအကြားမှာ ဗမာစစ်တပ်ရဲ့ စစ်ကြောင်း တခုကို ကျနော် တို့ဘက်ကရီမုမိုင်းနဲ့ တိုက်ခိုက်ခဲ့တာရှိတယ်။ ပုဏ္ဏားကျွန်း မြို့နယ်ကြက်ချေးရွာရဲ့ အနောက်ဘက် ပေါ့နော်။ ကျနော်တို့ရဲ့လှုပ်ရှားစစ်ကြောင်း တခုကို ဗမာစစ်တပ်ဘက်က ထိုးစစ် ဆင်နေတာ အခု နှစ်ပါတ် ကျော် ရှိနေပြီပေါ့နော်။
ဒီလိုဖြစ်ပွားတဲ့တိုက်ပွဲမှာ နှစ်ဘက် ထိခိုက်မှု ရှိတယ်လို့ ခိုင်သုခက ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း AA စခန်းတွေကို မြန်မာစစ်တပ်ဘက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေ တာ ကြောင့် အခု ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေ ပြင်းထန်လာဖို့ရှိတယ်လို့ တပ်မတော်ဘက်က သတိပေးပါ တယ်။
လက်ရှိ ရခိုင်ပြည်မြောက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးသူ ၉၀ ဝန်းကျင် နဲ့ ထိ ခိုက် ဒဏ်ရာရသူ ၁၂၀ ကျော်လောက် ရှိခဲ့ပြီး ဖမ်းဆီးခံရသူ ၂၀၀ နီးပါး ရှိခဲ့သလို စစ်ရှောင်ဦးရေ ၉၀၀၀၀ ခန့် ရှိနေပြီလို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက စစ်တမ်းကောက်ယူထားပါတယ်။

No comments:
Post a Comment