စိုင်းဝဏ္ဏ 14 Mar 2019
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးအား ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- အီးပီအေ
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော တိုက်ခိုက်မှုများအတွင်း ရဲစခန်းများ၊ အရပ်ဖက် အာဏာပိုင်များနှင့် လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ရပ်တန့်ရန် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံး (အီးယူ)က မတ် ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နယ်မြေမတည်မငြိမ် ဖြစ်နေချိန်၌ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအား အေအေ အဖွဲ့က ထိုးဖောက် ဝင်ရောက်လာပြီးနောက် တပ်မတော်စစ်ကြောင်းများကို ထိပ်တိုက်ရင်ဆိုင်ခြင်းထက် နယ်မြေလုံခြုံရေး ရဲကင်းစခန်းများ နှင့် အရပ် ဘက်အာဏာပိုင်များကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
ထိုတိုက်ခိုက်မှုများကြောင့် ဒေသခံတိုင်းရင်းသားအများအပြား စစ်ဘေးဒုက္ခခံစားလာရပြီးနောက် မြန်မာနိုင်ငံဆိုင် ရာ ဥရောပသမဂ္ဂသံရုံး ၊ ဥရောပအဖွဲ့ဝင်နိုင်ငံ သံရုံးများ ၊ ကနေဒါ နှင့် နော်ဝေ သံရုံးတို့မှ သံရုံး အကြီးအကဲများက သတင်း ထုတ်ပြန်ချက်ကို မတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တောင်ပိုင်းတို့၌ အေအေ လက်နက်ကိုင်အဖွဲ့ နှင့် မြန်မာ့တပ်မတော်ကြား ဆက် လက်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများသည် အသက်အိုးအိမ် ဆုံးရှုံးနစ်နာမှုများနှင့် ဆိုးရွားသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေကို ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ ရဲစခန်းများ၊ အရပ် ဖက် အာဏာပိုင်များနှင့် လူပုဂ္ဂိုလ်များအား တိုက်ခိုက်မှုများကို ရပ်တန့်ရမည် ဖြစ်ကြောင်း၊၂၀၁၉ခုနှစ်၊ မတ် ၉ ရက်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ရဲတပ်ဖွဲ့ဝင် (၉) ဦးတို့ သတ်ဖြတ်ခံရခြင်း ကဲ့ သို့သော လုပ်ရပ်များသည် မည်သို့မျှ တရားမျှတမှု မရှိကြောင်း အထက်ပါ ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
ပြည်ထောင်စုအစိုးရအနေဖြင့် အေအေလက်နက်ကိုင်အဖွဲ့နှင့် ဆွေးနွေးမှုများပြုလုပ်ရန် လက်ခံကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးကလည်း ဤအခွင့်အရေးကို ဆုပ်ကိုင်၍ အတိတ်မှ နာကြည်း ချက် များကို ဆွေး နွေးမှုများနှင့် နိင်ငံရေး ဖြစ်စဉ်များမှ တဆင့် ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အားထုတ် ဆောင် ရွက်မှုများကို အရှိန်အဟုန်မြင့်တင်ရန် လိုကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းဖော် ပြသည်။
ဥရောပသမဂ္ဂ ၊ ကနေဒါနှင့် နော်ဝေတို့သည် နိုင်ငံတကာဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေအရ အရပ်သား များကို ကာကွယ်နိုင်ရန် နှင့် လူသားချင်းစာနာမှုအကူအညီများ ပေးပို့ခွင့်ပြုရန်အတွက် လိုက်နာရမည့် တာ ဝန်ဝတ္တရားများကို ဘက်ပေါင်းစုံမှ လေးစားလိုက်နာရန် တိုက်တွန်းလိုကြောင်း၊ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ အ စောပိုင်းမှစ၍ရခိုင် ပြည်နယ်အတွင်း မြို့နယ်၅ မြို့နယ် (ရသေ့တောင်၊ ဘူးသီးတောင်၊မောင်းတော၊ ပုဏ္ဏား ကျွန်းနှင့် ကျောက်တော်) တို့ကို သွားရောက်ခွင့်နှင့် ပတ်သက်၍ အကူအညီ အထောက်အပံ့ပေးအပ်ရေး အဖွဲ့အစည်းအပေါ် ကန့် သတ်ထားသည့် ကန့်သတ်ချက်များသည် အနည်းဆုံး လူဦးရေ ၉၅၀ဝဝတို့ ကြုံတွေ့ နေရသည့် ဆိုးရွားသည့် လူ သားချင်းဆိုင် ရာစာနာထောက်ထားမှုဆိုင်ရာ အခြေအနေအပေါ်တွင် ပြင်းထန် သည့် သက်ရောက်မှုကို ဖြစ်ပေါ်စေကြောင်း၊ အခြေအနေပိုမိုဆိုးရွာလာခြင်း မရှိစေရန် ရာသီအလိုက် လယ်ယာစိုက်ပျိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းရပ်များကို မိုးဥတုမရောက်မီ ဆောင်ရွက်နိုင်ရန် ခွင့်ပြုရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
Link : Here

No comments:
Post a Comment