Sunday, May 12, 2019

အမ်းမြို့နယ် ဓာတ်တော် ကျေးရွာအနီး လက်နက်ကြီး လက်နက်ငယ်ပစ်သံများကြားရ

နိရဉ္စရာ
ထွန်းလင်းနိုင်
နိရဉ္စရာ၊ မေလ ၁၂ /၂၀၁၉ 
ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်၊ တန်းတင် ကျေးရွာအုပ်စု ညောင် ချောင်းကျေးရွာနှင့် အောင်သပြေ (ဓါတ်တော်)ကျေးရွာကြား ကျွဲကူး-တောင်ကုတ် ကားလမ်း အထက် တောင်ကြောပေါ်တွင် မေလ ၁၂ ရက် ယနေ့ နံနက်က လက်နက်ကြီး ပစ်ခတ်သံများနှင့် အတူ သေနတ်သံ များကြားရကြောင်း ဒေ သခံများက ပြောသည်။
"ဒီနေ့မနက် ၉ နာရီလောက်က ပစ်သံတွေတော့ကြားလိုက်ရပါတယ်။ ရွာနဲ့တော့ တစ်မိုင်ကျော်လောက် ဝေးပါတယ်။ နာရီဝက်လောက် ပစ်ခတ်သံတွေကို ကျွန်တော်တို့ရွာက ကြားရပါတယ်။ ရွာကလူတွေ က တော့ ဘာမှ မဖြစ်ပါဘူး" ဟု တန်းတင်ကျေးရွာအုပ်ချုပ်ရေးမှူးကိုအောင်သန်း မြင့်က နိရဉ္စွှရာသို့ ပြောသည်။

ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက်ပိုင်း ဓာတ်တော်ကျေးရွာသို့ တပ်မတော် စစ်ကြောင်းရောက် ရှိ လာသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်လက် ပြောကြားသည်။

အဆိုပါပစ်ခတ်သံများမှာ အမ်းမြို့နယ်တန်းတင်ကျေးရွာအုပ်စု ညောင်ချောင်းကျေးရွာနှင့်အောင်သပြေ (ဓါတ်တော်)ကျေးရွာကြား ကျွဲကူး-တောင်ကုတ်ကားလမ်းအထက် တောင်ကြောပေါ်တွင် မြန်မာ့ တပ်မတော် ယာဉ်တန်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေ ကြသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက " ကျွန်တော်တို့ မကြား သေးဘူးခင်ဗျာ။ မသိရသေးပါဘူး။" ဟု ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး ဒေသခံပြည်သူသုံးသောင်းကျော် စစ်ဘေးရှောင်လျက်ရှိသည်။

(ဓါတ်ပုံ- လူမှုကွန်ရက်စာမျက်နှာတွင် ပြန့်နှံ့နေသည့် မိုင်းဆွဲတိုက်ခိုက် ခံရသည့်ဆိုသော တပ်မတော်ယာဉ် တစ်စီး)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */