B B C
ဘီဘီစီ မြန်မာပိုင်း
22-03-2019ဘီဘီစီ မြန်မာပိုင်း
ရခိုင်ပြည်နယ် ၊ဘူးသီးတောင်မြို့နယ် စည်တောင်ရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲတဲ့အတွက် လူ ငါးယောက် သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေကတော့ စည်တောင်ရွာသား ကိုမြတ်ရွှေသိန်း၊ ဦးမောင်အေးထွန်း၊ ဒေါ်သန်းညွှန့်၊ ကိုအောင် သန်းဌေး နဲ့ ရွာသားဦးမောင်ဘညွှန့်ရဲ့ မိခင် တို့ဖြစ်ပါတယ်။
စည်တောင်ရွာသူ တစ်ဦးပြောတာက "မနေ့က ညနေပိုင်းကပဲ စဖြစ်တယ်။ လမ်းတွေကိုပစ်တယ်။ ရွာထဲမှာ ဟိုဟာဒီဟာ ပစ်တယ်။ သူတို့ရန်သူကို မပစ်တာမဟုတ်ပဲ ပြည်သူလူထုကို ပစ်နေတာ။ သူတို့ရွာထဲဝင်တယ်၊ ပြီးတော့ ဆဲသွားတယ် "လို့ ဆိုပါတယ်။
မနေ့ညနေ ၇ နာရီကျော်ကနေ ရွာထဲကို လက်နက်ကြီး ၊ လက်နက်ငယ်တွေပါ ပစ်ခဲ့တာဖြစ်ပြီး တညလုံးလိုလို ပစ် ခတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
- ဘူးသီးတောင် မြို့နယ်ထဲ လက်လုပ်မိုင်း ကွဲခဲ့တယ်လို့ အစိုးရ ထုတ်ပြော
- မောင်တော ဘူးသီးတောင် ဒုက္ခသည်စခန်းတွေမှာ ဝမ်းပျက် ဝမ်းလျှော ဖျားနာမှုတွေရှိ
- ဘူးသီးတောင် အမတ်ဟောင်းကို အကြမ်းဖက်နဲ့ အမှုဖွင့်
သေဆုံးသူ တွေအနက် လေးဦးက ဗုံးကျင်းတစ်ခုမှာ ပုန်းအောင်းစဉ် လက်နက်ကြီး ကျည်ကျလို့ သေဆုံးတာဖြစ်ပြီး နောက်တဦးကတော့ နေအိမ်မှာ ပုန်းအောင်စဉ် သေဆုံးတာဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အေအေတွေ ရွာထဲကနေ သေနတ်ပစ်တဲ့အတွက် ပြန်ပစ်တာဖြစ်ပြီး တပ်က အကြောင်းမဲ့ ပစ်တာ မရှိ ဘူး လို့ ပြောပါတယ်။
Link : Here
No comments:
Post a Comment