Tuesday, January 7, 2020

ဘူးသီးတောင်ပေါက်ကွဲမှု ၁၀နှစ် ဝန်းကျင် ကလေးငယ် လေးဦးသေဆုံး

B B C
ဘီဘီစီ မြန်မာပိုင်း
2020-01-07
  နှစ်အရွယ်နှစ်ဦးနဲ့ ၁၀ နှစ်အရွယ် ကလေး၆ ဦးဒဏ်ရာရ

ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီခွဲခန့်က ဘူးသီးတောင်မြို့နယ်အတွင်းက ထိပ်ထူးပေါက် ကျေးရွာအနီး လက်နက် ကြီးကျည်တစ်လုံး ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ် ၉ ဦးနဲ့ လူငယ်တစ်ဦး ထိခိုက်ဒဏ်ရရှိခဲ့ပြီး အဲ့ဒီထဲက ၄ ဦးဟာ သေဆုံးသွားခဲ့တယ်လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့သူလေးဦးမှာ အသက် ၈ နှစ်အရွယ်နှစ်ဦးနဲ့ ၁၀ နှစ်အရွယ်နှစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိသူ ၆ ဦး ထဲမှာ အသက် ၇ နှစ်အရွယ်တစ်ဦး၊ ၈ နှစ်အရွယ် နှစ်ဦး၊ ၁၈ နှစ်အရွယ် နှစ်ဦးနဲ့ ၂၅ နှစ်အရွယ်တစ်ဦး တို့ဖြစ် ကြပြီး ထိပ်ထူးပေါက်ကျေးရွာက ၉ ဦးနဲ့ နောက်ထပ်တစ်ရွာက တစ်ဦးတို့ပါဝင်တယ်လို့ ကျေးရွာတာဝန်ခံ ကပြောပါတယ်။

အဲ့ဒီထိပ်ထူးပေါက်ကျေးရွာဟာ ကျောက်ရံကျေးရွာအုပ်စုအတွင်းက ကျေးရွာတစ်ရွာဖြစ်ပါတယ်။ သေဆုံးသူ လေးဦးနဲ့ ဒဏ်ရာရသူ ခြောက်ဦးရှိခဲ့တယ်လို့ ရွာသားတွေရဲ့သတင်းပေးပို့ချက်အရ သိရကြောင်းနဲ့ အဲ့ဒီဘက် မှာ တိုက်ပွဲဖြစ်ပွား ခဲ့တာမရှိဘူးလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

ထိပ်ထူးပေါက်ကျေးရွာအနီးဝန်ကျင်မှာ ယခင်က တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး၊ မကြာသေးခင်က တပ်မတော်စစ် ကြောင်းတွေ တပ်စခန်းချနေထိုင်ခဲ့တာတွေရှိခဲ့ကြောင်းနဲ့ သူတို့ထောင်ထားခဲ့တဲ့ မိုင်းတွေပေါက်ကွဲတာ ဖြစ်နိုင်သလို အေအေနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ခိုင်သုခက ပြောပါတယ်။

တပ်မတော်စစ်ကြောင်းတွေ တပ်စခန်းချနေထိုင်ခဲ့တာတွေရှိခဲ့

"၁၀ ယောက်မှာ လေးယောက်က သေသွားပါတယ်။ နောက်ထပ် ၆ ယောက်က ဒဏ်ရာပြင်းပါတယ်။ အဲ့ ဒီ မှာ ကျူရှင်ပြနေတဲ့ ဆရာတစ်ယောက်ပါပါတယ်။ ဆရာနဲ့ကလေးတွေက ရွာနားမှာ ထင်းခွေဖို့သွားတယ်လို့ သိရ တယ်။ ၁၀ နာရီခွဲလောက်မှာ ပေါက်တာပါ။ မိုင်းလား၊ လက်နက်ကြီးလားကျွန်တော်မပြော တတ်ဘူး။" လို့ ထိပ်ထူးပေါက် ကျေးရွာတာဝန်ခံက ဘီဘီစီကို ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိခဲ့တာပါ။

ထိပ်ထူးပေါက်ကျေးရွာဟာ ဘူးသီးတောင်မြို့ပေါ်ကနေ တောင်ဘက် ၇ မိုင်ဝန်းကျင်ခန့်ကွာဝေးတဲ့နေ ရာ မှာတည်ရှိပြီး မွတ်ဆလင်ဘာသာဝင်တွေနေထိုင်တဲ့ ကျေးရွာတစ်ရွာဖြစ်ကာ အရင်ကလည်း အဲ့ဒီကျေးရွာ အတွင်းက လက် နက်ကြီး ကျည်တွေ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးထိခိုက်တာတွေလည်း ရှိခဲ့ ပါတယ်။

အဲ့ဒီကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာမရှိပေမယ့် တပ်မတော်ဘက်က လက်နက်ကြီးတွေ နဲ့ပစ် ခတ်နေတာ တွေရှိနေပြီး အဲ့ဒီကကျည်တွေကျရောက်ပေါက်ကွဲတာလည်းဖြစ်နိုင်တယ်လို့ အေအေဘက်က တုံ့ပြန်ပြောဆိုပါတယ်။
 မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဆိုပြီး ပြောဆိုတာတွေလည်းရှိ
 
အဲ့ဒီဖြစ်စဉ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာမဟုတ်ဘဲ မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဆိုပြီး ပြောဆိုတာတွေလည်းရှိနေပါတယ်။ ဒီအပေါ်မှာတော့ ဘယ်လိုပေါက်ကွဲမှုမျိုးဖြစ်တယ်ဆိုတာကို ဘီ ဘီစီ က သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။

အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်အတွင်းက နေရာတော်တော်များများမှာ တပ်မတော်နဲ့ အေအေတို့ အ ကြားဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ များပြားလာနေပြီး တပ်မတော်ဘက်က လက်နက်ကြီးပစ်ခတ် တာတွေ အပြင် မောင်းသူမဲ့ ဒရုန်းလေယာဉ် တွေနဲ့ တိုက်ခိုက်တာတွေ၊ ရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်တာတွေကိုပါ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအကြိမ်ပေါင်း ၆၀၀ ကျော်ရှိခဲ့ပြီး အဲ့ဒီတိုက်ပွဲတွေအတွင်း အရပ်သား တသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသလို သေဆုံးသူ ၁၀၀ ကျော်၊ ထိခိုက်ဒစ်ရာရရှိသူ ၂၀၀ ကျော်နဲ့ ဖမ်းဆီးခံနေရသူ ၃၀၀ ကျော်ထိရှိနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးကနေ သိရပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */