လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများး
2020-05-25
ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုကို မြန်မာနိုင်ငံအနေနဲ့ ရင်ဆိုင်ဖြေရှင်းဖို့အတွက် ကုန်ကျစရိတ် ကျပ်သန်း ပေါင်း ၆၈၀ ကို ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ချပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ရှိကျင်းပနေတဲ့ ၁၆ ကြိမ် မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြတောင်းခံထားပါတယ်။
တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးနိုင်လင်းအောင်က ဒီလိုတောင်းခံတာဟာ ဥပဒေနဲ့ညီ ညွတ်ရဲ့လားဆိုပြီး မေလ ၂၂ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မေးခွန်းထုတ်ခဲ့တာပါ။
"နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးရာဦးစီးဌာနရဲ့ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုမှာ သာမာန် အသုံးစ ရိတ် လုပ်အားအတွက် ကုန်ကျစရိတ်ခေါင်းစဉ်မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုကို ရင်ဆိုင်ဖြေရှင်း ရေး အ တွက် ကုန်ကျစရိတ်များ၊ သယ်ယူပို့ဆောင်ခ ခေါင်းစဉ်မှာ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအတွက် သယ် ယူ ပို့ ဆောင်စရိတ်များ၊ ဓာတ်ဆီစက်ဆီ ချောဆီခေါင်းစဉ်မှာ ပြည်ပကိုယ်စားလှယ်များ အသုံးပြုဖို့ ဗဟို စက်ပ စ္စည်း မှ ငှားရမ်းအသုံးပြုတဲ့ ယာဉ်နဲ့ ဆိုင်ကယ်များရဲ့ စက်သုံးဆီကုန်ကျစရိတ်များကို တင်ပြထား ရာ ဒီဖြည့် စွက်တောင်းခံမှုတွေဟာ ဥပဒေနဲ့ညီရဲ့လား၊ လုပ်ထုံးလုပ်နည်းနဲ့ညီအောင် ဆောင်ရွက်ဖို့လို အပ်ပါတယ်"
၂၀၁၉- ၂၀၂၀ဘဏ္ဍာနှစ်၊ပြည်ထောင်စုရဲ့နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေး ဥပဒေကြမ်းရဲ့မူနဲ့ အခြေခံသ ဘောအပါအဝင် ရငွေသုံးငွေတွေနဲ့ပတ်သက်ပြီး မေလ၂၂ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်အမတ် ၁၈-ဦး ဝိုင်းဝန်းဆွေးနွေးစဉ်မှာ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး နိုင်လင်းအောင် က မေးခွန်းထုတ်ဆွေးနွေးခဲ့တာပါ။
ဒီလိုတောင်းခံမှုတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့လိုအပ်ကြောင်းလည်း သူကထောက်ပြဆွေး နွေးသွားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက ဂမ်ဘီယာကမြန်မာအပေါ် တရားစွဲဆိုထားမှုကို ရင်ဆိုင်ဖြေရှင်းတဲ့အခါ သုံးစွဲခဲ့ တဲ့ကုန်ကျစရိတ်အပါအဝင် အိုင်စီဂျေနဲ့ဆက်စပ်ပြီး နောက်ထပ်ဆောင်ရွက်ဖို့ ကျန်ရှိတဲ့လုပ်ငန်းတွေအတွက် စုစုပေါင်းလိုငွေ ကျပ်သန်းပေါင်း ၆၈၀ အပြင် ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေး အတွက် သယ်ယူပို့ဆောင်စားရိတ် စတာတွေကို ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံထားတာပါ။
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖြည့်စွက်ရန်ပုံငွေတောင်းခံမှုနဲ့ ဒီအပေါ်တပ်မတော်သား ကိုယ်စားလှယ်ရဲ့ မေး ခွန်း ထုတ်မှုတွေနဲ့ပတ်သက်ပြီး၊ တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအ တွင်း ဝန်ကို RFA က ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒါနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနအသီးသီးက တင်ပြလာတဲ့ ဖြည့်စွက်ငွေတွေကိုစိစစ်ပြီး လွှတ်တော်ကို ပြန်တင် ပြတောင်းခံရတဲ့ လွှတ်တော်ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက ဒုဥက္ကဋ္ဌ ဦးအောင်မင်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့
"အိုင်စီဂျေဆိုတာ နိုင်ငံတော်ကို တရားစွဲတာပါ အိုင်စီဂျေကိစ္စကို သွားရောက်ဖြေရှင်းတယ်ဆိုတာက လည်း နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာအတွက် နိုင်ငံဘက်ကနေရပ်တည်ပြီး နိုင်ငံအတွက် သွားရှင်းတာပါ။ အဲဒီ အတွက် ဒီပိုက်ဆံတွေသုံးတယ်၊ ဒီပိုက်ဆံတွေ တောင်းလာတဲ့ကိစ္စကို စည်းမျဉ်းနဲ့ညီရဲ့လားလို့ သာ မာန် အသိဉာဏ် ရှိတဲ့ လူတစ်ယောက်လို စဉ်းစားကြည့်လိုက်ပါ။ မေးသင့်သလား မမေးသင့်သလား၊ ကျနော် တို့ ပြည်သူ့ငွေ စာ ရင်း ပူးပေါင်းကော်မတီ စိစစ်မှုသည် တက်လာကတည်းက အဆင့်ဆင့်စိ စစ် ပြီးတက် လာတယ် ဘဏ္ဍာ ရေးစည်းမျဉ်း၊ စည်းကမ်းနဲ့ညီညွတ်တဲ့ အသုံးစရိတ်တွေ ဖြစ်တဲ့အတွက် အဆင့်ဆင့် တာဝန်ယူပြီး တင်ပြလာ တာဖြစ်တဲ့အတွက် ဒီအသုံးစရိတ်တွေသည် ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ညီညွတ် တယ်လို့ ယုံကြည်တယ်"
အိုင်စီဂျေကိစ္စက ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ ပေါ်လာတဲ့အခါ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ အိုင်စီဂျေ ကုန် ကျ စရိတ်ကို ပုံမှန်အသုံးစရိတ်ထဲကနေ ထုတ်သုံးခဲ့တာဖြစ်ပြီး အဲလိုထုတ်သုံးခဲ့တာကြောင့် ပုံမှန်သုံးရမယ့် လုပ်ငန်းတွေအတွက် သုံးစရာငွေကြေးမရှိတော့လို့ ခုလို ဖြည့်စွက် ခွင့်ပြုငွေ ထပ်မံတောင်းခံတာဖြစ်တယ် လို့လည်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြောပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်ကိစ္စနဲ့ ပတ်သက်ပြီး ဖြည့်စွက်တောင်းခံလာတာကိုတော့ သက်ဆိုင်ရာဝန်ကြီးဌာနက လွှတ် တော် မှာ လာရောက်ရှင်းလင်းပေးတဲ့အခါမှာ အဖြေမှန်သိရမယ်လို့ သူကပြောပါတယ်။
ဝန်ကြီးဌာနအသီးသီးက တင်ပြလာတဲ့အသုံးစရိတ်တွေကို စီမံဘဏ္ဍာဝန်ကြီးဌာနက စိစစ်ပြီးနောက် ဒုသမ္မ တ (၁) ဦးဆောင်တဲ့အဖွဲ့က ထပ်မံစိစစ်ပြီးမှသာ ဘဏ္ဍာရေးကော်မှရှင်ထံ တင်ပြရပါတယ်။ အဲဒီနောက် ဘ ဏ္ဍာရေးကော်မရှင်က အတည်ပြုချက်ကို လွှတ်တော်ငွေစာရင်း ပူးပေါင်းကော်မတီက ထပ်မံစိစစ်ကာ လွှတ် တော်ကို တင်ပြတောင်းခံရတာဖြစ်ပါတယ်။
အခု ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုရငွေက ကျပ်ငွေ ဘီလျံ နှစ်သောင်းခုနှစ်ထောင်ကျော်ဖြစ်ပြီး၊ သုံးစွဲငွေက ကျပ်ငွေ ဘီလျံ သုံးသောင်းလေးထောင်ကျော် ရှိပါတယ်။
ဒီအတွက် အစိုးရအဖွဲ့မှာ ကျပ်ငွေ ဘီလျံ ခြောက်ထောင်ကျော် လိုငွေပြနေပြီး အဲဒီအထဲကမှ မဖြစ်မနေသုံး စွဲရမဲ့ ကျပ်ငွေ ဘီလျံ နှစ်ထောင့်ခြောက်ရာခြောက်ဆယ်ကျော် (၂၆၆၀.၉၈၇) ကို၊ လက်ရှိကျင်းပနေတဲ့၁၆ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တောင်းခံထာပြီး ဒီကိစ္စအပေါ် လွှတ်တော် အမတ် တွေက ဝိုင်းဝန်းဆွေးနွေးနေတာဖြစ်ပါတယ်။
Link : Here
No comments:
Post a Comment