VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ သိန်းချီတဲ့ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေထိုင် နေ တဲ့ ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားက ရိုဟင်ဂျာစခန်း ၃၀ကျော်မှာ ဒုက္ခသည်တွေ နေ့စဉ်စားနပ်ရိက္ခာ၊ ကျန်း မာရေးစောင့်ရှောက်မှုနဲ့ နေထိုင်ရေး၊ လုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတ ကာအဖွဲ့အစည်းတွေဘက်က တာဝန်ယူဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ လူဦးရေ ထူထပ်များ ပြား လွန်းလှတဲ့အတွက် ရိုဟင်ဂျာစခန်းတွေထဲမှာ အထူးသဖြင့်သောက်သုံးရေ အမှိုက်သန့်ရှင်းရေး၊ မိလ္လာစနစ်နဲ့ ရာသီဥတုအလိုက် လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေးမှာတော့  ရိုဟင်ဂျာဒုက္ခသည်တွေဟာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရတာပါ။