7DAY DAILY
ထက်အာကာကျော်
Monday, November 30, 2020
(၄၇)ကြိမ်မြောက် အစ္စလာမ်မစ်ကောင်စီ၏ နိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးကို နိုဝင်ဘာ ၂၈ ရက်တွင် နိုင်ဂျာ နိုင်ငံ နီယာမေးမြို့၌ ကျင်းပခဲ့ရာ ဘင်္ဂလားဒေ့ရှ်၏ OIC အမြဲတမ်း ကိုယ်စားလှယ်၊ ဆော်ဒီအာရေးဗီး ယားနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးဒေါက်တာမိုဟာမက်ဂျာဗက်ပတ်ဝါရီကယင်းသို့ တောင်းဆို ခဲ့ ကြောင်း Dhaka Tribune က ယမန်နေ့တွင် ဖော်ပြသည်။
အထက်ပါ အစ္စလာမ်မစ် ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး များအစည်းအဝေးကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံခြားရေး ဝန် ကြီးနှင့် အ တွင်းဝန်တို့ တက်ရောက်ရန်စီစဉ် ခဲ့သော်လည်း နှစ်ဦးစလုံးသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သဖြင့် တက်ရောက်နိုင်ခဲ့ခြင်းမရှိ ဟု ဆိုသည်။
အစည်းအဝေးတွင် အပြည် ပြည်ဆိုင်ရာတရားရုံး(ICJ) ရောက် ရိုဟင်ဂျာ အမှုကိစ္စကို ထောက်ပံ့ရေးအတွက် နည်းလမ်းများအပါအဝင်အကြောင်းအရာမျိုးစုံကို ဆွေးနွေးခဲ့ကြောင်း Dhaka Tribune က ရိယာ့ဒ်မြို့ ဘင်္ဂ လားဒေ့ရှ်သံရုံးအား ကိုးကားရေးသားသည်။
မြန်မာနိုင်ငံသည် ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ချိုးဖောက်သည် ဆိုကာ OIC နိုင်ငံများကိုယ်စား ဂမ်ဘီယာနိုင်ငံက အပြည်ပြည် ဆိုင်ရာတရားရုံး(ICJ)၌ ၂၀၁၉ နိုဝင်ဘာတွင် အမှုဖွင့်ခဲ့ပြီး ယင်း အမှုကို မြန်မာကဆက်လက်ရင် ဆိုင် နေရဆဲဖြစ်သည်။ ထိုသို့ ICJ ၌ တရားစွဲဆိုနိုင်ရေးအတွက် OIC နိုင်ငံများက ဂမ်ဘီယာအား ငွေ ကြေး ထောက်ပံ့ခဲ့ကြသည်။
ထို့အပြင် ကုလသမဂ္ဂ တတိယကော်မတီ၌ မြန်မာအ ပေါ် ဆုံးဖြတ်ချက်အဆိုများချမှတ် နိုင်ရေးအတွက် OIC နိုင်ငံများ၊ ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်နိုင် ငံများက တင်သွင်းခဲ့ကြပြီး ယင်း အဖွဲ့အစည်းနှစ်ခုရှိ အဖွဲ့ဝင်နိုင် ငံပေါင်း ၈၀ ကျော်ရှိသည့်အတွက် ပူးပေါင်းတင်သွင်းသည့်အဆိုမူ ကြမ်းများကို အတည်ပြုနိုင်ခဲ့ သည်။
သို့သော် ကုလတတိယ ကော်မတီ၏ အတည်ပြုဆုံးဖြတ် ချက်များကို မြန်မာအစိုးရက ပြတ်သားစွာပယ်ချခဲ့ပြီး နိုင်ငံ ရေး အရ ဖိအားပေးမှုများဖြစ်ကြောင်းတုံ့ပြန်ထားသည်။ နေရပ်စွန့်ခွာ သူများပြန်လည်လက်ခံရေးလုပ် ငန်းစဉ်ကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်များ နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက် နေကြောင်းနှင့် ယင်း အတိုင်းဆက်လက် လုပ်ဆောင် မည်ဟု မြန်မာအစိုးရက ပြော ကြားထားသည်။

Link : Here
No comments:
Post a Comment