" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 30, 2020

ဂျပန်အစိုးရ၏ ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ် ရခိုင်ပြည် နယ်ရောက်ရှိနေ

Myanmar Now
ဖဒူထွန်းအောင်
Published on Nov 28, 2020

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရွေးကောက်ပွဲမကျင်းပနိုင်သော မြို့နယ်များကို သွားရောက်ကြည့်ရှုလျက်ရှိပြီး စစ်တွေမြို့တွင် နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံဆွေးနွေးရန်ရှိနေ

 ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၀ ရက်နေ့တွင် ဂျပန်အစိုးရအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။ (ဓာတ်ပုံ - Myanmar State Counsellor Office Facebook) 
 
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိစ္စရပ်များအတွက် ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ်ဖြစ်သူ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါသည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ယနေ့ (နိုဝင်ဘာ ၂၈) နံနက်ပိုင်းတွင် ရောက်ရှိလာပြီး ပြည်နယ်မြောက်ပိုင်းရှိ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သော မြို့နယ်များကို သွားရောက်ကြည့်ရှုရန်၊ရခိုင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင်း စစ်တွေမြို့သို့ ရောက်ရှိလာသည့် ဂျပန်အထူးကိုယ်စားလှယ်သည် ရွေးကောက်ပွဲ မကျင်း ပနိုင်သော မြို့နယ်များ၏ အခြေအနေကို တပ်မတော်ရဟတ်ယာဉ်ဖြင့် သွားရောက်ကြည့်ရှုလျက် ရှိပြီး နေ့လယ်ပိုင်းတွင်း စစ်တွေမြို့၌ ရခိုင်နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

 “ရခိုင်အမျိုးသားပါတီနဲ့ တွေ့ချင်တယ်လို့ ပြောလို့ တွေ့မှာပါ။ အဲဒီလောက်ပဲ ပြောပါတယ်။ ရွေးကောက်ပွဲ မ ကျင်းပနိုင်တဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲပြန်လည်ကျင်းပရေး ကိစ္စတွေကို သူတို့သိချင်ရင် ကျွန်တော်တို့ ထင်မြင်ချက် ပြောရမယ်။ ဂျပန်ဖောင်ဒေးရှင်းအကြီးအကဲတစ်ယောက်အနေနဲ့ ရခိုင်ပြည်နယ်အတွက် အကူ အညီ ဘာတွေပေးမလဲဆိုတာလည်း (ဆွေးနွေးပွဲ) မှာ ပါလာနိုင်တယ်" ဟု ရခိုင်အမျိုးသားပါတီ (ANP) မှ မူ ဝါဒရေးရာအကြံပေး ဦးထွန်းအောင်ကျော်က ပြောသည်။

ဂျပန်အစိုးရအထူးကိုယ်စားလှယ်သည် ရွေးကောက်ပွဲမကျင်းပမီ ရက်ပိုင်းအလိုတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်နည်းတူ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၀ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ဂျပန်အထူးကိုယ်စားလှယ် က ကြားဝင်ညှိနှိုင်းပေးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ဧရာဝတီသတင်းဌာနကို နိုဝင်ဘာ ၂၄ တွင် ပြောကြားထားသည်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်ပြီး တိုက်ရိုက်ပြောဆိုညှိနှိုင်းခြင်း မရှိသော်လည်း လူပုဂ္ဂိုလ်တစ်ဦးချင်း နှင့် အဖွဲ့အစည်းများက ကြားဝင်ညှိနှိုင်းပေးမှုများရှိကြောင်း ယမန်နေ့ (နိုဝင်ဘာ ၂၇) က ပြုလုပ်ခဲ့သည့် သ တင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးနိုင်ခြင်းအလားအလာနှင့် ပတ်သက် ၍ "ကြိုတင်ညှိနှိုင်းဆွေးနွေးကြပြီး အခြေအနေတစ်ခုရောက်တော့မှ တရားမဝင်အဖွဲ့တို့၊ မတရားအသင်းတို့ အဖြစ်ကနေ ဥပဒေနဲ့အညီ ပယ်ဖျက်ပေးခဲ့တဲ့ သာဓကတွေရှိတယ်" ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာ ၈ ရက်နေ့မှ ယနေ့အချိန်ထိ ရခိုင်ပြည်နယ်အတွင်း မည်သည့်ထိတွေ့ တိုက် ပွဲမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်တန့်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေးကြေညာကာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် အစိုးရနှင့်ပူးပေါင်း လုပ်ဆောင်သင့်သည်ဟု AA က နိုဝင်ဘာ ၁၂ တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်သည့် တည်ငြိမ်သော အခင်းအကျင်းအခြေအနေတစ်ခုကို ဖန်တီး ရန် အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးများနှင့် သင့်တော်သလို ပံ့ပိုးကူညီလုပ်ဆောင်သွားရန် ဆန္ဒရှိ သည်ဟုလည်း AA ၏ ထုတ်ပြန်ချက်က ဆိုသည်။

AA ၏ ယင်းထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိနေသည့်နေရာများတွင် ကြား ဖြတ်ရေးကောက်ပွဲပြုလုပ်နိုင်ရန် အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ထိုနေ့၌ပင် တပ်မတော်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */