VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်၊
22 မတ်၊ 2019
ကျောက်တော်မြို့နယ်အစပ်ရှိ ဝါးတောင် စစ်ရှောင်ဒုက္ခသည်စခန်း
ဒီဖြစ်စဉ်မှာ တပ်မတော်နဲ့ AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွါးခဲ့တာကြောင့်လို့ တပ်မတော်ဘက်က ပြော ဆိုနေ သလို ရခိုင့်လက်နက်ကိုင် AA ဘက်ကတော့ တိုက်ပွဲမဖြစ်ခဲ့ကြောင်း ငြင်းဆိုထားပါတယ်။ ဗွီအိုအေ မြန်မာ ပိုင်း သတင်း ထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။
ဘူးသီးတောင်မြို့နယ် စည်တောင်ရွာအတွင်း မနေ့ညက ရွာအတွင်းပစ်ခတ်ခဲ့မှု အခြေအနေကိုတော့ စေ တီတောင် စစ်ရှောင်စခန်းကို ရောက်ရှိနေတဲ့ စည်တောင်ရွာသူ တဦးကအခုလိုပြောပါတယ်။
“တိုက်ပွဲဖြစ်တာ မဟုတ်ပါဘူး။ တပ်မတော်ဘက်က ပစ်တာပါ။ လက်နက်ကြီးနဲ့ ပစ်ပါတယ်။ လက်နက် ငယ်တွေနဲ့လည်း ပစ်ပါတယ်သူတို့။ ဗုံးတွင်းထဲကို သေနတ်လှမ်းပြီး ပစ်ပါတယ်။ ရွာသား (၅)ဦး သေပါတယ်။ မိန်းမက (၂)ဦးပါ။ ယောကျာ်းက (၃)ဦးပါ။ ဗုံးတွင်းတတွင်းထဲမှာ (၄)ဦး သေဆုံးပါတယ်။ လင်မယား ၂ ယောက် ညီအကို ၂ ယောက်ပါ။ ရွာအနောက် အဖွါးအိုနာမယ် ကျမ မရပါ။ မောင်ဘညွန့် အမေပါ။ သူက တော့ ဗုံးတွင်းကျင်းမှာ နေတာမဟုတ်ပါ။ အိမ်အပြိုကလေး အိမ်ငယ်သေးသေးလေးပါ။
အဲဒီအိမ်ကနေတာကို ပစ်သတ်ခဲ့တာပါ။ ဒဏ်ရာရတာ လူပေါင်း (၂၀)ကျော် လောက်ရှိပါတယ်။ စိုးရိမ်ရတဲ့ လူနာ(၃)ဦးပါ။ အခု စစ်တွေကို သွားပါတယ်။ ကျွန်မတို့မှာ အထက်တန်းကျောင်း တကျောင်းရှိပါ တယ် အဲဒီ ရွာမှာ။ လက်နက်ကြီးက အဲဒီကအကြီးကြီးပစ်ရင် အောက်ကလက်နက်ငယ်တွေနဲ့ ပစ်ပါတယ်။ ရွာတွေမှာ ပတ်လို့။ ကျမတို့ အိမ်မှာလဲ အခေါင်တွေဘာတွေအကုန်လုံးပေါက်သွားပါတယ်။”
စည်တောင်ရွာနဲ့ တမိုင်ကျော်ဝေးတဲ့ စပါးထားကျေးရွာဘက်ကိုလဲ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲ ခဲ့တယ်လို့ စစ်ရှောင် စပါးထားကျေးရွာသား တဦးက ပြောပါတယ်။
“ရွာအတွင်းမှာတော့ မကျဘူး။ အပြင်ဘက် လယ်ကွင်းမှာတော့ ကျတာရှိတယ်။ ဒီအစိုးရတပ်က ပစ်တာဗျ။ တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘူး။ သူတို့က ရွာတွေကိုပေါ့နော်။ အကြောင်းပြချက်မရှိဘဲနဲ့ တခါထဲ ဝင်စီးသ လိုပေါ့နော်။”
မနေ့ညက ပစ်ခတ်တိုက်ခိုက်မှုအပြီး စည်တောင်နဲ့ စပါးထား ကံပြင်ကျေးရွာသား (၄၀၀)လောက် စေတီ တောင်ကျေးရွာမှာ စစ်ဘေး တိမ်းရှောင်ရောက်ရှိနေတယ်လို့ စေတီတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းကပြောပါတယ်။
“စည်တောင်က အိမ်ထောင်စု (၄၅)စု ရောက်နေပါတယ်။ စပါးထားက အိမ်ထောင်စု (၈)စုထပ် ရောက်နေ ပါတယ်။ နောက်ကံပြင်က အိမ်ထောင်စုက (၂၄)စုလောက် အခုရောက်နေပါတယ်။ လူဦးရေက (၄၀၀) ကျော်ကျော်။ စေတီတောင်မှာ သူတို့က စစ်ရှောင်လာကြပါတယ်။”
ကျေးရွာသားတွေကတော့ စေတီတောင်ရွာအပြင် ဘူးသီးတောင်မြို့နဲ့ ဆင်ခုံတိုင်း ကျေးရွာဘက်ကိုလဲ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
ဒေသခံရွာသားတွေကတော့ ရွာအတွင်း တိုက်ပွဲဖြစ်ပွါးတာမရှိဘဲ မြန်မာ့ တပ်မတော်ကနေ ပစ်ခတ်ခဲ့ တယ် လို့ပြော ဆိုနေသလို တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်း က တော့ စည်တောင်ရွာဘက်မှာ ရခိုင့်တပ်မတော်AAနဲ့ တိုက်ပွဲဖြစ်ပွါးခဲ့တာဖြစ်ပြီး တပ်မတော်အနေနဲ့ အရပ် သားတွေကို ပစ် မှတ်ထား တိုက်ခိုက်တာမရှိဘူးလို့ ဆိုပါတယ်။
“ကျွန်တော်တို့ ဖြစ်တဲ့နေရာကတော့ စည်တောင်ရွာရဲ့ တောင်ဘက်မှာ ထိတွေ့ဖြစ်ပွါးတာရှိတယ်။ အဲဒီမှာ ညက တော့ ဟုတ်တယ်။ (၉)နာရီကနေ ပြီးတော့ (၁၁)နာရီကြားထဲမှာတော့ ရေစိုးချောင်းနဲ့ စည်တောင်ရွာ အကြားမှာ တိုက်ပွဲ ဖြစ်သွားတာရှိတယ်။ တိုက်ပွဲအတွင်း ထိခိုက်မှုကိုတော့ ကျနော်တို့လည်း ပြောလို့မရ သေးဘူး။ ဟိုဘက်က AA ဘက်က အင်အားလည်း ရာဂဏန်းလောက်တော့ ရှိမယ်လို့မှန်းတယ်။ တပ်အနေ နဲ့ ကတော့ အရပ်သားနေခိုင်းတဲ့ နေရာတွေ အရပ်သား ပစ်မှတ်တွေကို ပစ်ခတ်တာမျိုး မရှိပါဘူး။”
ဘူးသီးတောင်မြို့နယ် စည်တောင်ရွာဘက်မှာ မနေ့ညက ရခိုင့်တပ်မတော် AA နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွါးတာ မရှိခဲ့ဘူးလို့ AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောပါတယ်။
“မရှိဘူးဗျ မရှိဘူးနော်။ တိုက်ပွဲဖြစ်ပွါးတာ လုံးဝမရှိဘူး။ အဲဒီမှာ ဗမာစစ်တပ်ကနေပြီးတော့မှ အရပ်သားပြည် သူတွေကို တမင်သက်သက် သူတို့ ပစ်သတ်သွားတာ။ ရွာထဲဝင်ပြီးလို့ကို အိမ်မှာလာပြီးတော့ ပစ်သွားတဲ့ ဥစ္စာ။ ဒါတော်တော်ဆိုးဝါးတဲ့ စစ်ရာဇဝတ်မှုပဲဗျ။”
မတ်လလယ်ကစပြီး ဖြစ်ပွါးခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ အရပ်သားတွေ နေထိုင်တဲ့မြို့ရွာတွေမှာ အရပ်သားတွေ ကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုမိုဖြစ်ပွါးလာနေပါတယ်။
မတ်လ (၁၆) ရက်နေ့နဲ့ (၁၈)ရက်နေ့ မြောက်ဦးမြို့အတွင်း ပစ်ခတ်တိုက်ခိုက်မှုမှာလည်း အရပ်သား (၁၀) ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့အင်္ဂါနေ့ကလည်း မင်းပြားမြို့နယ် ပန်းမြောင်းရွာအတွင်း တပ်မတော်ကနေ ရခိုင့် AA အဖွဲ့နဲ့ ဆက်စပ် မှုရှိတယ်ဆိုပြီး မသင်္ကာသူတွေကို စစ်ဆေးရှာဖွေရာမှာ ပစ်ခတ်မှုဖြစ်ပွါးခဲ့တာကြောင့် ရွာသား (၃၀၀၀) နီးပါး ရွာကနေ တိမ်းရှောင် ထွက်ပြေးနေရပြီး ရွာသား (၄)ဦးလည်း အဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
မနေ့က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့ NCA လက်မှတ်ရေးထိုးခြင်း မရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ဖြစ်ပွါးနေဆဲ တိုက်ပွဲတွေကို လျော့ချဖို့အတွက် ဆက်ဆွေးနွေးသွားဖို့ သဘောတူညီခဲ့ကြပေမဲ့ ဒေသအတွင်းမှာ တိုက်ပွဲတွေ မရပ်တန့်နိုင်သေး ပါဘူး။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်စဉ်နဲ့ ပက်သက်လို့ အဖြူရောင်နယ်မြေမှာ လက်နက်ကိုင်တွေ အခြေချလို့ လုံခြုံရေး အရ အစိုးရက ဆောင်ရွက်နေတာ ဖြစ်တယ်လို့ NRPC ဘက်က ပြောဆိုခဲ့သလို ရခိုင်ပြည်မှာ ရခိုင်တပ်မတေ်ာ အခြေချရေးဟာ ULA ရည်မှန်းချက်ဖြစ်ကြောင်း AA ဘက်က ပြောဆိုခဲ့ပါတယ်။
နှစ်ဖက် လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်အတွင်း ရှုမြင်ပုံ မတူကွဲပြားနေတဲ့ အနေအထားကြောင့် ရခိုင်ဒေသ အတွင်း ငြိမ်းချမ်းရေး မနီးစပ်နိုင်သေးတဲ့ အခြေအနေမှာ ရှိနေသေးတယ်လို့လည်း ရခိုင့်တပ်မတော်ဘက်က သုံးသပ်ထားပါတယ်။

Link : Here
No comments:
Post a Comment