Monday, March 4, 2019

နယ်စပ်ကျော် မြန်မာတပ်သား တဦးကို ဘင်္ဂလားဒေ့ရှ် လွှဲပြောင်းပေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-03
ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လွှဲပေးတဲ့ တပ်သား အောင်ဘိုဘိုသိန်း ကို တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နှစ်လကျော်ကြာရောက်ရှိနေခဲ့တဲ့ မြန်မာ့တပ်မတော်တပ်ဖွဲ့ဝင် တဦးကို ဘင်္ဂ လားဒေ့ရှ် နယ်ခြားစောင့်တပ်က တနင်္ဂနွေနေ့က မြန်မာဘက်က ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

အသက် ၃၀ အရွယ်၊ တပ်သား အောင်ဘိုဘိုသိန်း ဟာ နှစ်နိုင်ငံနယ်စပ်ကို ကျော်ဖြတ်ပြီး၊ ဘင်္ဂလားဒေ့ရှ် ဘက် က တောအုပ်တွေထဲမှာ နှစ်လကျော်ကြာရောက်ရှိနေခဲ့ရာက၊ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ဘင်္ဂလား ဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တွေက တွေ့ရှိဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူ့ကို တနင်္ဂနွေနေ့က မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ထံ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဘင်္ဂလား ဒေ့ရှ် နယ်ခြားစောင့်တပ်မှူးက ပြောပါတယ်။

မြန်မာ့တပ်မတော်ကတော့ တပ်သား အောင်ဘိုဘိုသိန်း ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားခဲ့တဲ့ တပ်ပြေး တစ်ယောက်ဖြစ်တယ်လို့ ပြောဆိုပါတယ်။

အခုလပိုင်းတွေအတွင်း မြန်မာဘက်က ယာဘ စိတ်ကြွမူးယစ်ဆေးတွေ နယ်စပ်ကို ဖြတ်ကျော်ဝင် ရောက် နေတဲ့အတွက် နယ်စပ်အနီး လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှူးက ပြောပါ တယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */