Wednesday, May 29, 2019

ရခိုင်ပြည်နယ်စစ်ဆင်ရေးတွင် တပ်မတော် စစ်ရာဇ ဝတ်မှုကျူးလွန်ဟု အေအိုင်အဖွဲ့ စွပ်စွဲ

DVB
By DVB
29 May 2019
ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေနဲ့ တခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူး လွန်နေတယ်ဆိုတဲ့ သက်သေအထောက်အထား အသစ်တွေ ရရှိထားတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်း ချမ်သားခွင့်အဖွဲ့ (အေအိုင်)က အစီရင်ခံစာ သစ်ထုတ်ပြန် စွပ်စွဲလိုက်ပါတယ်။

၂၀၁၉ ဇန်နဝါရီလကစပြီး မြန်မာစစ်တပ်ဟာ လက်လွတ်စပယ် တိုက်ခိုက်မှုတွေအတွင်း အရပ်သားတွေသေ ဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အေအိုင်ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်ထဲမှာ အသေးစိတ် ရေး သားထားပါတယ်။
၂၀၁၉ ဇန်နဝါရီ ၄ ရက်က ရက္ခိုင့်တပ်မတော် အေအေက ရဲစခန်းတွေကို တိုက်ခိုက်ခဲ့လို့ အေအေကို ချေမှုန်း ဖို့ အစိုးရက ညွှန်ကြားချက်ထုတ်ခဲ့တဲ့နောက်ပိုင်းမှာ ဆောင်ရွက်ခဲ့တဲ့ ပြင်းထန်တဲ့ စစ်ဆင်ရေးကာလကို အေအိုင်က မှတ်တမ်းပြုထားတာပါ။

ဒါ့အပြင် အေအေတပ်ဖွဲ့တွေဘက်ကလည်း အရပ်သားတွေကို ပြန်ပေးဆွဲတာ အပါအဝင် ညှင်းပန်းနှိပ် စက် မှုတွေကို ကျူးလွန်ခဲ့ကြောင်း အေအိုင်က ပြုစုထားတဲ့ မှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်။

မေလ ၃ ရက်က အေအေတပ်ဖွဲ့ဝင်တွေဟာ ရသေ့တောင်မြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာက ဒေသခံ ရိုဟင်ဂျာ အမျိုး သား ၄ ယောက်ကိုပြန်ပေးဆွဲခဲ့ပြီး အဲ့ဒီကနေ ဝေးလံတဲ့တောထဲကို ခေါ်သွားခဲ့ရာမှာ ၂ ယောက်က တော့လွတ် မြောက် လာခဲ့ပြီး ကျန် ၂ ယောက်ရဲ့ကံကြမ္မာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အေအေဟာ အရပ်သားတွေကို အန္တရာယ်ပြုလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံလုပ်ငန်း ရှင်တွေ ဆီ သူတို့အဖွဲ့ရဲ့ တံဆိပ်နဲ့ ကျည်ဆံတွေ ပူးတွဲပါရှိတဲ့ ခြိမ်းခြောက်စာတွေ ပေးပို့ခဲ့ကြောင်းလည်း အစီရင်ခံစာ မှာ ရေး သားထားပါတယ်။

အေအိုင်အဖွဲ့ဟာ ၂၀၁၉ မတ်လကုန်ပိုင်းက ရခိုင်ပြည်နယ်ထဲထိ သွားရောက်လုပ်ဆောင်ထားတဲ့ အင်တာ ဗျူး ၅၄ ခု ၊ တိုက်ပွဲဖြစ်ရာဒေသတွေမှာ နေထိုင်နေကြတဲ့ လူတွေဆီအဝေးမှ ဆက်သွယ်မေးမြန်းထားတဲ့ အင်တာဗျူး ၂၇ ခု အပါအဝင် အင်တာဗျူးပေါင်း ၈၁ ခု အပေါ် အခြေခံပြီး ဒီအစီရင်ခံစာကို ပြုစုထားတာပါ။

ပြည်တွင်းမှာ တာဝန်ခံမှု ပျက်ကွက်နေတာကြောင့် မြန်မာနိုင်ငံက အခြေအနေကို နိုင်ငံတကာစစ်ခုံရုံးဆီ တင်ပို့နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အမြန်ဆုံးလွှဲပြောင်းပေးဖို့ အေအိုင်အဖွဲ့က တိုက်တွန်းပါတယ်။

ဒါ့အပြင် စစ်လက်နက်ရောင်းချခွင့်ကိုလည်း ပိတ်လိုက်ဖို့၊ မြန်မာအစိုးရရဲ့ နိုင်ငံတကာ မိတ်ဆွေတွေအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးကိုလည်း ပြန်စဉ်းစားဖို့ အေအိုင်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

တပ်မတော်ဘက်ကတော့ အေအိုင်အဖွဲ့ရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ချက်ခြင်း ပြန်လည်တုန့်ပြန်ခြင်း မရှိ aသးပေမယ့် စစ်ဆင်ရေးတွေမှာ ဥပဒေနဲ့အညီသာ လုပ်ဆောင်ခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ တာဝန်ရှိသူတွေက အရင်က ပြောကြားခဲ့ဖူးပါတယ်။
 
Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */