Monday, June 3, 2019

OIC ရဲ့ကြေညာချက်ကို ဘင်္ဂလားဒေ့ရှ်အားမရ

RFA 
လွတ်လပ်တဲ့ အာရှအသံ
03-06-2019
■ ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိခိုလှုံနေတဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့အနေနဲ့ လူသားချင်းစာနမှုအရရော၊ သံတမန်ရေးနည်းလမ်းတွေအရပါ၊ ပါဝင်ဆောင် ရွက် ဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက တောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာမူစလင်တွေအပေါ်အကြမ်းဖက်လုပ်ရပ်တွေရပ်ဖို့နဲ့ လူမဆန်တဲ့ဆက်ဆံခံရမှုတွေကို ပြစ်တင် ရှုံ့ ချတယ်လို့ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ဆော်ဒီအာရေဗီးယားနိုင်ငံ မက္ကာမြို့မှာကျင်းပခဲ့တဲ့ OIC အဖွဲ့ရဲ့ ၁၄ ကြိမ်မြောက်ညီလာခံအပြီး ဇွန်လ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မြန်မာအစိုးရ အနေနဲ့ ကိုယ့်နိုင်ငံသားတွေ ကိုယ်အကာအကွယ်ပေးဖို့ တာဝန်ရှိတယ်လို့လည်း အဲဒီကြေ ညာ ချက် မှာဖေါ်ပြခဲ့ပါတယ်။

ဒါပေမယ့် အဲဒီထက်ပိုပြီး OIC ကပါဝင်ဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အနေနဲ့ မျှော်လင့်ခဲ့ တယ်လို့ ဆိုပါတယ်။

အခုကြေညာချက်လောက်ပဲထွက်လာတဲ့အတွက် စိတ်ပျက်ဝမ်းနည်းမိတယ် လို့ပြောပါတယ်။

ရိုဟင်ဂျာတွေသူတို့အခွင့်အရေးရအောင်တည်ဆောက်ပေးဖို့နဲ့ တရားမျှတမှုအတွက် မြန်မာကို ICJ နိုင်ငံတ ကာတရားမျှတရေးခုံရုံးတင်ဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာဆီနာက OIC အဖွဲ့ကို အရင်ကတည်းက တိုက်တွန်းတောင်းဆိုထားပါတယ်။

- ဆော်ဒီအာရေဗီးယားနိုင်ငံ မက္ကာမြို့မှာကျင်းပခဲ့တဲ့ OIC အဖွဲ့ရဲ့ ၁၄ ကြိမ်မြောက်ညီလာခံ (Photo - AFP)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */