Friday, October 25, 2019

အစိုးရနဲ့ တပ်ခေါင်းဆောင်တွေကို အရေးယူဖို့ ကုလကို AA တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
သန့်ဇင်ဦး
2019-10-24
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၇ နိုဝင်ဘာလ ၂၇ ရက်နေ့ကကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM မှာတွေ့ရစဉ် 
 
၂၀၁၁ ခုနှစ် ဇန်နဝါရီလကစလို့ ရခိုင့်တပ်တော် AA အပေါ် တပ်မတော်ရဲ့ထိုးစစ်တွေ စတင်ခဲ့ပြီးမြန်မာအစိုးရ အရာရှိတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်အပါအဝင် အခြားတိုင်းရင်းသားဒေသတွေက အရပ် သားတွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တရားမဝင်သတ်ဖြတ်မှုတွေ၊ ရိုက်နှက်ဖမ်းဆီးမှုတွေနဲ့ အရပ်သားတွေ ကို လူသားဒိုင်းအဖြစ် အသုံးပြုတာတွေရှိခဲ့တဲ့အတွက် ဒီလိုလုပ်ရပ်တွေဟာ စစ်ရာဇဝတ် မှုတွေဖြစ်တယ်လို့ ရခိုင့်တပ်တော် AA က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေအထွေညီလာခံအစည်းအဝေး ကျင်းပတဲ့နေ့မှာပဲ ရခိုင့်တပ်တော် AA က ဒီကြေညာချက်ကို ထုတ်ပြန်တာပါ။

တပ်မတော်ဟာ ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာချုပ်ပါ အချက်အလက်တွေကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှု ကျူး လွန်ခဲ့တယ်လို့ AA က စွပ်စွဲထားပါတယ်။

အဲဒီစစ်ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိအောင် တပ်မတော်ကို တရားစွဲဆိုပေးဖို့ နိုင်ငံတကာအသိုင်း အဝိုင်းကို မေတ္တာရပ်ခံတာဖြစ်တယ်လို့ ရခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကို ပြောပါတယ်။

"ရွာသားတွေကို ဖမ်းဆီးတာကအစ စစ်ဆေးတာကအစ အဲဒီ ဥပဒေကြောင်းအရ တကယ့် တရားနည်း တ ကျလုပ်တာ ဘာမှ မရှိဘူး၊ တချို့ဆိုလို့ရှိရင် ဖမ်းဆီးတဲ့အချိန်မှာ လက်လွန်ပြီးတော့ သေသွားတဲ့ သူတွေ လည်း အခုဆိုရင် မနည်းတော့ဘူး၊ ၂၀ ဝန်း ကျင်လောက်ရှိသွားပြီ၊ ဥပဒေမဲ့သတ်ဖြတ်မှုတွေ လည်း သူတို့ ဒါ တောက်လျှောက်လုပ်နေတယ်၊ အရပ်ဖက်ပစ်မှတ်တွေကို ဦးတည်တာ၊ ဒါဟာ ဆိုရင် တော့ ဂျီနီဗာကွန် ဗန်း ရှင်းကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်တာဖြစ်သလို ဒါဟာ လူသားတွေကို ပြစ်မှု ကျူးလွန်တာပဲ၊ လူ တွေကို သူ့နေရာကနေ သက်သက်မဲ့မောင်း ထုတ်နေတာ၊ နောက်ပြီးလို့ရှိရင် နောက်တစ်ခုရှိတာက ဒီလို၊ အဲလိုလက်နက်ကြီးနဲ့ ပစ်လို့ ရွာသားတွေပြေးသွားပြီဆိုတာနဲ့ သူတို့ကရွာ သားတွေပိုင်တဲ့ ပစ္စည်းတွေကို ရ သမျှခိုးယူတာ၊ နွားတွေ ကျွဲတွေကိုလည်း ရွာသားတွေမရှိတဲ့အခိုက် အကုန်လုံးခိုးယူသတ် စားနေတာ၊ ဒီ ဟာတွေဟာ မြေလှန်စနစ်ကျင့် သုံးနေတာဆိုတော့ အဲတာကြောင့် မလို့ ကျွန်တော်တို့ကနေပြီးတော့ ဒီဟာ တွေဟာ နိုင်ငံတကာအသိုင်း အဝိုင်း ကနေပြီးတော့ ဝိုင်းဝန်းတား ဆီးပေးကြဖို့ လိုတယ်ဆိုတာကို ဒါနိုင်ငံ တ ကာကို မေတ္တာရပ်ခံတာဖြစ်တယ်၊ နိုင်ငံတကာက အရေးမယူ ဘူးဆိုရင် မြန်မာစစ်တပ်ဟာ နောက်ထပ် လည်းပဲလုပ်နေဦးမှာပဲ"

မြန်မာအစိုးရနဲ့ တပ်မတော်ဟာ လှည့်စားမှုတွေ၊ လှုံ့ဆော်မှုတွေနဲ့ မမှန်ကန်တဲ့ သတင်းအချက်အလက် အ တုတွေ ကိုဖြန့်ဝေပြီး ရခိုင့်တပ်တော်နဲ့ မဟာမိတ်အဖွဲ့အစည်းတွေအပေါ် ထောက်ခံမှုတွေကျဆင်းအောင် လုပ်ဆောင်နေတဲ့ အပြင် ရခိုင်လူမျိုးတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လူမျိုးတွေ အပေါ် ဖြတ် လေးဖြတ်စနစ်နဲ့ တိုက်ခိုက်နေတယ်လို့ AA က ဆိုပါတယ်။

AA ကြေညာချက်ပါအချက်တွေဟာ စွပ်စွဲချက်တွေသာဖြစ်လို့ ထူးပြီး ချေပစရာမရှိဘူးလို့ တပ်မတော်သ တင်း မှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။

"စစ်ရာဇဝတ်မှုမြောက်နိုင်တယ် မမြောက်နိုင်ဘူးဆိုတာ လုပ်တဲ့သူ အပေါ် လုပ်တဲ့သူတွေက ပိုသိပါတယ် ဗျ၊ ဒီစွပ် စွဲချက်တွေဟာ အမြဲ တမ်းစွပ်စွဲနေတဲ့ စွပ်စွဲချက်တွေဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ထူးပြီး တော့ ချေပစ ရာမရှိပါဘူး၊ အဲမှာရှိနေတဲ့ အခုလောလောဆယ် တင်ပဲ မီးသတ်တပ်ဖွဲ့ဝင်တွေ ဖမ်းသွား တာတွေ၊ စစ်မှု ထမ်းဟောင်းတွေ သတ်ဖြတ်သွားတာတွေ၊ နေ့ခင်ကြောင်တော င်သတ်ဖြတ်သွားတာ တွေက အေအေ လုပ်နေတဲ့လုပ်ရပ်တွေက စစ်ရာဇဝတ်မှုမဟုတ်လို့ ဘာတွေလည်း၊ တပ်မတော်ကတော့ အင်အားအချိုး ညီ စွာ အသုံးပြုခြင်းဆိုတဲ့ဟာတွေ၊ ရွာနားလေးမှာ တိုက်ပွဲရှောင်ရှားတာတွေကို အမြဲ တမ်းလိုက် နာဆောင်ရွက် လျက် ရှိပါတယ်၊ အဓိကကတော့ ရခိုင်ပြည်နယ်မှာ အခုဖြစ်နေတဲ့ပြဿ နာ တွေ မတည်ငြိမ်မှုတွေ တရားဥပ ဒေ စိုးမိုးမှု လျော့နည်းနေ တာတွေရဲ့ နံပါတ်တစ်တရားခံက အေအေ ပဲဗျ"

တပ်မတော်ဟာ ရခိုင်ပြည်နယ်မှာ ဘာမှဖြတ်တောက်ထားတာမရှိဘဲ ကူညီကယ်ဆယ်ရေးတွေ အမြဲလုပ် ပေး နေ တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

AA ရဲ့ ကြေညာချက်အပေါ် လက်မခံသူတွေလည်း ရှိပါတယ်။

နိုင်ငံရေးနဲ့စစ်ရေးလေ့လာသူ ဦးမောင်မောင်စိုးက AA ရဲ့ထုတ်ပြန်ချက်ဟာ နိုင်ငံရေးဆွေးနွေးမှုနဲ့ ငြိမ်းချမ်း ရေးဖြစ် စဉ်အတွက် သက်ရောက်မှုရှိနိုင်လို့ ကိုယ့်ပြည်တွင်းပြဿနာကို ကိုယ့်ဘာသာပဲ ဖြေရှင်းသင့် တယ် လို့ သုံးသပ် ပါတယ်။ 

"အင်းသက်ရောက်မှုရှိနိုင်တာပေါ့၊ ဒီလိုထုတ်ပြန် တဲ့အတွက် ကြောင့် အစိုးရနဲ့ တပ်မတော်ခေါင်း ဆောင် ပိုင်း ကတော့ ကြိုက် မှာတော့ မဟုတ်ပါဘူး၊ ကောင်းတာကတော့ ကိုယ့်ပြည် တွင်း ပြဿနာကို ကိုယ့်ဘာ သာရှင်း တာ အကောင်းဆုံးပါပဲ၊ ရခိုင် ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေဟာ စစ်ရာဇဝတ်မှု ကျုး လွန် တယ် မကျူး လွန်ဘူး ဆိုတာတော့ အပြန်အလှန်စွပ်စွဲ မှု တွေရှိတာပေါ့၊ ကျွန်တော်တို့ကျတော့ တကယ် တမ်းစစ် ရာဇ ဝတ် မှုမြောက် သလား မမြောက်သလား ပြောဖို့ခက်ပါတယ်၊ ဒါပေမဲ့ စစ်မြေပြင်မှာတော့ တိုက်ပွဲတွေက ပြင်းထန် လာပြီ ဆိုရင်တော့ တစ်ဖက်နဲ့တစ်ဖက် အပြန် အ လှန်စွပ်စွဲမှုရှိမယ်ဆိုတာတော့ အမှန်ပါပဲ"

AA ကတော့ လက်နက်ကိုင်ပဋိပက္ခတွေကိုဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်းကို သူတို့ အနေနဲ့ ဆက်လက်ဖွင့်ထားတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီကလည်း ရခိုင်ပြည် နယ် မှာဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့တိုက်ပွဲတွေဟာ စစ်ရာဇဝတ်မှု မြောက်နိုင် တယ်လို့ တနင်္လာနေ့ကပြုလုပ်တဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေအထွေညီလာခံ အစည်းအဝေးရဲ့ အစီရင်ခံစာမှာ တင်သွင်းခဲ့ပါတယ်။

စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ တပ်မတော်ကို အကာအကွယ်ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံ တ ကာက စစ်ဆေးတဲ့အခါ အမှုတွဲအနေနဲ့ ထည့်သွင်းသင့်တယ်လို့ AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောပါတယ်။

"အခုဒေါ်စု အစိုးရလက်ထက်မှာ သူတို့လုပ်နိုင်တဲ့ဟာက ကျွန်တော်တို့တွေ့တာ နှစ်ခုပဲရှိတယ်၊ တစ်ခုက အဲဒီစစ်ရာဇဝတ်မှု ကျူးလွန်ထားတဲ့ ဗမာစစ်တပ်ကို သူတို့အသေအလဲ အကာအကွယ်ပေးတယ်၊ နောက် တစ်ခုက ပြည်သူတွေကို မတရားပုဒ်မတွေတပ်ပြီးတော့ ဖမ်းဆီးထောင်ချတာတွေ လုပ်တယ်ဆို တော့ အဲလိုမျိုးတွေလုပ်တာ က အခုပြောနေတဲ့ပြုပြင်ပြောင်းလဲရေး တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပြန်ပြီး တော့ ရင်ကြားစေ့ရေးတွေ အတွက် ဒါတော်တော်လေး အန္တရာယ်ကြီးတဲ့ကိစ္စဖြစ်တယ်၊ စစ်ရာဇဝတ်မှု ကျူးလွန်ထားတဲ့ ဗမာစစ်တပ်က စစ်ခေါင်းဆောင်တွေကို သူတို့အကာအကွယ်ပေးလို့ရှိရင် သူတို့လည်းပဲ စစ်ရာဇဝတ်မှုကျုးလွန်တဲ့အထဲမှာ ဒါအမှုတွဲအနေနဲ့ ပါကိုပါသင့်တယ်၊ ဒေါ်အောင်ဆန်းစုကြည်က တိုက် ခိုင်းလို့တိုက်ရပါတယ်လို့ သမ္မတရုံးက ပြောပြီးတဲ့နောက်ပိုင်း အခုကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေအားလုံး ဟာ ဒါဒေါ်အောင်ဆန်းစုကြည်မှာလည်းပဲ တာဝန်ရှိတယ်၊ ဒီစစ်ရာဇဝတ်မှုကျုးလွန်ရာမှာ သူလည်းပဲ ပူး ပေါင်းပါဝင်တာပဲ၊ သူအမိန့်ပေးလို့ ဟိုကတိုက်တာ၊ ဒီစစ်ရာဇဝတ်မှုကျူးလွန်တဲ့ဟာ အားလုံးဟာ ဒေါ် အောင်ဆန်းစုကြည်မှာလည်း တာဝန်ရှိတယ်၊ အဲတာကြောင့် နိုင်ငံ တကာကနေပြီးတော့ ဒီစစ်ရာဇဝတ်မှု ကို စစ်ဆေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထည့်ပြီးတော့ ဒါအမှုတွဲအနေနဲ့ပါသင့်တယ်လို့ ကျွန် ျတာ်တို့ကတော့ အဲလိုပဲမြင်တယ်"

AA ရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနဲ့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို RFA က ဆက်သွယ်ပေမယ့် ဒီကနေ့ညနေပိုင်းအထိ ဖုန်းလက် ခံဖြေကြားတာမရှိပါဘူး။ 
 
စစ်ခေါင်းဆောင်တွေကို အကာအကွယ်ပေးလို့ရှိရင် သူတို့ လည်းပဲ စစ်ရာဇဝတ်မှုကျုးလွန်တဲ့အထဲမှာ အမှု တွဲ အနေနဲ့ ပါကိုပါသင့်တယ်၊
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၇၀၀၀၀ ကျော်ရှိနေပေ မယ့် မြန်မာအစိုးရအနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို လျစ်လျူ ရှုထားသလို ကူညီကယ်ဆယ်ရေး တွေကို လည်း ငြင်းပယ် ခဲ့တယ်လို့ AA ရဲ့ကြေညာချက်မှာ ထည့်သွင်းဖော်ပြ ထားပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးမယ့်အပေါ် ငြင်းပယ်ခံထားရတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် အစိုးရ အနေနဲ့ ဖြေရှင်းပေးသင့်တယ်လို့ နိုင်ငံရေးနဲ့စစ်ရေးလေ့လာသူ ဦးမောင်မောင်စိုး က ဆိုပါတယ်။

"အဓိကကတော့ ရခိုင်မှာ အခုစစ်ဘေးရှောင်ဒုက္ခသည် ၇၀၀၀၀ လောက်ရှိပြီ၊ ဒီဒုက္ခသည်တွေ အကူအညီ ပေးဖို့နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် တခြားဘက်ကနေ လာရောက်အကူအညီပေးတာတွေနဲ့ ပတ်သက်လို့ ဟန့် တားတာတွေ ပိတ်ဆို့တာတွေရှိသလို အစိုးရအနေနဲ့ ကောင်းကောင်းမကူညီဘူးဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေ တယ်ဗျ၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းပေးဖို့ လိုအပ်မယ်လို့ ထင်ပါတယ်"

ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးကာလမှာ တပ်မတော်နဲ့ AA နှစ်ဘက်စလုံးက စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖဲ့ွ AI က ပြီးခဲ့တဲ့ မေလ အတွင်း ထုတ်ပြန် တဲ့အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီအစီရင်ခံစာအပေါ်မှာတော့ AA နဲ့ တပ်မတော်က အထောက်အထားမဲ့ စွပ်စွဲချက်တွေသာ ဖြစ်တယ်ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာ့တပ်မတော်က ဦးစီးလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေနဲ့ လူ့အခွင့်အရေးချိုးဖောက် မှု တွေ အတွက် တာဝန်ရှိတဲ့ တပ်မတော်ခေါင်းဆောင်တွေကို သီးခြားဖယ်ထုတ် အရေးယူပိတ်ဆို့ဖို့နဲ့ လုံခြုံ ရေးကောင်စီ ကလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို လွှဲပေးပြီး အရေး ယူဖြေရှင်းဖို့ ဒါမှမဟုတ် အရေးယူနိုင်မယ့် နိုင်ငံတကာခုံရုံး တစ်ခုတည်ထောင်ပေးဖို့ မစ္စ ယန်ဟီးလီက မနေ့က တိုက်တွန်းတောင်းဆိုထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့စုံစမ်းရေးမစ်ရှင်အဖွဲ့ FFM ဥက္ကဋ္ဌ မာဇူးကီ ဒါရုစ်မန်းကလည်း တပ်မ တော်ပိုင် စီးပွားရေးလုပ်ငန်းတွေဟာ တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ဖို့ ကူညီပံ့ ပိုး ပေးနေတယ် ဆိုတဲ့စုံစမ်းမှုတွေရရှိထားတဲ့အတွက် တပ်မတော်နဲ့ ဆက်စပ်ပတ်သက်တဲ့ စီးပွားရေးလုပ် ငန်းတွေကို အရေးယူဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */