Friday, December 13, 2019

ပြည်တွင်းတရားစီရင်ရေးစနစ်ကို မိမိတို့ဘာသာ ပြုပြင် ပြောင်းလဲခွင့်ပေးရန် ICJ ကို ဒေါ်စု လျှောက်ထား

Myanmar Now
Published on Dec 13, 2019

ပြင်ပမှဝင်ရောက် တရားစီရင်ပါက လက်နက်ကိုင်တပ်များက မိမိဘာသာပြန်လည်တည့်မတ်ကာ ကောင်း မွန်အောင် ကူညီပေးနေသည့် ခြေလက်တစ်ဘက်ကို ခွဲစိတ်ဖယ်ထုတ်လိုက်ခြင်းမျိုး ရလဒ် ထွက်လာလိမ့် မည် ဟု မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ပြောသည်။
မြန်မာနိုင်ငံ၏ အခြေခံဥပဒေအရ ကျင့်သုံးနေသည့် ပြည်တွင်း စစ်ဖက်ဆိုင်ရာ တရားစီရင်ရေးစနစ်ကို မျက် ကွယ်ပြုကာ နိုင်ငံတကာတရားရေးစနစ်ဖြင့် စီရင်ရန်ကြိုးပမ်းခြင်းသည် မိမိဘာသာ ပြုပြင်ပြောင်းလဲရန်၊ တိုး တက်ရန်၊ ပိုမိုစွမ်းဆောင်နိုင်ရန် ကြိုးစားနေသည့် အရေးကြီးသည့် ခြေလက်အစိတ်အပိုင်းတစ်ခုကို ဖယ်ရှား ပစ်သကဲ့သို့ ဖြစ်လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နယ်သာလန်နိုင်ငံ ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ယနေ့ တတိယနေ့အဖြစ် ကျင်းပသည့် ကြားနာပွဲ ဒုတိ ယပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း လျှောက်လဲရာ၌ နိဂုံးချုပ် ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး ယခုအမှုကို တရားရုံး၏ စာရင်းမှတ်တမ်းမှ ပယ်ဖျက်ပေးရန်လည်း လျှောက် ထားခဲ့သည်။

“ကျွန်မတို့နိုင်ငံရဲ့ အရပ်ဘက်၊ စစ်ဘက် ရာဇဝတ်တရားရုံးစနစ်တွေ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ အညီ လည် ပတ်ကျင့်သုံးနေနိုင်ရေးဟာ မြန်မာနိုင်ငံရဲ့ ပစ္စုပ္ပန်အတွက်၊ ပြီးတော့ အနာဂတ်အတွက် အသက်သွေးကြော တမျှ အရေးကြီးလှပါတယ်” ဟု ၎င်းက လျှောက်လဲသည်။

အာဆာ (ARSA) နှင့် ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် နှစ်နှစ်ကျော် အကြာမှာပင် ဒုတိယ မြောက် စစ်ခုံရုံးကိုဖွင့်လှစ်ကာ စစ်ဆေးနေနိုင်ပြီဖြစ်ကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆို သည်။










ထို့ပြင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် လက်ရှိ စစ်ဆေးနေဆဲ ဂူတာပြင်စစ်ခုံရုံးကိုလည်း ပြီးဆုံး သည်အထိ ခွင့်ပြုသင့်ကြောင်း ပြောသည်။

“လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း သီးခြားလွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ နောက်ဆုံး အစီ ရင်ခံစာတင်သွင်းပြီးတဲ့နောက်မှာလည်း နောက်ထပ် စစ်ခုံရုံးတွေ ထပ်ဖွင့်လှစ်နိုင်လိမ့်မယ်လို့ ကျွန်မ ယုံ ကြည် ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးများအနေဖြင့် နိုင်ငံတကာပြစ်မှုကြီးများကို စုံစမ်းစစ်ဆေးရာတွင် လေးနှစ်မှ ရှစ်နှစ်၊ တစ်ခါတစ်ရံ ထို့ထက်မက ကြာတတ်ကြောင်း သူက တင်ပြရင်း လက်ရှိ မြန်မာနိုင်ငံ အ ခြေခံဥပဒေ၏ အခန်းကဏ္ဍကို မေ့မထားဖို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

“ယူနိုက်တက် ကင်းဒမ်းတို့၊ အမေရိကန်တို့တို့မှာလိုပင် မြန်မာနိုင်ငံမှာလည်း စစ်ဖက်ဆိုင်ရာ တရားစီရင်ရေး ရှိတယ်ဆိုတာ အသေအချာပါပဲ။ အခြေခံဥပဒေနဲ့အညီသွားတဲ့ ဒီမိုကရေစီစနစ်နဲ့ တရားဥပဒေစိုးမိုးရေးတွေ မြန်မာ နိုင်ငံမှာ ဖြစ်ထွန်းစေချင်ရင်တော့ လက်ရှိ မြန်မာ့အခြေခံဥပဒေကို လျစ်လျူမရှုသင့်ပါဘူး” ဟု ၎င်းက ဆိုသည်။

ထို့ပြင် တရားမျှတမှုရှာဖွေရေး၏ အနှစ်သာရမှာ လူသားအားလုံး၏လုံခြုံရေးနှင့် အခွင့်အရေးကို ခိုင်မာစေ မည့် ပြန်လည်ရင်ကြားစေ့ရေးနှင့် သဟဇာတဖြစ်ရေးတို့ပင် ဖြစ်ကြောင်း၊ သမိုင်းနှင့်ချီသည့် အကြမ်းဖက် မှုများ ပြန်မဖြစ်စေရေးနှင့် နေရပ်စွန့်ခွာသူတို့ မိမိဆန္ဒနှင့်အညီ ပြန်လာနိုင်စေရေး ရည်ရွယ်ကာ တောင်အာ ဖရိကမှ အသွင်ကူးပြောင်းကာလ တရားမျှတမှုဆိုင်ရာ အကြီးအကဲ မစ္စတာ ရော့သ်မိုင်ယာ ၏ ညွှန်ကြားမှု ဖြင့် “In Transformation Initiative (ITI)” ကို ၂၀၁၉ ဇန်နဝါရီ အတွင်း စတင်ခဲ့ကြောင်းလည်း ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

“တိုင်းပြည်တစ်ပြည်ရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်စေမယ့် ဆုံးဖြတ်ချက်ကို လူကြီးမင်းတို့ဘက်က အသိ ပညာ၊ တရားမျှတမှုဆိုင်ရာ အမြင်တို့နဲ့ ပေါင်းစပ်ပြီးချမှတ်မယ်လို့ဆုတောင်းပါတယ်” ဟု မြန်မာကိုယ် စား လှယ် အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

နိဂုံးချုပ်အနေဖြင့် လက်ရှိ ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများ အ ဆုံးသတ်စေရေးသည် တိုင်းပြည်အတွက် အရေးအကြီးဆုံးလုပ်ရမည်ဖြစ်သော်လည်း ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များက ရခိုင်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခမျိုး တစ်ကျော့ပြန်ဖြစ်စေရန် မီးပြန်မမွှေးမိစေရေး လည်း ဆတူ အရေး ကြီးသည်ဟု သူက ဆိုသည်။

“မယုံသင်္ကာစိတ်တွေ ပွားစည်းလာစေမယ့်၊ သံသယတွေမျိုးစေ့ချမယ့်၊ ယခုမှ ယုံကြည်မှုအခြေခံအုတ်မြစ် ကို နုနုနယ်နယ် စတည်ဆောက်ခါစ အသိုင်းအဝိုင်းနှစ်ခုကြားမှာ မုန်းတီးစိတ်တွေ ဖန်တီးမယ့် ခြေလှမ်းတွေ လှမ်းမယ်ဆိုရင်တော့ ပြန်လည်ရင်ကြားစေ့ရေးကို ချည့်နဲ့သွားစေနိုင်မှာပဲဖြစ်ပါတယ်” ဟု ၎င်းက ပြော သည်။

“… ICJ ရဲ့ စီရင်ကြားနာမယ့်အမှုစာရင်းကနေ မြန်မာကို ဖယ်ရှားပေးဖို့ မေတ္တာရပ်ခံပါတယ်။ တစ်နည်းပြော ရ ရင်တော့ ဂမ်ဘီယာဘက်က တင်သွင်းထားတဲ့ ကြားဖြတ်အစီအမံများနဲ့ဆိုင်တာတွေ၊ ရည်ညွှန်းချက်တွေ ကိုလည်း ငြင်းပယ်ဖို့ တောင်းဆိုပါတယ်” ဟု မြန်မာအဖွဲ့ခေါင်းဆောင်က တရားသူကြီးအဖွဲ့အား တင်ပြ သွားသည်။

 Schabas.Jpg

မနက်ပိုင်းက ဂမ်ဘီယာရှေ့နေဘက်က စွပ်စွဲခဲ့သည့် အချက်ဖြစ်သော အမုန်းစကားများကို အစိုးရပိုင်းက တားဆီးခဲ့ခြင်းမရှိဆိုသည့်အပေါ် မြန်မာဘက်မှရှေ့နေ ဝီလျံ ရှေးဘားစ်က ချေပသည်။

“လူမျိုးတုံးသတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒ ပြင်းထန်လာတယ်ဆိုတဲ့ ပြောဆိုချက်ဟာ အချက်အလက်ပေါ်မှာ အ ခြေမခံတဲ့ ထင်မြင်ချက်တစ်ခုသာ ဖြစ်ပါတယ်။ ပြင်းထန်လာတယ်ဆိုတာအတွက် သက်သေ မရှိပါဘူး” ဟု ရှေးဘားစ်က ရုံးတော်ကိုတင်ပြသည်။

ယခုနောက်ဆုံး သတင်းအချက်အလက်များအရ ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းရန် အသိုင်းအဝန်းများ အ ကြား အဓိပ္ပါယ်ပြည့်ဝသည့် ထိတွေ့ဆက်ဆံမှုများ ရှိနေပြီဟုဆိုသည်။ 









“ျမန်မာနိုင်ငံ လူမှုကွန်ရက်ပေါ်မှာ အမုန်းစကား ဖြန့်ဝေမှုတွေ ရှိတယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး... ဒါတွေဟာ လူတစ်ဦးချင်းစီရဲ့ (လုပ်ရပ်) ဥပမာတွေသာ ဖြစ်ပါတယ်။ အစိုးရရဲ့ အမုန်းစကားတွေ မဟုတ်ပါ ဘူး” ဟု ရှေးဘားစ်က ဆိုသည်။ ထို့ပြင် “ဒါဟာ မြန်မာနိုင်ငံမှာပဲ သီးသန့်ဖြစ်နေတဲ့ ဖြစ်ရပ်တစ်ခု မဟုတ်ပါ ဘူး” ဟု သူက ဖြည့်စွက်ပြောသည်။

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို စွဲဆိုထားသည့်အမှု၊ ပထမအကြိမ် ကြားနာမှုသည် သုံးရက်ကြာခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၁၂ တွင်ပြီးဆုံးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ တရားရုံး တရားသူကြီး ယူစွတ် က “ထပ်မံ လိုအပ်သည့် အချက်အလက်များကိုလည်း ရုံးတော်မှ တောင်းခံပါက ပေး အပ်ရန်” ဟု ဆိုပြီး တရားခွင်ပြီးဆုံးကြောင်း ကြေညာခဲ့သည်။

မည်သည့်နေ့တွင် တရားခွင် နောက်တကြိမ်ပြန်လည် စတင်မည်ကို မသိရပေ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */