Tuesday, August 11, 2020

ရခိုင်မြောက်ပိုင်းမဲဆန္ဒရှင်စာရင်း ရိုဟင်ဂျာအတော်များများ မပါဝင်

VOA 
ဗွီအိုအေ (မြန်မာဌာန)
11 သြဂုတ်၊ 2020
သက်နိုင်
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မဲရုံတခုမှာ ရွေးကောက်ပွဲတာဝန်ရှိသူများ မဲရုံမဖွင့်မီ ပြင်ဆင်နေကြတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၀၈၊ ၂၀၁၅)
 
လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူတွေ စာရင်းမှာ ရိုဟင်ဂျာတွေ တော်တော် များ များ ပါမလာတဲ့အတွက် မဲပေးခွင့် ဆုံးရှုံးမှာ စိုးရိမ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်း ထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။
စစ်တွေနဲ့ ဘူးသီးတောင် မောင်တောမြို့နယ်တွေလို မွတ်ဆလင်တွေ အများအပြားနေထိုင်ရာ ဒေသတွေ မှာ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်စာရင်းမှာ ရိုဟင်ဂျာအများအပြား ပါမလာတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောနေပါတယ်။

၂၀၁၀ ပြည့်နဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေမှာပါ မဲပေးခွင့်ရခဲ့တဲ့ စစ်တွေမြို့နယ် သက်ကယ်ပြင်ကျေးရွာ က ဦးမြင့်နိုင် ကတော့ ဒီတကြိမ် မဲဆန္ဒရှင်စာရင်းမှာ ပါမလာတဲ့အတွက် မဲပေးခွင့်ဆုံးရှုံးမှာ စိုးရိမ်တယ်လို့ ပြောပါတယ်။

"၂၀၁၀ မှာတော့ ကျနော်တို့ မဲပေးခဲ့ပါတယ်။ မဲစာရင်းမှာလည်း ပါခဲ့ပါတယ်။ အခု ဒီမှာလာတဲ့ မဲစာရင်းမှာ သွားကြည့်တာ ကျနော်တို့ကတော့ မဲစာရင်းမှာမပါဘူး။ ကျနော်တို့ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးသွားမှာကို ကျနော်တို့ စိုးရိမ်တယ်။ ကျနော်တို့ဘက်မှာဆိုရင် ဒုက္ခသည်စခန်းရော ဒေသခံတွေနဲ့ ဆိုရင် လူဦးရေ ၂၀၀,၀၀၀ လောက်ရှိတယ်။ အခုမဲစာရင်းပါတာက ရာဂဏန်းလောက်ပဲရှိတယ်။"
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်တပ်ရဲ့ အုပ်ချုပ်မှု အဆုံးသတ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ကျင်း ပတဲ့ ၂၀၁၀ ပြည့် ရွေးကောက်ပွဲမှာ ရိုဟင်ဂျာတော်တော်များများ မဲပေးခွင့် ရခဲ့ကြသလို၊ ရိုဟင်ဂျာ လွှတ် တော်ကိုယ်စားလှယ် အနည်းဆုံး ၃ ယောက်လည်း ရွေးချယ်ခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ နိုင်ငံသားသတ်မှတ်ချက်နဲ့ ပတ်သက်လို့ မူဝါဒအပြောင်းအလဲတွေနဲ့အတူ မဲပေးခွင့် မရတဲ့အခြေအနေနဲ့ ရင်ဆိုင်လာကြရတာပါ။

ဒီတကြိမ် ရွေးကောက်ပွဲမှာ အရင်ရွေးကောက်ပွဲတွေတုန်းက မဲပေးခွင့်ရခဲ့သူတွေပါ မဲဆန္ဒရှင်စာရင်းမှာ ပါ မလာတဲ့အတွက် မဲပေးခွင့်ဆုံးရှုံးမှာ စိုးရိမ်မှုတွေ တိုးလာနေတာဖြစ်ပါတယ်။ ရိုဟင်ဂျာအများစုရှိရာ ရခိုင် ပြည်နယ်ကဒေသ တချို့မှာ မဲစာရင်းအမှားအယွင်းတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်ကို အကြောင်းကြားထားတယ်လို့လည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ အတွင်းရေးမှူး ဦးကျော်စိုး အောင်က ပြောပါတယ်။

"မောင်တောခရိုင်မှာရော၊ စစ်တွေခရိုင်မှာရော မဲစာရင်းကပ်တယ်။ ကပ်တဲ့ထဲမှာ ကျနော်တို့လူတွေက မဲစာ ရင်းမှာပါတာ တော်တော်နည်းတယ်။ ပြည်မနဲ့ ကွာတာက ဘာလဲဆိုတော့ အိမ်ထောင်စုစာရင်းမှာပါတဲ့ ၁၈ နှစ် ပြည့်ပြီး သားသူတွေ အကုန်လုံး မဲစာရင်းမှာပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေက ပါမလာဘူးရခိုင်မှာ။ နောက်ထပ် ထွက်လာအောင်တော့ ကျနော်တို့ ကြိုးစားနေတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီ ကို လည်း စာပို့ ထား တယ်။ နိုင်ငံတော် သမ္မတကြီးဆီကိုလည်း စာပို့ထားတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပု ဂ္ဂိုလ်ဆီကိုလည်း ပို့ထား တယ်။"

ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်စာရင်းတွေမှာ အချက်အ လက် မှားယွင်းတာတွေ မပါဝင်တာတွေ ရှိတယ်ဆိုရင်တော့ ပြင်ဆင်ခွင့်လျှောက်ထားဖို့ သောကြာနေ့အထိ အချိန်ပေးထားပါတယ်။

ဒီအထဲက အချက်အလက် အမှားအယွင်းတွေကို ပြင်ဆင်ဖြည့်စွက်ထားတဲ့ စာရင်းအသစ်ကိုတော့ ရွေး ကောက် ပွဲ မကျင်းပခင် တလလောက်အလို အောက်တိုဘာလမှာ ထပ်မံထုတ်ပြန်သွားဖို့လည်း ကော်မရှင် က စီစဉ်ထားပါတယ်။ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ပြောခွင့်ရ ဦးသူရိန်ထွဋ်ကတော့ မဲပေးခွင့် ရှိသူတွေအားလုံး စာရင်း ထဲမှာပါအောင် ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။ 



"ကျနော်တို့ကတော့ မဲစာရင်းကောက်တုန်းက အိမ်တိုင် အရောက်သွာကောက် ကြတာပေါ့။ အဲဒီထဲမှာ တောင် တက်ဘာတက် ဟိုသွား ဒီသွားနဲ့ မရှိဘူးဆိုတော့ အဲဒီအိမ်ကို ချန်ထားခဲ့မှာပေါ့နော်။ ချန်ထားခဲ့တော့ အခုမဲစာရင်းပါမှာ မဟုတ်ဘူး ပေါ့။ ဒါပေမယ့် အဲတာတွေကို အခုက ပြန်ကောက် နေတာလေ။ အဲကျန်ခဲ့လူတွေ မကျန်ခဲ အောင်ဆိုပြီး တော့ ကြေငြာပြီးတော့ကို သေချာမဲစာရင်း ကပ်ထားပေး တာလေ။ အဲတုန်းက ကျန်နေခဲ့တဲ့ သူတွေ ကို အခုအချိန်ထည့်လိုက်ပေါ့ တာဆိုပြီးသွားပြီ ရှင်းရှင်း လေးပဲ။" 

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်တုန်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ကြီးလေးတဲ့ လူ့အ ခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားပြီး၊ လူနည်းစုတွေကို ဖိနှိပ်မှုတွေ အဆုံးသတ်ဖို့နဲ့ နိုင်ငံသားအခွင့်အရေးတွေ ပေးဖို့လည်း တိုက်တွန်းနေကြတာ ပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုတဲ့ မြန်မာအစိုးရနဲ့ တပ်မတော်ဘက်ကတော့ နိုင်ငံ တကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ တာ မရှိကြောင်းနဲ့ အခြေခံအခွင့်အရေးတွေကိုလည်း ဥပဒေနဲ့အညီ ခံစားခွင့်ပြုထားကြောင်း ပြောဆိုထားပါ တယ်။ 

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */