Thursday, July 2, 2020

ရိုဟင်ဂျာ မွတ်စလင်တွေ ဆန္ဒမဲပေးခွင့်ရဖို့ တောင်းဆို

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
01.07.2020
■ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးခွင့်ပေးဖို့နဲ့ ဝင်ရောက်ရွေးချယ်ပိုင်ခွင့်ပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဒီမိုကရေစီနဲ့ လူ့ အခွင့်ရေးပါတီက တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေဟာ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေမှာ ပါဝင် ဆန္ဒမဲပေးခွင့် ရရှိခဲ့ပြီး ရွေးကောက်ပွဲသမိုင်းမှာ အဆင်အလာကောင်းတွေ ရှိတာကြောင့် ၂၀၂၀ မှာလည်း မဲပေးခွင့်ပေးဖို့ တောင်းဆိုတာလို့ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီအတွင်းရေးမှူး ဦးကျော်စိုးအောင်က ပြောပါတယ်

ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က ယာယီသက်သေခံကတ်ပြား ကိုင်ဆောင်သူတွေ မဲဆန္ဒပေးခွင့် မရှိဘူး ဆိုပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ဦးဆောင်တင်ပြတာကို ဖွဲ့စည်းပုံခုံရုံးက အတည် ပြုပြီးနောက်ပိုင်း ရွေးကောက်ပွဲမှာ မဲပေးခွင့် ဆုံးရှုံခဲ့ရသလို့ အရွေးချယ်ခံဖိ့ု လျှောက်ထားသူတွေကိုလည်း ပယ်ချခံရတယ်လို့လည်း ဦးကျော်စိုးအောင်က ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲက မောင်တောခရိုင်မှာ ရိုဟင်ဂျာ ၁၀ သိန်းကျော် မဲပေးခွင့်ရခဲ့သလို့ ကိုယ်စားလှယ် ခုနှစ်ဦး ရွေးချယ်ခံခဲ့ရပေမယ့် ၂၀၁၅ မှာ မဲပေးခွင့် မရခဲ့ဘူးလို့ ဦးကျော်စိုးအောင်က ပြောပါတယ်။

၂၀၂၀ မှာ ရိုဟင်ဂျာတွေ မဲပေးခွင့်ရဖို့ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံပွဲမှာ မေးမြန်းခဲ့ပေမယ့် တိကျတဲ့ အဖြေမရခဲ့ဘူးလို့လည်း ဦးကျော်စိုးအောင်က ပြောပါ တယ်။

နှစ်ပေါင်း ၇၀ အထိ နိုင်ငံသားအခွင့်အရေး ရရှိသူတွေ ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့်ရသူတွေကို ၂၀၁၅ ခုနှစ်ကစပြီး ပါဝင်ခွင့်မပေးတာဟာ နိုင်ငံသားဖြစ်နေတာကို ရုပ်သိမ်းတာ၊ နိုင်ငံမဲ့ဖြစ်အောင် ပြုလုပ်နေ တယ် လို့လည်း စာမှာပါရှိပါတယ်။

ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့်မပေးတာဟာ ICJ မှာပါတဲ့အချက်တွေနဲ့ ငြိစွန်းနိုင်တယ်လို့ ဖော်ပြထားပါ တယ်။

မဲစာရင်းတွေကိုလည်း အိမ်ထောင်စုစာရင်းတွေ၊ ၂၀၁၀ ရွေးကောက်ပွဲက မဲစာရင်းတွေကို အခြေခံပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။

 Source: FB 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */