Thursday, July 2, 2020

နိုဝင်ဘာရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေတချို့ပြောင်း လဲမှု အပေါ် ဝေဖန်မှုတွေရှိ

VOA 
ဗွီအိုအေ (မြန်မာဌာန)
02 ဇူလိုင်၊ 2020
မေခ
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေတချို့ကို အပြောင်းအ လဲ လုပ်ထားတဲ့အတွက် အချေအတင် ပြောစရာ ဖြစ်လာနေတဲ့အကြောင်း မမေခ တင်ပြပေးမှာပါ။

နိုဝင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေတွေကို ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ရာမှာ အပြောင်းအလဲတွေ ရှိခဲ့တဲ့အတွက် ဝေဖန်သံတွေ ထွက်ပေါ်လာ တာပါ။ အထူး သဖြင့် တိုင်းရင်းသားဒေသတွေမှာ မဲဆန္ဒနယ်မြေတချို့ အပြောင်းအလဲ ရှိခဲ့တဲ့အတွက် သက် ဆိုင်ရာနယ်မြေအတွက် ကိုယ်စားပြုမှုတွေကို ထိခိုက်မှာ စိုးရိမ်နေကြတာပါ။


SEE ALSO:
မြန်မာအထွေထွေရွေးကောက်ပွဲများ နိုဝင်ဘာ ၈ ရက် ကျင်းပမည်



ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ကယား၊ ရခိုင်၊ ရှမ်းပြည်နယ်တွေနဲ့ ဧရာဝတီတိုင်း အတွင်း က အမျိုးသားလွှတ်တော် နယ်မြေအမှတ်တချို့မှာ အပြောင်းအလဲတွေ လုပ်ခဲ့သလို အရင်က ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့တဲ့ ရှမ်းပြည်နယ် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွေဖြစ်တဲ့ ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမောမြို့နယ်တွေလည်း ပါဝင်လာပါတယ်။

ဒါပေမဲ့လည်း ဒီလိုအပြောင်းအလဲတွေဟာ သက်ဆိုင်ရာဒေသတွေက နိုင်ငံရေးအင်အားစုတွေနဲ့ တိုင်ပင် ဆွေးနွေးမှုမရှိဘူးဆိုပြီး ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်ဘီထူး တို့လို တိုင်းရင်းသား နိုင်ငံရေးသမားတွေက ထောက်ပြနေကြတာပါ။

"တချို့မဲဆန္ဒနယ်တွေကို ဟိုဘက်ပေါင်းလိုက် ဒီဘက်ကိုထည့်လိုက်လုပ်တယ် ဘာကြောင့်လုပ်လဲ မသိ ဘူး။ တချို့ကိုယ်စားလှယ်တွေက အရင်တိုင်းပဲ ဖြစ်မယ်လို့ထင်ထားတော့ ဝင်ပြိုင်ဖို့ ခက်ခဲသွားတဲ့ အနေ အထား မျိုးတွေ တွေ့ရတယ်။ ကိုယ်စားလှယ်လောင်းတွေ ဝင်ပြိုင်မယ့်နေရာ အပြောင်းအလဲဖြစ် သွား တော့ မဲဆန္ဒ နယ် ပြောင်းပြီးတော့ ဝင်ပြိုင်ရမလိုလို ၊ ဒါမှမဟုတ်လည်း သူတို့နယ်မြေထဲမှာပဲ ဆက်ပြီး တော့ ဝင်ပြိုင်ရမ လိုလို အဲလိုအခက်အခဲတွေ ကျနော်တို့ တွေ့ရတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကော်မရှင်ကိုမေး တော့ လူဝင်မှူ ကြီးကြပ်ရေးကနေ စာရင်းရတယ် အဲဒါကို ညှိပြီးတိုင်ပင်ပြီးမှ လုပ်တာဆို တော့ ကျနော်တို့ အ နေနဲ့ ဒါက မတရားဘူးလို့ယူဆတယ်။ နိုင်ငံရေးပါတီတွေနဲ့တိုင်ပင်သင့်တယ်။"

နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သတ်ပြီး အငြင်းပွားနေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တောမှာလည်း ဒီနှစ်ရွေး ကောက်ပွဲမှာ မဲဆန္ဒနယ်မြေတခုကို လျှော့ချထားပါတယ်။ မွတ်ဆလင်အများစုရှိရာ ဒေသမှာ အခုလို အ ပြောင်း အလဲ လုပ်ခဲ့တာဟာ အခြေခံအခွင့်အရေးတွေကို ငြင်းပယ်နေတာလား ဆိုပြီးတော့လည်း ဒီမိုကရေ စီနဲ့ လူ့အခွင်အရေးပါတီက ဦးကျော်စိုးအောင်က မေးခွန်းထုတ်ပါတယ်။ 

"၂၀၁၀တုန်းက အမျိုးသားလွှတ်တော် မောင်တောမှာ ၂ နေရာ ၊ ပြည်သူ့လွှတ်တော် ၁ နေရာ ပြည်နယ် လွှတ်တော် ၂ နေရာ ၊ အဲလိုမျိုးနဲ့ နေရာသတ်မှတ်ပြီးတော့ ကျနော်တို့ဘက်က လူတွေကလည်း ၇ ယောက် တောင်ရွေးချယ်ခံနိုင်ခွင့်ရခဲ့တယ်။ ၂၀၁၅တုန်းကလည်းဒီအတိုင်းဘဲ ၂၀၁၅မှာ အမျိုးသားလွှတ် တော် ၂နေရာ မောင်တောမှာ ရှိတယ်ဆိုတာက အဲဒီ ၂နေရာ စလုံးကို မဲထည့်မယ့်လူတွေက နိုင်ငံသား ဖြစ်တဲ့အတွက် အမျိုးသားလွှတ်တော် ၂ နေရာသတ်မှတ်တယ်လို့ ကျနော်တို့ ယေဘုယျ အားဖြင့် ဥပဒေ အရကော နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ ယူဆလို့ရတယ် သတ်မှတ်ထားတယ်။ လူနည်းစု အခွင့်ရေးဆုံးရှုံး နေတာ လက်တွေ့သိရတယ် တွေ့ရတယ်။ ဒီလို တွေ့ရသိရတော့ နိုင်ငံတော်ရေရှည်မကောင်းဘူး ပေါ့ နော်။”

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် မြို့နယ်အားလုံးမှာ ရွေးကောက်ပွဲတွေကို ကျင်းပသွားဖို့ လည်း ကော်မရှင်က ကြေညာထားပါတယ်။ ဒါပေမယ့်လည်း လုံခြုံရေးအရ စိန်ခေါ်မှုတွေကြားမှာ လွတ်လပ် မျှတမှုရှိရှိ ကျင်းပနိုင်ပါ့မလားဆိုတာကိုလည်း ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှ တို့လို ဒေသ ခံနိုင် ငံရေးအသိုင်းအဝန်းက စိုးရိမ်နေပါတယ်။

“ထိခိုက်မှုက အဲဒီမှာကျနော်တို့ လူနည်းစု ရခိုင်လူမျိုးပါတီတွေရှိတယ်။ မြိုတိုင်းရင်းသားပါတီတို့လိုမျိုး ဒီလို မျိုးနွယ်စုပါတီတွေ အဲဒီဘက်မှာအခြေစိုက်တာများတယ် ။ ဝင်ပြိုင်မယ့် မဲဆန္ဒနယ်တွေ အရေအ တွက် ထိ ခိုက် မှုရှိတယ်လို့ မြင်တယ် ။ ဘာပဲပြောပြော ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ သူတို့ လုပ် ဆောင်နေတာက ဘယ်လိုပြောမလဲဆိုရင် တိတိကျကျ ဘာအဖြေမှ မပေးနိုင်တဲ့ အခြေအနေမျိုး လို့ မြင်ပါတယ်။”

ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့ ကော်မရှင်ဟာ ရွေးကောက်ပွဲ လုပ် ငန်းစဉ်နဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေ မရှိဘူးဆိုပြီး နိုင်ငံရေး ပါတီ တချို့က ဝေဖန်နေကြသလို၊ သတင်းအချက်အလက် ထုတ်ပြန်မှုတွေမှာလည်း ပွင့်လင်းမြင်သာမှု မရှိဘူးဆို ပြီး စွပ်စွဲတာတွေလည်း ရှိနေပါတယ်။ အခုလို မဲဆန္ဒနယ်မြေတချို့မှာ အပြောင်းအလဲ လုပ်ခဲ့တာ အပါအဝင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ မေးခွန်းတွေထွက်ပေါ်နေတာတွေနဲ့ ပတ်သက်လို့ ကော်မရှင်ကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ဖြေကြားတာ မရှိပါဘူး။ 

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */