11ဒီဇင်္ဘာ 2019
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ အပါအဝင် တပ်မတော်အရာရှိ ၄ ဦးကို အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက စီးပွားရေးအရ ဒဏ် ခတ်ပိတ်ဆို့လိုက်တာဟာ ဂုဏ်သိက္ခာပိုင်းအရ ထိခိုက်တယ်ဆိုပြီးတော့ တပ်မတော်သတင်းမှန် ပြန် ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့ခံခဲ့ရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ် သန်းဦး နဲ့ ဗိုလ်မှူးချုပ် အောင်အောင်တို့ဟာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ ဒါမှမဟုတ် ဖက်စပ်စီးပွားရေးလုပ်ငန်းတွေမှာ သူတို့ရင်းနှီးမြုပ်နှံထားတဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်အစိုးရက ထိန်း ချုပ်လိုက်ခံရမှာ ဖြစ်ပါတယ်။
"သူတို့ ပိတ်ဆို့တဲ့ သူတွေမှာ နိုင်ငံခြားမှာ စီးပွားရေးအရ လုပ်ဆောင်ထားတာတွေ မရှိပါဘူး၊ ရှိနိုင်စ ရာ လည်း အကြောင်းမရှိပါဘူး၊ သို့သော်လည်း ဂုဏ်သိက္ခာပိုင်းတော့ ထိခိုက်တာပေါ့" လို့ ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ဘီဘီစီကို ပြောပါတယ်။
- အိုင်စီဂျေအမှာ မြန်မာကို တရားစွဲထားတဲ့ကိစ္စ တပ်မတော် ဘယ်လို ရပ်တည်သလဲ
- ICJ အမှု ဖြေ ရှင်း ဖို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အဖွဲ့မှာ တပ်ကိုယ်စားလှယ် မပါ
လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်လို့ တပ်မတော်အနေနဲ့ ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူဖို့ လည်း လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ "ရခိုင်အရေးကိစ္စနဲ့ ပတ်သက်လို့ ပဋိပက္ခဖြစ်ပွားရတဲ့ အကြောင်းရင်းကို စတင်ခဲ့တာဟာ အဲ့ဒီမှာရှိနေတဲ့ တိုင်းရင်းသားမဟုတ်တဲ့ ARSA အကြမ်းဖက်အဖွဲ့က စခဲ့တာပါ၊ ဒီနောက် ခံလေးကိုတော့ အလေးထားဖို့ လိုမယ်ထင်ပါတယ်၊ ကျွန်တော်တို့က လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ကိစ ္စတွေကို အစိုးရ ညွှန်ကြားချက်နဲ့ အညီ လုပ်ဆောင်ခဲ့တာ" လို့ ပြောပါတယ်။
- ကြားဖြတ်အစီအမံကြားနာမှု - မြန်မာနဲ့ ဂမ်ဘီယာအမှု အိုင်စီဂျေမှာ ဘာတွေလုပ်မှာလဲ
- မြန်မာကို စွပ်စွဲ ထား တဲ့အမှု အိုင်စီဂျေမှာ ဂမ်ဘီယာ ဘာတွေ လျှောက်လဲသွားလဲ
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အမေရိကန်ပြည်ထောင်စုဟာ မြန်မာအစိုးရနဲ့ တပ်မတော်ရဲ့ လူ့အခွင့် အရေး ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုတွေကို လျစ်လျူရှုနေတာ ဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေးအရ ဖိအားပေး ပစ် မှတ်ထား ဆောင်ရွက်တယ်လို့ပဲ မြင်ပါတယ်လို့ ပြောပါတယ်။
"သူတို့က ပစ်မှတ်ထားပြီး နိုင်ငံရေး အာဂျန်ဒါနဲ့ လုပ်နေတာ… ကျွန်တော်တို့က ပြန်ဖြေရှင်းဖို့ မရှိပါဘူး"လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
လက်ရှိမှာ မြန်မာ့တပ်မတော်ဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အသိပေးမှုတွေ၊ သတိပေးမှုတွေ၊ ပညာပေးမှု တွေကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး လူ့အခွင့်အရေးနဲ့ ပတ်သက် တဲ့ သင်ခန်းစာတွေကို တပ်ခွဲမှူး၊ တပ်စုမှူး၊ တပ်ရင်းမှူး သင်တန်းတွေမှာ ပို့ချနေပါတယ်" လို့ ဗိုလ်မှူးချုပ် ဇော် မင်းထွန်းက ဆက်ပြောပါတယ်။
အခုလို အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် နိုင်ငံတကာရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာဖို့ ထိခိုက်မှု မရှိနိုင်ဘူးလားလို့ ဘီဘီစီက မေးရာမှာတော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက "လူပုဂ္ဂိုလ်ကို ပိတ်တာလေ၊ နိုင်ငံတော်ကို ပိတ်တာ မဟုတ်ဘူး၊ အရင်တုန်းကလည်း အမေရိကန်က နိုင်ငံထဲမှာ တိုက်ရိုက် ရင်းနှီးမြုပ်နှံ မှုရှိတဲ့ နိုင်ငံမျိုးလည်း မဟုတ်ပါဘူး၊ လုပ်မယ်ဆိုတဲ့ မျှော်လင့်ချက်လည်း မရှိပါဘူး၊ ကျွန်တော်တို့နဲ့ ရင်းနှီး မြုပ်နှံမှုလုပ်နေတဲ့ နိုင်ငံတွေက ယခင် တပ်မတော်အစိုးရလက်ထက်ကတည်းက လုပ်နေတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
Link : Here
No comments:
Post a Comment