RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-20
ရခိုင်ပြည်နယ် မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်အစပ်က တောင်ဆိပ်မြစ်နဲ့ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ် အကြားက မယူမြစ်အတွင်းမှာရှိတဲ့ အစိုးရတပ်မတော်ရဲ့ ရေယာဉ်တွေကို ရက္ခိုင့်တပ်တော် AA က မနေ့ ကနဲ့ ဒီနေ့မနက်မှာ ဒုံးပစ်လောင်ချာတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
2019-07-20
ရက္ခိုင့်တပ်တော် AA ရဲ့ အမှတ်တံဆိပ်ကို တွေ့ရစဉ်
Photo: RFA
Photo: RFA
ရခိုင်ပြည်နယ် မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်အစပ်က တောင်ဆိပ်မြစ်နဲ့ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ် အကြားက မယူမြစ်အတွင်းမှာရှိတဲ့ အစိုးရတပ်မတော်ရဲ့ ရေယာဉ်တွေကို ရက္ခိုင့်တပ်တော် AA က မနေ့ ကနဲ့ ဒီနေ့မနက်မှာ ဒုံးပစ်လောင်ချာတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုကြောင့် တစ်စုံတရာ ထိခိုက်တာမရှိခဲ့ဘဲ ဒီနေ့ နေ့လည် ၁၂ နာရီခန့်အထိတော့ ပစ်ခတ်မှုနဲ့ ပတ် သက်လို့ ကျေးရွာတွေကို တပ်မတော်ဘက်က ဝင်ရောက်စစ်ဆေးတာမရှိသေးကြောင်းနဲ့ လိုအပ်ရင် စစ်
ဆေး သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
တပ်မတော်ရေယာဉ်တွေကို ရက္ခိုင့်တပ်တော် AA ဘက်က တိုက်ခိုက်တာတွေနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦး က အခုလိုပြောပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၉ ရက်နေ့ မနေ့ကလည်း မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်အစပ် တောင်ဆိပ်မြစ် အတွင်းက အစိုးရတပ်မတော်ရဲ့ ရေယာဉ် နှစ်စီးကို ရက္ခိုင့်တပ်တော်AA ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာရှိ တယ်လို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကပြောပါတယ်။
အစိုးရတပ်မတော်ရဲ့ ရေယာဉ်တွေကို ပစ်ခတ်တာနဲ့ ပတ်သက်လို့ ခိုင်သုခ ပြောတာက
"ဗမာစစ်တပ်က ကျနော်တို့ကို အခုတိုက်နေတဲ့ စစ်ဆင်ရေးမှာ ကြည်း၊ ရေ၊ လေ အကုန်ပါပြီးတော့ တိုက်နေတယ်။ အခု ကြည်း တပ်တွေက အထိအခိုက်များပြီးတော့ ၁၈ ရက်နေ့မှာ တိုက်ခိုက် ခံရတာပေါ့။ ၁၉ ရက်နေ့ မှာ အမ်းကနေပြီးတော့ တိုက်ပွဲဖြစ် တဲ့ နေရာ မြေပုံမြို့နယ်အစပ်ကို သူတို့ကားနဲ့ မလာရဲ တော့ ဘူး။ မလာရဲ တော့ ရေတပ်ကနေပြီးတော့ ကျောက်ဖြူဘက် ကနေပို့ တာ။ စစ်တွေဘက်ကနေပြီး လည်းပို့ တယ်။ ရေတပ် ကနေ တ ဆင့် စစ်ကူတွေပို့နေတာ။ အဲဒါကြောင့်မို့လို့လည်း ကျနော် တို့က ရေတပ်ကို လည်း ပစ်ရတာ"
တောင်ဆိပ်မြစ်အတွင်း အစိုးရရေယာဉ် နှစ်စင်းကို AA ဘက်က တိုက်ခိုက်ခဲ့ပြီး အစိုးရတပ်မတော်ဘက်က ထိခိုက်မှုများခဲ့တယ်လို့ AA ဘက်က ပြောထားပါတယ်။
ဒါပေမဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အဲဒီတိုက်ပွဲမှာ တပ်မေ တာ်ဘက်က အနည်းအကျဉ်းသာ ထိခိုက်မှုရှိပြီး အသေးစိတ်မသိရသေးကြောင်း ပြောပါတယ်။
တောင်ဆိပ်မြစ်အနီးမှာရှိတဲ့ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးကျေးရွာက ဒေသခံတစ်ဦးကတော့ မနေ့က အ စိုးရ တပ်မတော်ရဲ့ ရေယာဉ်တစ်စင်းပေါ်ကို လက်နက်ကြီးကျပြီး မီးခိုးတွေထွက်တာကို မြင်ခဲ့ရကြောင်းနဲ့ ရေယာဉ်ဟာ ကျောက်ဖြူမြို့ကို ပြန်ဆုတ်သွားတယ်လို့ သိရကြောင်း RFA ကို ပြော ပါတယ်။
AA ဘက်က တပ်မတော်ရေယာဉ်တွေကို အခုလိုပစ်ခတ်မှုတွေကြောင့် အနီးနားကျေးရွာတွေက ဒေသ ခံ တွေကို တပ်မတော်က ဝင်ရောက်စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်မှာကို ဒေသခံတွေနဲ့ လွှတ် တော် ကိုယ်စားလှယ်တွေက စိုးရိမ်နေကြပါတယ်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် ကသူရဲ့ စိုးရိမ်ချက်ကို အခုလိုပြောပါတယ်။
"ပစ်တာခတ်တာတွေရှိရင် အနီးနားက ရွာတွေအတွက် စိုးရိမ်ရတယ်။ လူတွေကို ဖမ်းတာဆီးတာရှိ တယ်။ စစ်တွေမှာ နေဗီ အပစ်ခံရတုန်းကလည်း တော်တော်ဖမ်းတာပဲ။ အနီးနားက ရွာတွေက ဖမ်းတာပဲ။ အခု လည်း စစ်တာဆေးတာ ဖမ်းတာတွေရှိနိုင်တယ်။ စိုးရိမ်လို့လည်း လူတွေ ပြေးကြတာပေါ့။ လက်နက် ကြီး၊ လက်နက်ငယ်ကျရင် သူတို့ပြေးပြီလေ။ မနေ့က ပြေးတာတော့ အမြင့်တောင်၊ ရေဆိုးချောင်း က လည်း ပြေးတယ်။ နောက် ခရုချောင်း အဲရွာတွေ ပြေးတယ်။ မနေ့က ရသေ့တောင်မြို့ပေါ်မှာ လူဦးရေ တိုးတယ်။ စစ်ဘေးဒုက္ခသည် ဦးရေ"
ဇူလိုင်လ တတိယအပတ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းက ပလက်ဝ၊ ဘူးသီးတောင်၊ ရသေ့ တောင်၊ အမ်း၊ မြေပုံနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အခုလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့တွေမှာ ဘူးသီးတောင်မြို့နယ်အတွင်းက ကံပြင်ကျေးရွာ တစ်လျှောက်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေဖြစ်လို့ ကံပြင်ကျေးရွာမှာ ဒေသခံတွေမရှိတော့ဘဲ စေတီတောင်ကျေးရွာ၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့ပေါ်တွေကို ထွက်ပြေးခဲ့ကြရပါတယ်။
တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်ထဲက ကံပြင်၊ စည်တောင်၊ စပါးထ၊ ကွမ်းတောင်၊ နွားရုံ တောင်၊ ဥယျာဉ်တောင်၊ သပြေဆိပ် အစရှိတဲ့ ကျေးရွာ ၁၀ ရွာခန့်က ဒေသခံ ၄၀၀၀ ကျော်ဟာ ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါ တယ်။
အိုးအိမ်စွန့်ခွာထွက်ပြေးကြရတဲ့ ဒေသခံတွေသတင်းနဲ့ ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် ပြည်နယ် လွှတ် တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း ပြောတာက
"မိမိနေရပ်အိုးအိမ်ကို စွန့်ခွာပြေးတယ်ဆိုတာ ဘယ်လိုအဆင်ပြေနိုင်မလဲ။ အခုဒီမှာက ကျနော်တို့ ဒုက္ခ သည် စခန်းဆိုတာကလည်း သတ်သတ်မှတ်မှတ် ရှိတာမဟုတ်ဘူး။ နီးစပ်တဲ့ရွာတွေမှာ ဆွေမျိုးတွေ ဆီ မှာ ကုတ်ကပ်ပြီးနေရတာတွေရှိတယ်။ ကံပြင်မှာ ဖြစ်တဲ့ဟာနဲ့ တစ်ဆက်တည်း နွားရုံတောင်ရယ်၊ သျှီရှား တောင် ရယ်၊ ဆင်သေရယ်မှာ ဖြစ်တယ်လို့လည်း ကျနော်တို့ ကြားပါတယ်ခင်ဗျ"
စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံးက ကောက် ယူ ထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် ငါးသောင်းကျော် အထိရှိနေပါတယ်ရှင်။
(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)
Link : Here
No comments:
Post a Comment