Monday, May 13, 2019

ကျောက်တော်-ပလက်ဝနဲ့ အမ်းမြို့နယ်မှာ တိုက်ပွဲ တွေ ဆက်တိုက်ဖြစ်နေ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-13
ပလက်ဝမြို့ အဝင်ဝကို တွေ့ရစဉ်


 ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့ကြားမှာ ဒီနေ့ တနင်္လာမနက်ကစလို့ မြန်မာ့ တပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်နေပြီး နှစ်ဖက် အထိအခိုက် အကျအဆုံး ရှိတယ်လို့ သတင်းရရှိပါတယ်။

ဒီနေ့တိုက်ပွဲတွေမှာ AA ဘက်က တစ်ယောက်ကျဆုံးတယ်လို့ အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကိုအတည်ပြုပြောဆိုပါတယ်။ ဒါ့အပြင် မြန်မာ့တပ်မတော်က အင်အားတွေဖြည့်နေတဲ့အတွက် မေလ ၁၂ ရက်နေ့က အမ်းမြို့နယ်ဘက်မှာ AA အဖွဲ့က မြန်မာ့တပ်မတော်ကို ကြားဖြတ်တိုက်လိုက်တယ်လို့ အဖွဲ့ပြန် ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

အင်အားဖြည့်တာ၊ ရိက္ခာပို့တာ၊ ဒဏ်ရာရတဲ့သူတွေကိုပြန်ပို့တာဟာ လစဉ်ပုံမှန်လုပ်နေကြဖြစ်သလို၊ အင် အား ကိုလဲ ကုန်းလမ်း၊ ရေလမ်းအဆင်ပြေသလိုပို့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။

RFA ဝိုင်းတော်သား ကိုနေရိန်ကျော်တင်ပြထားပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */