B B C
ဘီဘီစီ မြန်မာပိုင်းမေလ ၂၇ ၂၀၂၀
အပြည်ပြည်ဆိုင်ရာပူးပေါင်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင်က ပြန်ရှင်း
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖြည့်စွက်ဘတ်ဂျက်တောင်းခံမှုမှာ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအတွက် ဘတ်ဂျက် တောင်းခံမှု ပါဝင်နေတာနဲ့ ပတ်သက်လို့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ တင်ပြ တောင်းခံခဲ့တာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုယ်စား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦး ကျော်တင် မေလ ၂၇ ရက်နေ့ ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းဝေးမှာ ရှင်းလင်းသွားခဲ့ပါ တယ်။
ဗိုလ်ချုပ်ရုပ်ရှင် အတွက် နိုင်ငံတကာက မှတ်တမ်းမှတ်ရာတွေ တောင်းခံဖို့ လိုအပ်ရင် သံတမန် ချောအိတ် သယ်ယူပို့ဆောင်ခ အတွက် ကျပ်သန်း၅၀ တောင်းခံရာမှာ ထည့်သွင်းတောင်းခံခဲ့တာဖြစ်တယ်လို့လည်း ဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။
ရုပ်ရှင်နဲ့ ပတ်သက်ပြီးမှတ်တမ်းမှတ်ရာတွေအတွက် ဆက်သွယ်တောင်းခံရာမှာ အသုံးပြုဖို့ရှိတယ်ဆိုတာကို ဖော်ပြ တောင်းခံတာဖြစ်ပြီး ဗိုလ်ချုပ်ရုပ်ရှင် တစ်ခုတည်းအတွက်တောင်းတာ မဟုတ်ကြောင်း လည်းသူက ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ အသုံးစရိတ်တွေမှာ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရေး သယ်ယူပို့ ဆောင်စရိတ်တွေ ပါဝင်နေတာ ကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးနိုင်လင်းအောင်က လုပ်ထုံးလုပ်နည်းရဲ့ ညီမညီ လွှတ်တော်မှာ တင်ပြ ဆွေးနွေးခဲ့တာဖြစ်ပါတယ် ။
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုမှာ သာမန်အသုံးစရိတ် လုပ်အားအတွက် ကုန်ကျ စရိတ်ခေါင်းစဉ်မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုကို ရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် ကုန်ကျမှုများ၊ သယ်ယူ ပို့ဆောင် ရေးခေါင်းစဉ်အောက်မှာ ဗိုလ် ချုပ်ရုပ်ရှင် ရိုက်ကူးရေးအတွက် သယ်ယူပို့ဆောင်စရိတ်များကို တင် ပြတောင်းခံထားခဲ့တာဖြစ်ပြီး မေလ၂၂ ရက်နေ့ ကလွှတ်တော် မှာ တင်ပြဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ကျပ်သန်းပေါင်း ၆၈၀တင်ပြတောင်းခံတာနဲ့ပတ်သက်လို့ လည်း တပ်မတော်သားကိုယ်စားလှယ် ကဆွေးနွေး
ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ နိုင်ငံတကာ ဆက်သွယ်ရေးကို တာဝန်ယူ ထားပြီး လိုအပ်တဲ့ မှတ်တမ်းမှတ်ရာတွေတောင်းခံဖို့ အတွက် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ တင်ပြတောင်းခံခဲ့တာဖြစ်တယ်လို့လည်း ဦးကျော်တင်က ပြောပါတယ်
အပြည်ပြည်ဆိုင်ရာ တရားရုံးအိုင်စီဂျေမှာ ကျပ်သန်းပေါင်း ၆၈၀ တင်ပြတောင်းခံတာနဲ့ ပတ်သက် လို့ လည်း မြန်မာကို ဂမ်ဘီယာက တရားစွဲထားမှုကို ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ သုံးစွဲခဲ့တဲ့ ကုန်ကျစရိတ် အပါအဝင် အိုင်စီဂျေနဲ့ ဆက်စပ်ပြီး ဆောင်ရွက်ဖို့ကျန်ရှိတဲ့ လုပ်ငန်းတွေအတွက် နိုင်ငံခြားရေးဝန် ကြီး ဌာနက လွှတ်တော်ကို တင်ပြတောင်းခံခဲ့တာဖြစ်တယ်လို့လည်း ရှင်းလင်းခဲ့ပါတယ်။
ကျပ်သန်း ၆၈၀ ဟာ အခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကြိုတင်လျာထား အသုံးစရိတ်မှာမပါခဲ့ဘဲ အ ရေးပါ် ပေါ်ပေါက်လာတာကြောင့် ရရှိထားတဲ့ ဝန်ကြီးဌာန အသုံးစရိတ်တွေထဲကနေ ယူသုံးခဲ့ရ တာဖြစ်ပြီး ဒီဘဏ္ဍာနှစ်အတွင်းမှာပဲ အိုင်စီဂျေကိစ္စ ဆက်စပ်ဆောင်ရွက်ရမယ့် အသုံးစရိတ်တွေကိုပါ ထည့်သွင်း တောင်း ခံထားတာ ပါလို့ လည်း ဝန်ကြီးဦးကျော်တင်က ရှင်းလင်းသွားပါတယ်။
အိုင်စီဂျေမှာ တရားရင်ဆိုင်ရာမှာ ပြင်ပပညာရှင် ရှေ့နေ၊ သီးသန့်တရားသူကြီးနဲ့ ဘာသာပြန်တွေ ငှားရမ်း တာ၊ ဥပဒေအကြံပေးတွေခန့်တာ၊ အမှုကြားနာရင်ဆိုင်ဖို့ ပြင်ဆင်တာ၊ ကိုယ်စားလှယ်အဖွဲ့ဝင်တွေ ဖွဲ့စည်း စေလွှတ်တာ၊ ဥပဒေအကြံဉာဏ် ရယူရေး၊ ပြည်တွင်း ပြည်ပညှိနှိုင်း အစည်းအဝေးတွေ ကျင်းပရေး စတဲ့ ကုန်ကျရန်ရှိတဲ့ အသုံး စရိတ်တွေအတွက် လိုငွေ ကျပ် သန်း ၆၈၀ကို ဖြည့်စွက် ခွင့်ပြုငွေအဖြစ် တောင်းခံရ တာဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ခွင့်ပြုငွေတောင်းခံစာမှာ ဖော်ပြထားပါတယ်။

အိုင်စီဂျေကိစ္စ ဒီဇင်ဘာမှာ ပေါ်လာတဲ့အခါ ဝန်ကြီးဌာနက သူ့မှာရှိတဲ့ ပုံမှန်အသုံးစရိတ်ထဲကနေ ထုတ်သုံးခဲ့ တာဖြစ်ပြီး အဲဒီလိုထုတ်သုံးခဲ့တာကြောင့် ပုံမှန်သုံးရမယ့် လုပ်ငန်းတွေအတွက် သုံးစရာငွေကြေး မရှိတော့ လို့ တောင်းခံတာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ရှင်းပြခဲ့ပါတယ်။
ဒီအမှု ဟာမြန်မာနိုင်ငံက သွားပြီးမရင်ဆိုင်ရင် အမှုကရှုံးနိုင်ကြောင်းနဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက် လို့လည်းမြန်မာနိုင်ငံက နိုင်ငံတကာ ကွန်ဗန်းရှင်းမှာ လက်မှတ်ထိုးထားသလို တစ်နိုင်ငံလုံး အကျိုးစီးပွား အတွက် အစိုးရ အဖွဲ့ ကိုတင်ပြတောင်းခံကာ လုပ်ထုံးလုပ်နည်းနဲ့ အညီ တင်ပြခဲ့တာလို့လည်း ရှင်းလင်း သွားခဲ့ပါတယ်။

Link : Here
No comments:
Post a Comment