DVB
By ပိုင်စိုး,
By ပိုင်စိုး,
6 February 2019
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၆၂၁ ဦးအနက် ကိုယ်စားလှယ် ၆၁၁ မဲ ပေးခဲ့ကြရာမှာ ထောက်ခံဆန္ဒမဲပေါင်း ၄၁၄ မဲ၊ ကန့်ကွက်မဲပေါင်း ၁၉၁ မဲ၊ ကြားနေမဲ ၆ မဲပေးခဲ့ကြပြီး ထောက်ခံမဲ များတဲ့ အတွက် ဒီအဆိုကို လွှတ်တော် နာယကက အတည်ပြုလိုက်တာပါ။
နာယက ဦးတီခွန်မြတ်က “ပြည်ထောင်စုလွှတ်တော် ဒု နာယက ကို ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေး အပ်သွားပါမယ်။ ပါတီအသီးသီးက ကိုယ်စားလှယ်တွေကို ထည့်သွင်း သွားမှာဖြစ်သလို တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ် အစုအဖွဲ့တို့ကလည်း အချိုးကျ ထည့်သွင်းသွားပါမယ်။ သင့်လျော်တဲ့နေ့ရက်မှာ ဖိတ်ခေါ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေကို အဲဒီအစည်းအဝေးမှာ ဖိတ်ခေါ် ဆွေးနွေးသွားပါမယ်။ ကော်မတီရဲ့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နဲ့ သက်တမ်းတွေကိုလည်း သတ်မှတ်ပေးသွား ပါ မယ်” လို့ ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆောလျင်စွာပြင်ဆင်နိုင်ဖို့ ပူးပေါင်းကော်မတီ ဖွဲ့စည်းပေးရေး ပြည်ထောင်စု လွှတ်တော်ကို တိုက်တွန်းကြောင်း အန်အယ်လ်ဒီအမတ် ဦးအောင်ကြည်ညွန့် တင်သွင်းတဲ့ အရေးကြီး အဆို အပေါ် ကိုယ်စားလှယ် ၃၁ ဦးက မနေ့က ဆွေးနွေးခဲ့ကြပြီးနောက် ဒီကနေ့ မဲခွဲဆုံးဖြတ်လိုက်တာပါ။
ဒီအဆိုနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီနဲ့ တိုင်းရင်သားပါတီတွေက လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးခဲ့ကြပြီး ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေက ကန့်ကွက် ဆွေးနွေးခဲ့သလို တပ်မတော် သား ကိုယ် စား လှယ်တွေကတော့ မဆွေးနွေးခင် ကတည်းက ကန့်ကွက်ထားပါတယ်။
ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်တုန်းကလည်း ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မ တီကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၃၁ ယောက်နဲ့ ဖွဲ့စည်းခဲ့ပါတယ်။
ဒီကော်မတီရဲ့ သုံးသပ်ဆွေးနွေးမှုတွေ ပြီးတဲ့နောက် ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မကလွဲလို့ အခြေခံဥပဒေရဲ့ အချက် အလက်တချို့ကို ပြင်ဆင်နိုင်ခဲ့ပါတယ်။
Link : Here
No comments:
Post a Comment