Myanmar Now
Published on Dec 12, 2019
မြန်မာအနေဖြင့် လူမျိုးတုံးသတ်ရန်အကြံမရှိဘဲ မောင်းထုတ်ရုံသက်သက်သာဆိုပါက အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ ကလေးငယ်များကိုသတ်ဖြတ်ခြင်းများ အဘယ်ကြောင့်ကျူးလွန်ရပါသနည်းဟု ရိုက်ခလာ က မေးခွန်းထုတ်သည်။
လူမျိုးတုံးစေလိုသော စိတ်စေတနာနှင့်ပတ်သက်၍ ပထမဆုံး လျှောက်လဲသည့် ရှေ့နေ ပေါ်လ် ရိုက်ခလာ (Paul Reichler) က အချက် ခုနစ်ချက်ကို ညွှန်ပြရာတွင် နောက်ဆုံးအချက်ဖြစ်သော လူ့အခွင့် အရေးချိုး ဖောက်မှုများကို စုံစမ်း စစ်ဆေးပြီး အရေးယူရန် နိုင်ငံတော်ဘက်က ပျက်ကွက်ခဲ့သည်ဆိုသော အချက်ကို သာ မြန်မာဘက်က လက်မခံဘဲ ပြန်လှန် ငြင်းခုံခဲ့ပြီး ကျန်အချက်များကို မငြင်းခဲ့ကြောင်း ပြောသည်။
မြန်မာဘက်က မငြင်းခဲ့ကြောင်း ရိုက်ခလာပြောသည့်အချက်များမှာ (၁) ရခိုင်မြောက်ပိုင်း နယ်မြေရှင်း လင်း ရေးလုပ်စဉ် တပ်မတော်၏ အလွန်အကျူး ကြမ်းကြုတ်ရက်စက်မှု (၂) တပ်မတော်၏ ဖျက်ဆီးရေးများအ တွင်း စနစ်တကျပြုမူဆောင်ရွက်ပုံ (၃) အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် လိင်ပိုင်းအကြမ်းဖက်မှု၏ အနှိုင်းအဆနှင့် သဘောသဘာဝ တို့ဖြစ်သည်။
ထို့အပြင် (၄) နယ်မြေရှင်းလင်းရေး မလုပ်မီ၊ လုပ်နေစဉ်အတွင်းနှင့် လုပ်ပြီးနောက်ပိုင်း မြန်မာ အရာရှိများနှင့် အခြားသူများ၏ ရိုဟင်ဂျာများအပေါ် စော်ကား၊ နှိမ်ချ၊ လူမျိုးရေးခွဲခြားသော စကားများ (၅) နိုင်ငံသားဥပဒေ နှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် (NVC) ကဲ့သို့သော ခွဲခြားဆက်ဆံမှု အစီအမံနှင့်မူဝါဒများ အပါအဝင် ရို ဟင်ဂျာတို့ပိုင်သည့်မြေပေါ်တွင် အပြောင်ရှင်းပြီး စီမံကိန်းများ တည်ဆောက်ခြင်းဖြင့် ရခိုင်ပြည်နယ်၏ လူဦး ရေပုံသဏ္ဌာန် နှင့် လူမျိုးဖွဲ့စည်းပုံကို ပြောင်းလဲသွားစေရန် ရည်ရွယ်ကြိုးပမ်းခြင်း၊ (၆) ရိုဟင်ဂျာတို့အပေါ် အ များပြည်သူတို့အကြား အမုန်းတရားပွား၊ မထေမဲ့မြင်ပြုမှုများကိုအစိုးရပိုင်းက မတားမြစ်ဘဲ လက်ပိုက်ကြည့် နေခြင်း တို့ဖြစ်သည်ဟု ရိုက်ခလာက ဆိုသည်။
စစ်သားများ၏ကျူးလွန်မှုများအပေါ် တပ်မတော်၏ စစ်ဖက်ဆိုင်ရာခုံရုံးများမှတစ်ဆင့် စုံစမ်းစစ်ဆေးကာ အပြစ်ပေးအရေးယူမည်ဟု ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ကြောင်း၊ “ဗိုလ်ချုပ်မှူးကြီးမင်း အောင် လှိုင်အပါအဝင် ထိပ်တန်းဗိုလ်ချုပ်ကြီး ၆ ယောက်စလုံး လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲခံထားရချိန်မှာ တပ်မတော်အနေနဲ့ သူ့လူတွေကိုသူပြန်ပြီး မျှမျှတတ တရားစီရင်နိုင်မယ်လို့ ဘယ်လိုလုပ်ပြီး မျှော်လင့်လို့ရမှာလဲ” ဟု ရိုက်ခလာက ပြောသည်။
မြန်မာ့တပ်မတော်သည် အပြစ်ပေးအရေးယူခြင်းမရှိဘဲ လုပ်ချင်တိုင်းလုပ်ခွင့်ရနေသည်ဟု ဆိုကာ အဆိုပါ ထိပ်ပိုင်းမြန်မာစစ်ဗိုလ်ချုပ်အားလုံးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒဏ်ခတ်အရေးယူကြောင်း ပြီးခဲ့သည့် အင်္ဂါနေ့ကကြေညာခဲ့သည်။
“အားလုံးသိတဲ့အတိုင်းပါပဲ၊ (ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး) တပ်မတော်ဟာ သူ့လူတွေကိုသူ ပြန်ပြီး တရား စီရင်လိုစိတ်မရှိပါဘူး။ ကိစ္စတစ်ခုမှာပဲ နိုင်ငံတကာဖိအားကြောင့် ရုံးတင်စစ်ဆေး အပြစ်ပေးခဲ့ပါတယ်” ဟု အင်းဒင်ရွာဖြစ် ရပ်နှင့်ပတ်သက်၍ တပ်မတော်သားအချို့ကို ထောင်ဒဏ် အပြစ်ပေးခဲ့သည့်ဖြစ်စဉ်ကို ထည့် သွင်းရည်ညွှန်းခဲ့သလို ထိုတပ်မတော်သားများမှာလည်း တစ်နှစ်ပြည့်အောင်ပင် ထောင်ဒဏ်မခံခဲ့ရဘဲ တပ်မ တော်၏လွတ်ငြိမ်းသက်သက်ခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်းလည်း ပြောသွားသည်။
မြန်မာဘက်က ရှေ့နေများအနေဖြင့် ဒုက္ခသည်များပြန်လာနိုင်ရေး စီစဉ်နေသည့် လုပ်ငန်းစဉ် အကြောင်းကို ပြောသွားသော်လည်း တစ်ဖက်က ထိုအစီအစဉ်ဖြင့် ပြန်လာသည့် ဒုက္ခသည် အနည်းငယ်သာရှိသေး ကြောင်းကိုလည်း ဝန်ခံသွားခဲ့ကြောင်း၊ ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ သိက္ခာရှိရှိ နေရပ်ပြန်လာနိုင်စေ မည့် အခြေ အနေများမရှိကြောင်း ကုလသမဂ္ဂ၏အစီရင်ခံစာများကို ကိုးကား၍လည်း ဆိုသည်။
အခြားတစ်ဖက်တွင်မူ မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာတို့၏ကျေးရွာများကို မြေလှန်ပစ်ကာ အခြား လူမျိုးစု များနေထိုင်နိုင်မည့် အိမ်ရာများတည်ဆောက်နေခြင်းဖြင့် ဒုက္ခသည်များ ပြန်လာမည့်အရေး ပိုမိုခက်ခဲအောင် လုပ် ဆောင်နေကြောင်း၊ ဒုက္ခသည်များပြန်အလာရ ပိုခက်အောင် မြန်မာနိုင်ငံဘက်ကလုပ်နေသည်ဟု ဘင်္ဂ လားဒ့ရှ်ကလည်း ပြောထားကြောင်း ရိုက်ခလာက ဆက်လက်လျှောက်လဲသည်။
ထို့ပြင် မြန်မာ့စစ်ခေါင်းဆောင်များသည် ‘ရိုဟင်ဂျာ’ ဆိုသည့် နာမည်ကို သုံးရန် ဆက်လက် ငြင်းဆန်နေ ဆဲဖြစ်သလို ယမန်နေ့က မြန်မာ့အဖွဲ့ခေါင်းဆောင်၏ မိန့်ခွန်းတွင်လည်း ARSA ၏ နာမည်အပြည့်အစုံကို ရွတ်သည့်အချိန်မှတစ်ပါး ထိုအသုံးကိုလုံးဝသုံးမသွားခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။
ထို့ပြင် မြန်မာသည် လူမျိုးတုံးသတ်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ အတင်းအကျပ် မောင်းထုတ်ရန်သာဖြစ် သည်ဟု မြန်မာကိုယ်စားလှယ်အဖွဲ့ဘက်က ငြင်းကြောင်း၊ သို့ဖြစ်လျှင် “ဘာကြောင့် အမျိုးသမီးတွေနဲ့ မိန်း ကလေးငယ်တွေကို မုဒိမ်းကျင့်တာ၊ အုပ်စုဖွဲ့မုဒိမ်းကျင့်တာ၊ ရက်စက်ကြမ်းကြုတ်စွာနဲ့ ကိုယ်ခန္ဓာတွေကို ဖျက်ဆီးပစ်တာတွေ၊ ကလေးသူငယ်တွေနဲ့ နို့စို့အရွယ်တွေကို သတ်တာဖြတ်တာတွေလုပ်ခဲ့ရသလဲ” ဟု လည်း မေးခွန်း ထုတ်သည်။
ထို့ပြင် နယ်မြေရှင်းလင်းရေးလုပ်စဉ်အတွင်း လက်နက်ကိုင်နှင့် အရပ်သား ခွဲခြား တိုက်ခိုက်မှု လုပ်ဖို့ မကြိုး စား ခဲ့ကြောင်း၊ ရိုဟင်ဂျာတည်ရှိမှုကို ငြင်းဆန်ရန် အစိုးရ၏ကြိုးပမ်းမှုမှာ နယ်မြေရှင်းလင်းရေးများအပြီး တစ်နှစ်တာအတွင်း ပိုမိုအားကောင်းလာခဲ့သည်ဟု ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က တွေ့ ရှိထားကြောင်းလည်း ရိုက်ခလာက ပြောသည်။
လူအစုအလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာများမရှိဟု မြန်မာကိုယ်စားလှယ်အဖွဲ့က ယမန်နေ့က ပြော ခဲ့သည့်စကားမှာ မှားယွင်းကြောင်းနှင့် မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာမှ စုံစမ်းစစ်ဆေးရေး အဖွဲ့ များကို ဝင်ရောက်ရှာဖွေခွင့်မပြုခဲ့ကြောင်း၊ AP သတင်းဌာနက ထိုသို့ မြှုပ်နှံထားသည့်တစ်နေရာ (ဂူတာပြင်) ကို ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း ပြောသည်။
ထို့ပြင် ယမန်နေ့က မြန်မာဘက်က လျှောက်လဲချက်တွင်ပါသည့် အချက်တစ်ချက်ဖြစ်သည့် ဂမ်ဘီယာနိုင်ငံ အနေဖြင့် ကိုယ်တိုင်နစ်နာသည့်နိုင်ငံမဟုတ်သဖြင့် မြန်မာနိုင်ငံအပေါ် ICJ တွင် အမှုဖွင့်ခွင့်မရှိ ဆိုသည့်အ ချက်နှင့်ပတ်သက်၍ ဂမ်ဘီယာအနေဖြင့် အမှုဖွင့်ခွင့်ရှိကြောင်းနှင့် ဤအမှုကိုရုံးတော်သို့ သယ်ဆောင်လာ ရာ၌ မှန်ကန်ကြောင်း ရှေ့နေတစ်ဦးဖြစ်သည့် ပြဲ ဒါဂျန့် (Pierre d'Agent) က ပြောသည်။
အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ဤအမှုကို ဂမ်ဘီယာနိုင်ငံအမည်သုံးပြီး ဖွင့်ခြင်းဖြစ် ကြောင်း မြန်မာဘက်က ယမန်နေ့က ချေပချက်ကိုလည်း ပယ်ချခဲ့ပြီး ဂမ်ဘီယာအနေဖြင့် OIC ကိုယ်စား အမှုဖွင့်ခြင်းမဟုတ်ဘဲ မိမိသဘောအရသာ စွဲခြင်းသာဖြစ်ပြီး OIC အနေဖြင့် မြန်မာကိုအမှုစွဲရန် ဂမ်ဘီယာ အား ဖိအားမပေးခဲ့ဘဲ အဖွဲ့ဝင်နိုင်ငံများက တိုက်တွန်းခဲ့ခြင်းသာဖြစ်ကြောင်း ရှေ့နေ ဒါဂျန့် က ပြောသည်။
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သော "ရခိုင်တွင်မွေးဖွားသည့် ကလေးအားလုံးအတွက် မွေးစာ ရင်းထုတ်ပေးပါသည်" ဆိုသောစကားဖြင့် ရိုဟင်ဂျာတို့သည် လူသားများဖြစ်သည်ဟု အသိအမှတ်ပြုသော် လည်း ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့်ကိုမူ အသိအမှတ် မပြုကြောင်း လျှောက်လဲသွားခဲ့သည်။
ကြားနာပွဲကို ခေတ္တရပ်နားခဲ့ပြီး မြန်မာစံတော်ချိန် ည ၁၀ နာရီမှ ၁၁ နာရီခွဲအထိ မြန်မာအဖွဲ့ဘက်က ပြန် လည်ချေပရမည်ဖြစ်သည်။တ်ာချိန် ည ၁၀ နာရီမှ ၁၁ နာရီခွဲအထိ မြန်မာအဖွဲ့ဘက်က ပြန် လည်ချေပရမည်ဖြစ်သည်။
No comments:
Post a Comment