Thursday, January 23, 2020

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကနေ အကာအ ကွယ်ပေးဖို့ မြန်မာနိုင်ငံကို ICJ အမိန့်ချ

လွတ်လပ်တဲ့အာရှအသံ ( RFA )
2020.01.23

■ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတဲ့အမှုကို ဒီနေ့ ICJ တရားရုံးက အမိန့်ချမှတ်ရာမှာ... မြန်မာနိုင်ငံဘက်က တင်ပြထားတဲ့ အချက်တွေကို ပယ်ချလိုက်ပြီး ဂမ်ဘီယာဘက်က တောင်းဆိုထားတဲ့ ကြားဖြတ် စီမံဆောင်ရွက်ချက် ခြောက်ချက်ထဲက လေးချက်ကို ချမှတ်လိုက်ပါတယ်။

အဲဒီလေးချက်ကတော့...
၁။ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာမူဆလင်လူမျိုးစုတွေအပေါ် သတ်ဖြတ်တာ၊ စိတ်ရောကိုယ်ပါ အန္တရာယ် ကျရောက်အောင်လုပ်ဆောင်တာ အပါအဝင်၊ လူမျိုးတုံးသတ်ဖြတ်မှုမြောက်စေတဲ့ လုပ်ဆောင်ချက်အား လုံးကို အစွမ်းကုန် ကာကွယ်တားဆီးပေးဖို့၊

၂။ စစ်တပ် (သို့မဟုတ်) ပုံမှန်မဟုတ်တဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေက ရိုဟင်ဂျာမူဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် ပူးပေါင်းကြံစည်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူး လွန်ဖို့အတွက် သွေးထိုးလှုံ့ဆော်မှု... စတာတွေ ကျုးလွန်မှုမရှိအောင် ကြပ်မတ်ဆောင်ရွက်ဖို့။

၃။ လူမျိုးတုံးသတ်ဖြတ်မှုကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့နေရာဒေသတွေက သက်သေအထောက် အ ထား အားလုံးကို ဖျက်ဆီးဖျောက်ဖျက်မှုမရှိအောင် မူလအတိုင်း ကာကွယ်ထိန်းသိမ်းထားဖို့။

၄။ ဒီအမိန့်ချမှတ်တဲ့နေ့ကစပြီး လေးလအကြာမှာ မြန်မာဘက်ကဆောင်ရွက်ချက်တွေကို တရားရုံးတော်ကို တင်ပြအစီရင်ခံပြီး၊ အဲဒီနောက် ခြောက်လတစ်ကြိမ် ပုံမှန်တင်ပြဖို့... တို့ ဖြစ်ပါတယ်။

ဒီအချက်တွေဟာ ကုလသမဂ္ဂ သဘောတူစာချုပ်တွေနဲ့အညီ တရားဥပဒေအရ မဖြစ်မနေ လိုက်နာ ဆောင် ရွက် ရမယ့်ကိစ္စတွေ ဖြစ်တယ်လို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ပါဝင်ပါတယ်။

ရိုဟင်ဂျာမူဆလင်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်မှုအတွက် ကြားဖြတ်အရေးယူမှု အမိန့် ချမှတ်ပေးဖို့ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက တောင်း ဆိုထားတဲ့ အမှုကို ဒီနေ့ ကုလသမဂ္ဂအမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံး က အမိန့် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံ သဟိတ်မြို့က ICJ တရားရုံးမှာ ဒေသစံတော်ချိန် မနက် ၁ဝ နာရီမှာ တရားရုံးရဲ့ သဘာပ တိ တရားသူကြီးဖြစ်တဲ့ အဗ္ဗဒူကာဝီ အာမက်ယူစွတ်က မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေရဲ့ အခြေအ နေ ဟာ အလွန်အန္တရာယ်များတဲ့ အခြေအနေမှာရှိနေတယ်လို့ တရားရုံးတော်က ယူဆကြောင်း အမိန့်စာ ဖတ်ကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

တစ်နာရီကြာတဲ့ ဒီဆုံးဖြတ်ချက် ဖတ်ကြားရာမှာ မြန်မာဘက်က တင်ပြထားတဲ့အမှုကို ပယ်ချပေးဖို့၊ ကြား ဖြတ် စီမံဆောင်ရွက်ချက်အမိန့်မချမှတ်ဖို့ ဆိုတဲ့လျှောက်ထားချက်ကို ပယ်ချရတဲ့အကြောင်းတွေကို ပြော ကြားပြီး ဂမ်ဘီယာဘက်က တောင်းဆိုချက်အားလုံးကိုလည်း မချမှတ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

လင့်။ FB

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */