မြန်မာ့အလင်း
နေပြည်တော်
အောက်တိုဘာ ၂၉ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး Mr. David Stilwell ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံ ခြား ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။
နေပြည်တော်
အောက်တိုဘာ ၂၉
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အရှေ့အာရှ နှင့် ပစိဖိတ်ရေးရာလက်ထောက်ဝန်ကြီး ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ
တွေ့ဆုံစဉ် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူး ပြောင်းရေး လုပ်ငန်းစဉ်များ၊ ပညာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံ အ ဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် မှု၊ မြစ်ကြောင်းများ ထိန်းသိမ်းရေး ကဏ္ဍများအပါအဝင် ပူးပေါင်း ဆောင် ရွက်မှုများ တိုးမြှင့်သွားရေးနှင့် ASEAN၊ EAS ထိပ်သီးအစည်းအဝေး များဆိုင်ရာ ကိစ္စရပ်များနှင့်စပ် လျဉ်း ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
သတင်းစဉ်
သတင်းစဉ်
No comments:
Post a Comment