၂၀၁၉ ဇွန်လ ၅ ရက်နေ့တုန်းက ကန်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Singh က GES ထိပ်သီးအစည်းအဝေး တက်ရောက်စဉ် (photo- EconDiplomacy@State)
အခုလို မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Singh ဆီကို Global Witness၊ Burma Task Force၊ Physicians for Human Rights စတဲ့ နိုင်ငံတကာလူ့ အခွင့်အရေးအဖွဲ့ စုစုပေါင်း (၁၀) ဖွဲ့ကနေ သြဂုတ်လ ၁၅ ရက်နေ့ ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။ အဲဒီစာထဲမှာတော့- ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တွေမှာ မြန်မာစစ်တပ်က တိုင်းရင်းသားတွေအပေါ် ညှင်းပမ်းနှိပ်စက်မှုတွေ ဆက် ပြီး ကျူးလွန်နေတဲ့ လုပ်ရပ်တွေ၊ နိုင်ငံတဝှမ်းလုံး လွတ်လပ်စွာပြောဆိုခွင့်နဲ့ စုဝေးခွင့်ကို ထိန်းချုပ်ထားတာ၊ စစ်တပ်အနေနဲ့ တာဝန်ခံမှုတာဝန်ယူမှု မရှိသေးတာ၊ အရပ်သားအုပ်ချုပ်မှု အောက်မှာရှိမနေပဲ အာဏာရှိနေ တာ စတဲ့ အခြေအနေတွေကို လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကို ထောက်ပြထားပါတယ်။
ဒါအပြင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင်းFFM က ဒီလ အစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေနဲ့ ဆက်စပ်မှုရှိနေပြီး အထောက်အကူပြုနေတယ်ဆိုတဲ့ ထုတ်ဖေါ်ချက်တွေ၊ စစ်တပ်ရဲ့ စီးပွား ရေးလုပ်ငန်းကြီးတွေကို ပိတ်ဆို့အရေးယူဖို့ နိုင်ငံတကာကို အကြံပြုချက်ဖေါ်ပြထားတဲ့အတွက် အခုလို Manisha Singh ရဲ့ မြန်မာနဲ့ ကုန်သွယ်ရေးတိုးမြှင့်ဖို့ သွားတဲ့ ခရီးစဉ်မှာ စစ်တပ်နဲ့ ဆက်စပ်မှုရှိနေတဲ့ ကုမ္ပ ဏီတွနဲ့ ပတ်သက်လို့ သတိထားဖို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့စာမှာ ဖေါ်ပြထားပါတယ်။
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Singh ရဲ့ ခရီးစဉ်ဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံဖြိုးတိုးတက်မှုကို အထောက်အကူပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်း လင်း မြင်ရပေမဲ့ ဒီလို ပေးမယ့် အကူအညီတွေမှာ တာဝန်ယူမှု ရှိရမှာဖြစ်သလို ဖိနှပ်တဲ့ စစ်တပ်ကို အထောက်အ ကူပေးတာမျိုး မဖြစ်စေဖို့လည်း လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြထားပါတယ်။
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Singh ရဲ့ခရီးစဉ်အတွင်း မြန်မာအစိုးရအဖွဲ့ဝင်တွေ၊ ထိပ်တန်း စီးပွားရေး လုပ် ငန်းရှင်တွေနဲ့ နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်သူတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ ဒါအပြင် သြဂုတ်လ ၂၀ ရက်နေ့မှာ ကျင်းပမယ့် မြန်မာ-ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကို Manisha Singh တက်ရောက် အမှာစကားပြောကြားမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှု ကျူးလွန်ခဲ့ တယ်ဆိုတဲ့ ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တာဝန်ခံမှု၊ တာဝန် ယူမှုရှိစေဖို့ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင် သုံးဦးနဲ့ မိသားစုဝင်တွေကို အမေရိကန်နိုင်ငံခြားရေးဌာနက ပြီးခဲ့တဲ့ ဇူလိုင်လက ပစ်မှတ်ထားပိတ်ဆို့ပြီး နောက်လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Singh ရဲ့ အာရှ သုံးနိုင်ငံ ခရီးစဉ်အတွင်း မွန်ဂိုလီးယားကနေ မြန်မာကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံက အပြန်မှာတော့ လာအိုစ်နိုင်ငံကို ဝန်ကြီး Singh ကဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။ ဒါဟာ အမေရိကန် သမ္မတ Donald Trump ဖော်ဆောင်နေတဲ့ အင်ဒို-ပစိဖိတ် စီးပွားရေးထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးအစီအ စဉ်ရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့လည်း အမေရိ ကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Link : Here
No comments:
Post a Comment