VOA
ဗွီအိုအေ (မြန်မာဌာန)
27 နိုဝင်ဘာ၊ 2019
မေခ
27 နိုဝင်ဘာ၊ 2019
မေခ
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလုပ်ငန်းတွေ နှောင့်နှေးကြန့် ကြာနေရတာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပျက်ကွက်မှုကြောင့်ဖြစ်တယ်လို့မြန်မာနိုင်ငံခြားရေးအကြီးတန် အရာရှိ တဦးက ဝေဖန်လိုက်ပါတယ်။
တဘက်မှာတော့ ဒုက္ခသည်ပြန်ခေါ်ရေးမှာ ဒုက္ခသည်တွေဘက်က ယုံကြည်အားကိုးလောက်တဲ့ လုပ်ရပ်မျိုး တွေကို မြန်မာဘက်က လုပ်ဆောင်ဖို့လိုမယ်လို့ အကြံပြုကြပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ် နောက်ဆုံးအခြေအနေတွေကို မေခ စုံစမ်းမေးမြန်းထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်အတွက် နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း ဘင်္ဂလား ဒေ့ရှ် က လိုအပ်တဲ့အချက်အလက်တွေကိုပေးဖို့ ပျက်ကွက်တာ၊ အကြောင်းပြန်ကြားဖို့ ပျက်ကွက်တာတွေ ကြာင့် အစီအစဉ်တွေ ကြန့်ကြာနေရတယ်လို့ မြန်မာနိုင်ငံခြားရေးအကြီးတန်အရာရှိတဦးက ပြောတာပါ။ လက်ရှိအားဖြင့်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံဘက်ကို ပြန်လည်လက်ခံဖို့ ပေးပို့ထားတဲ့ ဒုက္ခသည်လူဦးရေ စာရင်းဟာ လူဦးရေ ၁သိန်းခန့် ရှိပြီး၊ အဲဒီအထဲ ပြန်လည်ခေါ်ယူဖို့ မြန်မာက စီစစ်လက်ခံ ထားတာ လေးသောင်း ခန့် ရှိတယ်လို့ဆိုပါတယ်။ လက်ခံရေးစာချုပ်အရ သတ်မှတ်ထားတဲ့ အချက်အလက် တွေ လိုအပ်နေသေးတာကြောင့် အချက် အလက်တွေ ပြန်လည်တောင်းခံထားတာကို ဘင်္ဂလားဒေ့ရှ်ဘက် က ပြန်လည်ပို့ပေးတာမရှိသေးလို့ ပြောပါတယ်။
ပြန်လည်လက်ခံရေးပိုင်းအတွက် စိစစ်လုပ်ဆောင်နေတာနဲ့ပတ်သတ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည် ပြည် ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး က အခုလို ပြော ပါတယ်။
“သူတို့အားလုံး ၁ သိန်းနီးပါလောက် ကျနော်တို့ဘက်ကို ပို့တယ်။ ကျနော်တို့က စိစစ်ထားတာက ၃ သောင်း နဲ့ ၄ သောင်းကြားပဲ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ လောလောဆည် လက်ခံရရှိထားတာက သူတို့ဖောင်တွေက လက်ခံသဘောတူထားတဲ့အတိုင်း ဖြစ်မလာဘူး။ အချက် ၂ ချက် ကျန်သေးတယ်။ အချက် ၂ ချက်ကို ဘာလဲဆိုတော့ ခုန က သူတို့ပြောတဲ့ မိမိဆန္ဒအလျောက် ပြန်ခြင်းဖြစ်ပါတယ်ဆိုတဲ့ အချက်ရယ်၊ နောက်ပြီး ရင် မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေကို လေးစားလိုက်နာပါမယ်ဆိုတဲ့ အချက် ၂ ချက်မပါဘူ။ ဒါပေမယ့်လည်း ကျနော်တို့က ဒါကို ကြန့်ကြာနေမှာစိုးလို့ အဲဒီအချက် ၂ ချက်မပါပေမယ့်လည့် လက်ခံပေးဖို့ စိစစ်နေတယ်။ မြန်မာနိုင်ငံမှာ နေခဲ့ဘူးလား၊ မနေခဲ့ဘူးလား ဆိုတာကို ။
ပြီးခဲ့တဲ့ နှစ်လောက်ထဲက စတင်အကောင်အထည်ဖော်နေတဲ့ ဒုက္ခသည်ပြန်လည် လက်ခံရေးက ၂ကြိမ်တိုင် တိုင် စီစဉ်ဆောင် ရွက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ၂နိုင်ငံစလုံးကလည်း တဘက်နဲ့တဘက် အပြန်အ လှန် အပြစ်တင်နေကြပါတယ်။ ဒုက္ခသည် နေရပ်ရင်း ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံကြား နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့တာ အခုဆို တနှစ်ကျော် ၂နှစ်နီးပါး ရှိပါတော့မယ်။
လက်ခံနိုင်ရေးအတွက် စီစဉ်ထားတဲ့ သဘောတူညီချက်တွေနဲ့ပတ်သတ်လို့ အားနည်းချက်တွေ ရှိလို့ အခုလို လုပ် ငန်းတွေမအောင် မမြင်ဖြစ်ရတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း ပြန်လည် လက်ခံရေး ပိုင်းနဲ့ ပတ်သက်လို့ အစိုးရဘက်က လုပ်ငန်းစဉ်တခုလုံးကို ပြန်သုံးသပ်ဖို့လုပ်သွားဖို့မရှိဘဲ ဒီနည်းအတိုင်း သာ ဆက်လက် လုပ်ဆောင် မယ်လို့ဆိုပါတယ်။
“အဓိကတော့ ၂ နိုင်ငံ ကြားထဲပဲ၊ ကုလသမဂ္ဂဆိုတာ ကျနော်တို့ လိုအပ်မှပဲ အကူအညီတောင်းတာလေ။ သူတို့နဲ့ ကျနော်တို့ သဘောတူညီချက်အတိုင်းကို သူတို့ လိုက်ဆောင်ရွက်ဖို့ပဲ လိုတယ် နံပတ် ၁ ကတော့ ။ ဒါပေမယ့်လည်း ခုနပြောသလို ဘင်္ဂလားဒေ့ရှ်က ပြောနေတယ်၊ မြန်မာနိုင်ငံက conducive environment ကို မဖန်တီးပေးထား ဘူးလို့ ပြောနေတယ်။ သူတို့တောင်းဆိုတာတွေရှိတယ်၊ Protection ထားပေးဖို့တို့ Citizenship ကိစ္စတို့ Accountability တို့ အဲဒါတွေက ရှင်းရှင်းပြောရရင် တချို့ဟာတွေက ဆက်သွားနေတာ ၊ နောက်ပြီးတော့ Parallel သွားနေတာ တချို့ဟာတွေက ဒါနဲ့ လာချိတ်တဲ့အခါမှာ ခုနက ပြဿနာ တက် သွားတာပဲ။ အဲဒီတော့ ဘင်္ဂလားဒေ့ရှ် လုပ်ရပ်ကို ကြည့်မယ်ဆိုရင် ခန့်မှန်းလို့ ရတယ်။ Bilateral သိပ် စိတ်မ ဝင်စားဘူးလို့ multilateral မှာ ကျနော်တို့ကို ဖိအားပေးမယ်ဆိုတာမျိုး ဒါအားလုံးသိတဲ့အတိုင်းပဲ သူ့လုပ် ရပ် တွေက ဖော်ပြနေတယ်။”
ရိုဟင်ဂျာဒုက္ခသည်တွေကို စိစစ် လက်ခံသွားဖို့ မြန်မာအစိုးရက ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့ရော ကုလသမဂ္ဂ နဲ့ပါ သဘော တူစာချုပ်တွေ ထိုးခဲ့ပေမယ့် နိုဝင်ဘာလ ပြန်လည် လက်ခံရေး အစီအစဉ်မှာတော့ မြန်မာဘက်က ကုလသမဂ္ဂနဲ့ ညှိ နှိုင်းမှု မရှိခဲ့သလို၊ ဒုက္ခသည်တွေ နေရပ်ပြန်လောက်တဲ့အခြေအနေမဖြစ်သေးဘူးလို့ ကုလ သမဂ္ဂက အဲဒီတုန်းက တုံ့ပြန်ခဲ့ပါတယ်။
လက်ရှိမှာတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက် အရ ပြန်လည်ဝင်ရောက်လာသူတွေကို လက်ခံဖို့အတွက် တောင်ပြိုလက်ဝဲစခန်းနဲ့ ငါးခူရ စခန်း တို့ကို ထားရှိပြီး လှဖိုးခေါင်ကြားစခန်းကနေ တဆင့် သူတို့ကို ပြန်လည်နေရာချ ထားပေး ဖို့ လုပ်ဆောင် နေပါတယ်။ ၂နိုင်ငံ သဘောတူညီချက်နဲ့ ပြန်လာနိုင်မယ့် အစီအစဉ်မအောင်မြင်ပေမယ့် ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လာသူ ၄၀၀ ကျော်အထိ ရှိသွားပြီဖြစ်တာကြောင့် ဒုက္ခသည်လက်ခံရေးနဲ့ပတ်သတ်လို့ ဘယ်သူတွေက ပျက်ကွက်နေလဲဆိုတာ သိနိုင်တယ်လို့ မြန်မာ အစိုးရ ဘက်က ပြန်ထောက်ပြ နေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဒုက္ခသည် လက်တဆုပ်စာလောက် ပြန်လာတာနဲ့ ရခိုင်ပြည်နယ်ထဲမှာ အခြေအနေတွေ တိုးတက်မှုရှိ လာ ပြီလို့ မပြောနိုင်ကြောင်း ဖော်ပြထားသလိုဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေ ဂုဏ် သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့ ကြိုးပမ်းရာမှာ ယုံကြည်စိတ်ချအောင် မြန်မာအစိုးရက ဆောင်ရွက်နိုင်တာမတွေ့ရ ကြောင်း ဘင်္ဂလားဒေ့ရှ် လွှတ်တော်ကို ပြောဆိုခဲ့ဖူးပါတယ်။
ကိုဖီအာနန် ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ် အကြံပေးအဖွဲ့ရဲ့ အဖွဲ့ဝင် ဦးအေးလွင်ကတော့ အခုလို ပြန်လည် လက်ခံ ရေးပိုင်း မအောင်မမြင် ဖြစ်နေရတာနဲ့ ပတ်သတ်လို့ အခုလို အကြံပေးပါတယ်။

Link: Here
No comments:
Post a Comment