10 June 2019
ဧပြီ ၇ ရက်က ပြုလုပ်ခဲ့သည့် ၂၀၁၈ ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံပွုတွင် မိုက်ကယ်ကျော်မြင့်အား တွေ့ရစဉ်။ ဓာတ်ပုံ - သူရ/မဇ္ဈိမ
ရန်ကုန် ၊ ဇွန် ၁၀ ။ ။ တောင်ဒဂုံမြို့နယ်တွင် ဘာသာရေးအကြောင်းပြပြီး ဆူပူမှုဖြစ်စေရန် ရည် ရွယ် လုပ်ဆောင်ခဲ့သည်ဟု ဆိုကာ အမှုဖွင့်ခံထားရသော မိုက်ကယ်ကျော်မြင့်ကို မန္တလေးတိုင်းဒေ သကြီး ဝမ်း တွင်းမြို့၌ ဇွန်လ ၁ဝရက်နေ့၌ ဖမ်းဆီးရမိခဲ့သည်ဟု ဝမ်းတွင်းမြို့မရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။
“မိတာတော့အတည်ပြုပါတယ်။ အသေးစိတ်ကိုတော့ ပြောလို့မရသေးဘူး။ မိတာတော့ ဟုတ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဝမ်းတွင်းမြို့တွင် ဖမ်းဆီးခံရသူ မိုက်ကယ်ကျော်မြင့်သည် တောင်ဒဂုံ၌ ဘာသာရေးအကြောင်းပြပြီး ဆူပူမှု ဖန်တီးမှုကြောင့် တရားခံပြေးအဖြစ် ကြေညာခံထားရသူလည်းဖြစ်သည်။
ဝမ်းတွင်းမြို့တွင် ဖမ်းဆီးခံရသူ မိုက်ကယ်ကျော်မြင့်သည် တောင်ဒဂုံ၌ ဘာသာရေးအကြောင်းပြပြီး ဆူပူမှု ဖန်တီးမှုကြောင့် တရားခံပြေးအဖြစ် ကြေညာခံထားရသူလည်းဖြစ်သည်။
- မိုက်ကယ်ကျော်မြင့် နှင့် သီဟမျိုးနိုင်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်
- မိုက်ကယ်ကျော်မြင့် ပဲခူးမှာ ခြေရာပျောက်သွားဟု ဒုရဲချုပ် ပြော
မေလ ၁၅ ရက်ညက ဖြစ်ပွားခဲ့သည့် တောင်ဒဂုံဆူပူမှုတွင် မိုက်ကယ်ကျော်မြင့်ဦးဆောင်သည့် လူအင် အား ၁၀၀ ခန့်က တောင်ဒဂုံမြို့နယ် ၁၀၆၊ ၆၄ နှင့်၂၆ ရပ်ကွက်များရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုဆုတောင်း ရာ နေအိမ်များကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ဒေသခံ အစ္စလာမ်ဘာသာရေး လူကြီး များအား နောင်တွင် ထပ် မံဝတ်ပြုခြင်း မပြုလုပ်ရန် ခံဝန်ရေးထိုးစေခဲ့သည်။
ယင်းအတွက်ကြောင့် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ နှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် တ ရား စွဲဆိုခဲ့ပြီး၊ မေလ၂၃ရက်နေ့တွင် တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်း မ ရှိသောကြောင့် တောင်ဒဂုံမြို့နယ်တရားရုံးက တရားခံပြေးအဖြစ် ကြေညာခဲ့သည်။
ကွညောခဲ့သညျ။

မိုက်ကယ်ကျော်မြင့်နှင့် တွဲလျက်အမှုဖွင့်ခံထားရသူ သီဟမျိုးနိုင်သည် ဇွန်လ ၆ ရက်နေ့တွင် တောင်ဒဂုံမြို့ နယ်တရားရုံးသို့ လာရောက်ပြီး အမှုရင်ဆိုင်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်။
Link : Here
No comments:
Post a Comment