လွတ်လပ်တဲ့ အာရှအသံ
2019-07-08
2019-07-08
တရားခံပြေးအဖြစ် သတ်မှတ်ခံထားရတဲ့ ရက္ခိုင့်တပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ကို တွေ့ရစဉ် Photo: RFA
ရက္ခိုင့်တပ်တော် AA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယ စစ်ဦးစီး ချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ကို ရဲတပ် ဖွဲ့က အကြမ်း ဖက်မှု တိုက်ဖျတ်ရေးဥပဒေနဲ့ တရားစွဲဆိုထားပြီး တရားခံပြေးအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
အခုလို အမှုဖွင့်ထားတာကြောင့် အစိုးရနဲ့ တပ်မတော်ထိန်းချုပ်နေရာတွေကို AA ခေါင်းဆောင်တွေ အနေနဲ့ လာရောက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မလုပ်နိုင်တာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆို ခွင့် ရှိသူ ခိုင်သုခက ပြောပါတယ်။
မြောက်ဦးမြို့နယ်မှာ တပ်မတော်က ဖမ်းဆီးခဲ့သူ ရွာသား ၁၂ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ပြီးခဲ့တဲ့ ဧပြီလက အမှုဖွင့်ထားပြီး အဲဒီအမှုနဲ့ ဆက်စပ်ပြီး AA အကြီးအကဲတွေကို တရားခံပြေးအဖြစ် သတ် မှတ်ထားတာလို့ သိရကြောင်းနဲ့ အဲဒီသူတွေဟာ AA နဲ့ ဆက်စပ်မှုမရှိကြောင်းလည်း ခိုင်သုခက ပြောပါ တယ်။
AA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန် ကြားရေး အဖွဲ့ကို RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

Link : Here
No comments:
Post a Comment