06 Jun 2019
မြန်မာတိုင်းမ်နေ့စဉ်
ဒဂုံမြို့သစ်တောင်ပိုင်း၌ ဆူပူလှုံ့ဆော်မှုဖြင့် မိုက်ကယ်ကျော်မြင့်နှင့်အတူ တရားခံပြေးအဖြစ် ကြေညာခံ ထား ရသည့် သီဟ(ခ)သီဟမျိုးနိုင်က ဇွန် ၆ရက်နေ့နံနက်ပိုင်းတွင် ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ပြီး ၎င်းကို အင်းစိန်ဗဟိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်လ ဝတ်ပြုပွဲကျင်းပသည့် နေအိမ်များ အားဖျက်သိမ်းရန်အတွက် မေ ၁၅ ရက် ညပိုင်းတွင် ဆူပူစေရန် လှုံ့ဆော်မှုအတွင်း ဦးဆောင်ခဲ့သည်ဆိုကာ မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ နှစ်ဦးကို ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးက နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တရားရုံးက ရာကြီးမှု အမှတ် ၈၈၂၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် အမှုလက်ခံခဲ့ပြီး မိုက်ကယ်ကျော်မြင့်(ခ)ကျော်မြင့်နှင့် အသက် ၄၂ နှစ်အရွယ်သီဟ(ခ)သီဟမျိုးနိုင် တို့ကို ဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။
ဒဂုံတောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များက သီဟ(ခ)သီဟမျိုးနိုင်အား ဒဂုံမြို့သစ် (တောင် ပိုင်း) မြို့နယ်တရားရုံးသို့ ဇွန် ၆ ရက်၌ တင်ပို့ခဲ့သည်။
ယင်းနေ့တွင်ပင် တွဲဖက်မြို့နယ် တရားသူကြီး(၃) က အမှုအား လက်ခံစစ်ဆေးကာ ဝရမ်းအတည်ပြုသူ ဒဂုံတောင်မြို့မရဲစခန်းမှ ရဲအရာရှိအား စစ်ဆေးပြီး ဇွန် ၁၄ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့သည်။
ထို့နောက် သီဟ(ခ)သီဟမျိုးနိုင်အား အင်းစိန်ဗဟိုအကျဉ်းထောင်သို့ ပို့ဆောင် အပ်နှံခဲ့ကြောင်း သိရသည်။
Link: Here
No comments:
Post a Comment