နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၁
ရခိုင်ပြည်နယ်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် ညမထွက်ရ အမိန့်ပုဒ်မ ၁၄၄ ကို နောက် ထပ် ၂ လ တိုးမြင့် ထုတ်ပြန်လိုက်သည်ဟု သတင်းရရှိသည်။
မောင်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ အရ ၂၀၁၈ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် အမိန့်အမှတ် (၅/၂၀၁၈) ဖြင့် ထုတ်ပြန်ခဲ့သည့် ညမထွက်ရ အမိန့်ပုဒ်မ ၁၄၄ မှာ ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် (၂) လပြည့်သွားပြီး ဖြစ်သည်။
သို့အတွက် မောင်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ပြစ်မှုဆိုင် ရာကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ကို အမိန့်အမှတ် (၆/၂၀၁၉)ကို ထုတ်ပြန်ခြင်း ဖြစ်သည်။
ည ၁၀ နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီအချိန်ထိ ညမထွက်ရအမိန့်ကို မောင်တောမြို့အတွင်း မောင်တောမြို့ နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်ကားပေါ် အသံချဲ့စက်တင်ကာ လိုက်လံကြော်ငြာခဲ့သည်ဟု သိ ရသည်။
မောင်တောမြို့နယ် တွင် ညမထွက်ရ အမိန့်ကို ၂၀၁၇ သြဂုတ် ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်မှုဖြစ်စဉ်အပြီးတွင် တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူများအေးချမ်း စွာနေ ထိုင်ရေးအတွက် မောင်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ အရ ထုတ်ပြန်ခဲ့သည်။
ယခုအချိန်တွင် တရားဥပဒေစိုးမိုးမှုရရှိစေရေးအတွက် တပ်မတော်နှင့်လုံခြုံရေးအဖွဲ့အစည်းများမှဥပဒေနှင့် အညီဆက်လက်ဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်သည့်အတွက် (ပုဒ်မ-၁၄၄)အမိန့်ထုတ်ပြန်ခြင်းအား ဆက်လက်ထုတ်ပြန်ရန် လိုအပ်ကြောင်း ဖော်ပြသည်။
၎င်းအမိန့်တွင် မောင်တောမြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့သွားရာလမ်း ၊လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်)အများပြည်သူနှင့်ဆိုင်သော ဗလီ၊ ကျောင်းနေရာများတွင်(၅) ဦး(သို့မဟုတ်) (၅) ထက်ပိုသောသူများ စုဝေးခြင်းမပြုလုပ်ရဟု ဖော်ပြထားသည်။
(ဓာတ်ပုံ- မောင်တောခရိုင်မီးသတ်ဦးစီးမှူးရုံး)

Link : Here
No comments:
Post a Comment