DVB
By ဒီဗွီဘီ
21 April 2019
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ညမထွက်ရအမိန့် ၁၄၄ အား ကျူးလွန်ဖောက်ဖျက်တဲ့ အမျိုးသား ၂ ဦး ကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ကျောက်တော်မြို့မ ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဧပြီ ၂၀ ရက်နေ့ ည ၁၀ နာရီကျော်အချိန်မှာ သူတို့ကို အပြင်မှာတွေ့လို့ ပုဒ်မ ၁၄၄ ကို ကျူးလွန်ဖောက် ဖျက်တဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုကာ ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်ထားပါတယ်” လို့ ပြောပါ တယ်။

ကျောက်တော်မြို့မှာ အခုဖမ်းဆီးမှုဟာ ဧပြီလအတွင်း ဒုတိယမြောက်ဖြစ်ပြီး ပထမအကြိမ်တုန်းကလည်း ၂ ဦး ဖမ်းဆီး အမှုဖွင့်ခံထားရပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စမြို့နယ် ၅ ခုမှာ ညမထွက် အမိန့်ကို ဧပြီ ၁ ရက်နေ့ကစပြီး ၂ လတာ ထုတ်ပြန်ထားတာပါ။
ညမထွက်ရအမိန့် ၁၄၄ အရ ည ၉ နာရီကနေ နောက်တနေ့မနက် ၅ နာရီအထိ ဖြစ်ကြောင်း ဖော်ပြထား ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ရဲကင်းတွေ အတိုက်ခိုက်ခံရတာ၊ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေ ဖြစ်နေတာ ကြောင့် ဒေသတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ညမထွက်ရအမိန့် ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။
Link : Here
No comments:
Post a Comment