VOA
ဗွီအိုအေ (မြန်မာဌာန)
ဗွီအိုအေ (မြန်မာဌာန)
02 မေ၊ 2020
ဧပြီ ၅ ရက်နေ့တုန်းက မလေးရှားပင်လယ်ပြင်အတွင်း အဖမ်းခံရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ
မလေးရှားနိုင်ငံကို အဝင်မခံပဲ ပြန်မောင်းထုတ်လိုက်လို့ ပင်လယ်ပြင်ထဲမှာ မျောနေရတဲ့ ရိုဟင်ဂျာ ဒုက္ခ သည်တွေကို လူသားချင်းစာနာတဲ့ အနေနဲ့ မလေးရှားအစိုးရက ခိုလှုံခွင့် ပေးသင့်တယ်လို့ Refugees International အဖွဲ့က တောင်းဆိုလိုက်တဲ့ အကြောင်းကို ကို ဥာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ရာဂဏန်းရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ လှေ(၃)စင်းနဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး မလေးရှားနိုင်ငံကို သွား ရောက်ခဲ့ကြ ပေမဲ့ ၊ မလေးရှား ရေပိုင်နက်ထဲရောက်ချိန်မှာ အာဏာပိုင်တွေက သူတို့ကို အဝင်မခံပဲ တားဆီး နှင်ထုတ်လိုက်တာကြောင့် လှေပေါ် ပါသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ပင်လယ်ပြင်ထဲမှာ အသက်အန္တ ရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်အရေး ကူညီ ဆောင်ရွက်နေတဲ့ Refugees International (RI) အဖွဲ့ က ပြောပါတယ်။