Thursday, April 30, 2020

ပါမောက္ခ ယန်ဟီးလီ တာဝန်ထမ်းဆောင်မှု နောက်ဆုံးနေ့ နှုတ်ဆက်စကား

VOA
ဗွီအိုအေ (မြန်မာပိုင်း)
30 ဧပြီ၊ 2020 
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးစုံစမ်းရေးမှူး Yanghee Lee (မတ် ၁၃၊ ၂၀၁၇)
 
မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တာဝန်ကို စိတ်မသက်မ သာနဲ့ ဒီကနေ့ အဆုံးသတ်ပါတယ်လို့ အထူးကိုယ်စားလှယ် Yanghee Lee ကသူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံ ဦးတည်သွားနေတဲ့လမ်းကြောင့် စိတ်မကောင်းဖြစ်ရတယ်၊ ပြည်သူတွေ ဒုက္ခခံစားနေရတာကို ခွင့်ပြုနေတဲ့ အစိုးရအပေါ် စိတ်ဆိုးတယ်၊ တရားမ ျှတမှုနဲ့ တာဝန်ခံမှုရှိအောင် နိုင်ငံတကာအသိုင်းအဝိုင်းက မလုပ်တဲ့အပေါ် စိတ်ပျက်တယ်၊ အပြစ်ရှိသူတွေ အပြစ်က ကင်းလွတ်နေအောင် လုပ်ခွင့်ပေးနေတယ်လို့ Yanghee Lee က ရေးထားသလို နောက်တစ်ခေါက် ဆိုးဝါးတဲ့ ပြဿနာကြီး ထပ်ပေါ်လာခဲ့ရင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဘယ်လိုပြောကြဦးမှာလဲ၊ နောက်ထပ် ဒါမျိုး မဖြစ်စေရဘူးလို့ ထပ်ပြောကြဦးမှာလားလို့ မေးခွန်းထုတ်ထားပါတယ်။ 


ျမြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် သူ့တာဝန်နောက်ဆုံးနေ့မှာ သူ့လုပ်ငန်းတွေ အပေါ် ထောက်ခံသူတွေကို ကျေးဇူးတင်ထားသလို မြန်မာနိုင်ငံအတွက် စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်နေကြ သူတွေနဲ့ တွေ့ ဆုံခွင့်ရခဲ့တာ အခွင့်ထူးဖြစ်တယ်လို့လည်း ဖော်ပြပြောထားပါတယ်။

သူ့ရဲ့စိတ်ထဲမှာ မြန်မာပြည်သူတွေ အမြဲရှိနေမှာဖြစ်ပါတယ်လို့ Yanghee Lee ကသူ့ရဲ့ Facebook စာမျက်နှာ မှာ နှုတ်ဆက်ရေးသားထားပါတယ်။

Yanghee Lee ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၂၀၁၄ ခုနှစ်မှာ စတင်တာဝန်ပေးခဲ့ပြီး သက်တမ်း နှစ်ကြိမ်တိုးခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့နယ်မြေရှင်းလင်းမှုတွေမှာ ရိုဟင်ဂျာ တွေအပေါ် ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တဲ့အကြောင်း အစီရင်ခံစာတွေ ထုတ်ပြန်တဲ့အ တွက် မြန်မာအစိုးရဘက်က သူ့ကို ပြည်ဝင်ခွင့် ပိတ်ခဲ့သလို သူနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ရပ်ခဲ့ ပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုလည်း မြန်မာအစိုးရက လက်မခံပါဘူး။

Yanghee Lee ဟာ ၂၀၁၇ ဒီဇင်ဘာမှာ ပြည်ဝင်ခွင့်တားမြစ် မခံရခင်အထိ မြန်မာနိုင်ငံကို ၆ ကြိမ်သွားရောက် ခဲ့ဖူးပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။

သူ့နေရာမှာ အမေရိကန်အောက်လွှတ်တော်အမတ်ဟောင်း Tom Andrews ကို တာဝန်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီက ရွေးချယ်ထားပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */